ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ စက်ရေတွင်းများလှူဒါန်း

 

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင် သောအစိုးရအဖွဲ့မှ ယခင် သမ္မတ၊ ဒုတိယသမ္မတများနှင့် အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ လစာချီးမြှင့်ငွေများထဲမှ စုဆောင်း ငွေများဖြင့် ဖွဲ့စည်းထားသော ”ရာဇ သင်္ဂဟဖောင်ဒေးရှင်း”မှ ၄ဒဒ စက် ရေတွင်း၊ ရေစုပ်စက်တစ်စုံ၊ ရေဂါ လန် ၁ဝဝဝဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံကာလတန်ဖိုး တစ်တွင်း လျှင် ကျပ်သိန်း ၅ဝတန်ဖိုးခန့်ရှိ စက်ရေတွင်းနှစ်တွင်းတို့ကို ယမန်နေ့ နံနက် ၉နာရီခွဲတွင် ဥတ္တရသီရိ မြို့နယ် မိုးစွေကျေးရွာအုပ်စုလဲဝန်း ကျေးရွာတွင်လည်းကောင်း၊ ¤င်း နောက် ၁၁နာရီခွဲတွင် လယ်ဝေး မြို့နယ် ရှမ်းစုကျေးရွာအုပ်စု ရှမ်းစု အနောက်ရွာရှိ အခြေခံပညာမူလ တန်းလွန်ကျောင်းတို့၌ ဖွင့်လှစ် လှူဒါန်းပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီနာယက နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်သည် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပံ္ပ(ERIA) မှ ချီးမြှင့်သည့်Grand Prize of 3rd Asia Cosmopolitan Awards 2017၂ဝ၁၇ ဆုကို ဂျပန်နိုင်ငံ နာရာမြို့ တွင် ယခုလ ၁၅ရက်က ကျင်းပ သည့် နာရာဖိုရမ် အခမ်းအနား၌ ဆုရရှိပြီး မိန့်ခွန်းပြောကြားရာတွင် ”၂ဝ၁၁ ခုနှစ် ကျွန်တော်တို့အစိုးရ တက်စက တိုင်းပြည်ရဲ့ ဆင်းရဲနွမ်း ပါးမှုနှုန်းဟာ ၂၆ရာခိုင်နှုန်းနှင့် ၃ဝ ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ အများစုဟာ ကျေးလက်မှာနေတဲ့ ပြည်သူတွေဖြစ်ပြီး လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းခန့်ရှိပါတယ်။ဒါကြောင့် ကုလသမဂ္ဂရည်မှန်းချက်နှင့်အညီ ဆင်းရဲနွမ်းပါးနှုန်း လျှော့ချနိုင် အောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံ ချက်ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု အထက်ပါအတိုင်း ပြောကြားခဲ့ သလို ယခုရာဇသင်္ဂဟဖောင်ဒေးရှင်း အနေဖြင့်လည်း ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာ ရေး၊ သောက်သုံးရေရရှိရေးစသည့် အခက်အခဲများကို တတ်နိုင်သည့် ဘက်မှကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းကို ရာဇသင်္ဂဟဖောင်း ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က လှူဒါန်းပွဲအခမ်းအနားတွင် ရှင်း လင်းပြောကြားခဲ့ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာ အုပ်စု လဲဝန်းကျေးရွာနှင့်လယ်ဝေး မြို့နယ် ရှမ်းစုကျေးရွာအုပ်စု ရှမ်းစု အနောက်ရွာရှိ အခြေခံပညာမူလ တန်းလွန်ကျောင်းတွင် လေးလက်မ စက်ရေတွင်း ရေဂါလန် ၁ဝဝဝဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံကို ဦးမျိုးညွန့်က ကျေးရွာများသို့ ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာသူ ကျေးရွာသားများက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ စက်ရေတွင်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ ရာဇသင်္ဂဟဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ခိုင်ဖြိုး ပါတီ ပြည်ထောင်စုနယ်မြေအတွင်း ရေးမှူး ဦးဌေးဝင်း၊ ပြည်ခိုင်ဖြိုး ပါတီ၊ နေပြည်တော်ခရိုင် ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီ ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီမြို့နယ် ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ ကျေးရွာသူကျေးရွာသားများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)