အိုင်အက်စ်ကို တိုက်ရန် အမေရိကန်နှင့် အင်အားကြီးနိုင်ငံများ လစ်ဗျားတပ်ကို လက်နက်များ ပေးမည်

_89707913_89707912

ထရီပိုလီ၊ မေ ၁၇

လစ်ဗျားရှိ ကုလသမဂ္ဂကျောထောက်နောက်ခံပြုသည့် ညွန်ပေါင်းအစိုးရ၏ အိုင်အက်စ်အုပ်စုအား တိုက်ခိုက်ရာတွင် အမေရိကန်နှင့် အခြားကမ္ဘာ့အင်အားကြီး နိုင်ငံများက လက်နက်ထောက်ပံ့ ပေးရန် အဆင်သင့်ရှိကြောင်း ပြောသည်။

ကုလသမဂ္ဂ၏ လက်နက်ကုန်သွယ်ခွင့်ပိတ်ထားခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည့် လစ်ဗျားအား ကမ္ဘာ့ အင်အားကြီးနိုင်ငံများအနေဖြင့် ထောက်ခံသွားမည် ဖြစ်ကြောင်း ဗီယင်နာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောခဲ့သည်။

အိုင်အက်စ်အဖွဲ့သည် လစ်ဗျားအား ခြိမ်းခြောက်နေပြီး ယင်းကို အဆုံးသတ်ပစ်ဖို့ အလွန်အရေးကြီးကြောင်း ၎င်းက ပြောသည်။

ထိုးစစ်ရပ်တန့်အောင် မလုပ်နိုင်ပါက အိုင်အက်စ်တို့က နိုင်ငံ၏ နေရာများစွာကို ၀ါးမြိုသွားတော့မည်ဖြစ်ကြောင်း လစ်ဗျားအစိုးရက ပြီးခဲ့သည့်လက သတိပေးသည်။

“လစ်ဗျားကြားဖြတ်အစိုးရကသာ နိုင်ငံကို စည်းလုံးနိုင်မှာဖြစ်ပါတယ်။ ဒီအစိုးရကို ထောက်ခံပေးဖို့က အရေးကြီး ပါတယ်။” ဟု ဂျွန်ကယ်ရီက နိုင်ငံတကာ မိတ်ဖက်များနှင့်   တွေ့ဆုံဆွေးနွေးမှုတွင်   ပြောကြားခဲ့သည်။

လစ်ဗျားအတွက် လက်နက်ကုန်သွယ်မှုပိတ်ပင်ထားခြင်း လွတ်ကင်းခွင့်ကို အတည်ပြုနိုင်ရေးအတွက် ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီ၏ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။

-Ref; BBC


Leave a Reply