ပခုက္ကူခရိုင်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကျင်းပ

 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တိုင်းပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်း ရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့နှင့် ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကို ဒီဇင်ဘာ (၁၃) ရက် နံနက် (၁၀း၃၀) နာရီတွင် ပခုက္ကူခရိုင်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် များဖြစ်ကြသော ဦးစောဝင်းမောင်၊ ဦးဟန်မောင်၊ ဦးအောင်နိုင်၊ ဦးကျော်သူဦး၊ ဦးအောင်နိုင်၊ ဦးသော်ဇင်ဦး၊ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ပခုက္ကူခရိုင်တွင်းရှိ (၅) မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ ပခုက္ကူမြို့နယ် ကော်မတီ ဝင်များ၊ အရံ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တက်ရောက်လာသော ကော်မတီဝင်များမှ မိမိတို့ သဘောထား အမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း၊ တိုင်းပါတီ ကော်မတီဝင်များမှ ရေးရာကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကြပြီး တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးမှ ၂၀၂၀ ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အောင်နိုင်ရေးအတွက် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားကာ နေ့လည် (၁) နာရီခွဲ အချိန်တွင် တွေ့ဆုံပွဲအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

yawminthar(pku)


Leave a Reply