နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ကြိုဆိုကြသည့် ပြည်သူများ၏အ

 

ဦးတင်ဆွေ ဒုတိယဥက္ကဌ
ဒီမိုကရက်တစ်ပါတီ(မြန်မာ)
***************************
ငါတို့မြန်မာတွေသည် လုပ်နိုင်တယ်။ လုပ်နိုင် တဲ့သူကို မလုပ်နိုင်တဲ့သူက ဂုဏ်ပြုရတာ ဒါမင်္ဂလာ ပဲ။ ဒါကြောင့် ဂုဏ်လည်းယူတယ်။ မြန်မာတွေ ဒီလိုရခဲ့တယ်။ တစ်ချိန်က အဓိပတိဒေါက်တာ ဘမော်က ဂျပန်ဘုရင်ကိုယ်တိုင် ကင်ဒိုကေပေးတဲ့ လည်ဆွဲဆုကြီးတောင်ရခဲ့တယ်။ အခုလည်း တို့ရဲ့ သမ္မတကြီး၊ ၂ဝ၁ဝ အရွေ့ကြောင့် သမ္မတကြီးက ဒီဆုကိုရတယ်ဆိုတော့ မြန်မာနိုင်ငံသားအနေနဲ့လည်း ဂုဏ်ယူတယ်။ နိုင်ငံရေးသမားတွေအနေနဲ့လည်း ဂုဏ်ယူတယ်။
==============================================
ကိုမင်းမင်း
လှိုင်သာယာမြို့နယ်
********************
နောက်ပြန်လာရင်သွားကြိုကြပါစို့ဆိုတဲ့စာတန်း လေးကိုလည်း သဘောကျတယ်။ ကျွန်တော်ကိုယ် တိုင်လည်း သမ္မတကြီးကိုချစ်တယ်။ ချစ်တဲ့အတွက် ကြောင့် ကျွန်တော် သမ္မတကြီးပုံပါတဲ့အင်္ကျီတောင် ဝတ်ထားတယ်။ လှိုက်လှိုက်လှဲလှဲနဲ့ကို လာကြိုဆို တာပါ။ ဆုရတဲ့အပေါ်မှာပြောချင်တာက ဆုဆိုတာ သန့်သန့်ရှင်းရှင်းနဲ့ပေးတာလည်းရှိတယ်။ မသန့် မရှင်းနဲ့ပေးတာလည်းရှိတယ်။ ဒီဆုသည်သမ္မတကြီး ရဲ့လုပ်ဆောင်ချက်အမှန်ကိုသိပြီး သန့်သန့်ရှင်းရှင်းနဲ့ ရတဲ့ဆုတစ်ခုဖြစ်လို့ ပိုပြီးတော့ဂုဏ်ယူတယ်။

Union daily