4G ဆယ်လူလာ ကွန်ရက်များတွင် DoS တိုက်ခိုက်မှု ပြုလုပ်နိုင်သော အန္တရာယ် ရှိဟုဆို

ဟက်ကာများအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ 4G ဆယ်လူလာကွန်ရက်များအား denial-of-service တိုက်ခိုက်မှုများ မည်သို့ ပြုလုပ်နိုင်ပုံကို Black Hat Europe ကွန်ဖရင့်တွင် သုတေသီတစ်ဦးက လက်တွေ့သရုပ်ပြသခဲ့သည်။

4g-lte

Bell Labs Nokia မှ လုံခြုံရေးကျွမ်းကျင်ပညာရှင် ဒေါက်တာဆီကီဟို့လ်မန်းလ်က 4G/LTE မိုဘိုင်းကွန်ရက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားခဲ့သည်။ မိုဘိုင်းဆက်သွယ်ရေးတွင် တစ်ကမ္ဘာလုံး လျှို့ဝှက်စောင့်ကြည့် ခြင်းနှင့် အမြတ်ထုတ်မှုများကြောင့် မိုဘိုင်းအော်ပရေတာများမှာ 2G နှင့် 3G ကွန်ရက်များကို 4G/LTE သို့ အဆင့် မြှင့်တင်နေကြသည်။

မိုဘိုင်းကွန်ရက်များမှ Signaling System 7 (SS7) ကဲ့သို့ နည်းပညာပိုင်း feature ကို အလွဲသုံးစားပြုလုပ်၍ သုံးစွဲသူ၏ ဆယ်လူလာ လုပ်ဆောင်ချက်များကို ခြေရာခံခြင်း၊ နောက်ယောင်ခံခြင်းနှင့် ကြိုးကိုင်ခြင်းတို့ ပြုလုပ်နိုင် သည်။ တချို့ SS7 ဖြစ်ရပ်များတွင် ဖုန်းပြောဆိုမှုများ ခိုးနားထောင်ခြင်း၊ SMS ကြားဖြတ်ဖတ်ရှုခြင်း၊ အယောာင် ဆောင်ခြင်း စသည့်ကိစ္စများ ပါဝင်နေသည်။

LTE ကွန်ရက်များတွင် လှိုင်းများပေးပို့ရန် Diameter protocol ကိုအသုံးပြုထားသည်။ ၎င်းမှာ ကွန်ရက်နှင့်သုံးစွဲသူ များအတွက် ပိုမိုကာကွယ်ပေးနိုင်ကြောင်း သိရသည်။ မိုဘိုင်းကွန်ရက် အော်ပရေတာအများစုက LTE/ diameter အခြေခံ protocol မှာလုံခြုံရေး ပြဿနာများအားလုံးကို ကာကွယ်ပေးနိုင်ကြောင်း ယုံကြည်လျက်ရှိသည်။

သို့သော်လည်း လုံခြုံရေးပြဿနာမှာ ဆက်လက်ရှိနေကြောင်း ဒေါက်တာဆီကီဟို့လ်မန်းလ်က ပြောကြားခဲ့သည်။ LTE ကွန်ရက်ပေါ်ရှိ tablet, gadget နှင့် ဖုန်းများကို ထိခိုက်စေသည့် DoS တိုက်ခိုက်မှု အမျိုးအစားများကို ဟို့လ်မန်းစ် ရှင်းပြခဲ့သည်။

DoS တိုက်ခိုက်မှုဖြင့် Cancel Location Request (CLR) အသုံးချ၍ သုံးစွဲသူကို ကွန်ရက်မှ ရှင်းလင်းပစ်ရန် မိုဘိုင်းစီမံခန့်ခွဲမှု (MME) သို့ home subscriber service (HSS) ပေးပို့သည်။

ဒုတိယတစ်ခုမှာ Insert Subscriber Data Request (IDR) အသုံးပြု၍ ဒေသတစ်ခုအတွင်းရှိ မည်သည့် သုံးစွဲသူကိုမဆို ထိရောက်အောင် တိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းဖြစ်သည်။

Update Location Request (ULR) ကိုအသုံးချကာ သုံးစွဲသူ၏ တည်နေရာပြောင်းရွှေ့မှုကို သတင်းပေးနိုင်သည်။ သုံးစွဲသူမှာ ကွန်ရက်အပြင်သို့ ရောက်ရှိသော်လည်း ကြီးမားသော ထိခိုက်မှု မရှိပေ။ သုံးစွဲသူများသည် ဖုန်းကို ပိတ်၍ ကွန်ရက်နှင့် ပြန်လည်ချိတ်ဆက်သည်။# Internet Journal


Leave a Reply