VLC media player တွင် ၃၆၀ ဒီဂရီ ဗီဒီယိုများ ကြည့်ရှုနိုင်မည်

မည်သည့် platform ပေါ်တွင်မဆို ဗီဒီယို format များအားလုံးကို ကြည့်ရှုနိုင်စေမည့် VLC app တွင် ၃၆၀ ဒီဂရီ ဗီဒီယိုအထောက်အပံ့ ပါဝင်လာပြီဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၎င်း၏ desktop app တွင် ၃၆၀ ဒီဂရီ ဗီဒီယိုများ ကြည့်ရှုနိုင်ရန် technical preview တစ်ခုကို ဖြန့်ချိပေးခဲ့သည်။ အဆိုပါ preview ကို လက်ရှိတွင် Windows နှင့် Mac အတွက် ဖြန့်ချိပေးထားပြီး full version ကိုမူ VLC 3.0 နှင့်အတူ ယခုလကုန်တွင် ဖြန့်ချိသွားဖွယ်ရှိသည်။

vlc

VLC ကို ဖန်တီးသည့် VideoLan သည် ၃၆၀ ဒီဂရီ ကင်မရာကုမ္ပဏီ Giroptic နှင့် ပူးပေါင်းကာ ဓာတ်ပုံများ၊ panorama များနှင့် ဗီဒီယိုများ ဖော်ပြပေးနိုင်မည့်စနစ်ကို ဖန်တီးခဲ့သည်။ သုံးစွဲသူအနေဖြင့် mouse နှင့် keyboard ကို အသုံးပြုကာ ဗီဒီယိုရှိ မြင်ကွင်းကို ထိန်းချုပ်နိုင်သည်။

၎င်း feature များကို ကုမ္ပဏီ၏ မိုဘိုင်း app များတွင်လည်း ပြုလုပ်နိုင်ပြီး သုံးစွဲသူများက ထုတ်ကုန်များရှိ accelerometer ကို ရွေ့လျားခြင်းဖြင့် ဗီဒီယိုများကို ကြည့်ရှုနိုင်သည်။ ထို့အပြင် Oculus Rift, Google Daydream နှင့် HTC Vive စသည့် VR headset များအတွက် အထောက်အပံ့ကို ၂၀၁၇ ခုနှစ်တွင် ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း VideoLan မှ ပြောကြားခဲ့သည်။

အလားတူ head tracking headphone များအပါအဝင် ၃၆၀ ဒီဂရီ အသံစနစ်အထောက်အပံ့ကို ရရှိနိုင်မည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ လုပ်ဆောင်ချက်ရရှိနိုင်မည့်အချိန်ကိုမူ ရှင်းလင်းစွာ ပြောကြား ခဲ့ခြင်း မရှိပေ။

Ref: Engadget


Leave a Reply