ဟင်္သာတမြို့၊ ညောင်ပင်ရပ်၊ အလယ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်းဆောင်ရွက်သည့် ညောင်ပင်ရပ်၊ အလယ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီ (၁၅)မိနစ် အချိန်တွင် ကျင်းပပြုလုပ်ရာ ဟင်္သာတမြို့၊ ညောင်ပင်ရပ် ဆွမ်းလောင်းဓမ္မာရုံလမ်း ဖြစ်မြောက်ရေး မတည်အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင်နိုင်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေ ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။

new-picture-1

ဦးစွာ ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးတင်နိုင်လင်း၊ ဟင်္သာတမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဒေါ်ခင်မြတ်မော်၊ ဟင်္သာတခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးညွန့်လှိုင်၊ ရပ်မိရပ်ဖ ဦးမြင့်သိန်းဦး တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု့သည်။

new-picture-4

ထို့နောက် အလှူရှင်များကိုယ်စား  ပြည်ခိုင်ဖြိုးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် ယခုဖွင့်လှစ်သည့် ကွန်ကရစ်လမ်း တည်ရှိသည့် ညောင်ပင်ရပ် ဇာတိဖြစ်ကြောင်း၊ ယခင်က ညောင်ပင်ရပ်အလယ်လမ်းအား ကတ္တရာလမ်းအဖြစ်ခင်းပေးခဲ့ဘူးကြောင်း၊ အဆိုပါကတ္တရာလမ်းမှာ ပျက်စီးခဲ့သဖြင့် ပိုမိုကောင်း မွန်သည့် ကွန်ကရစ်လမ်း ဖြစ်စေချင်ခဲ့ကြောင်း၊ ရပ်ကွက်သူ/ရပ်ကွက်သားများမှလည်း ကွန်ဂရစ်လမ်း ဖြစ်စေလိုကြောင်း  သို့ဖြစ်၍ ကွန်ကရစ်လမ်းဖြစ်မြောက်ရေးတွက် မတည်ငွေအဖြစ် လှူဒါန်းပေးခဲ့ကြောင်း၊ ခရိုင်အုပ်ချုပ် ရေးမှူးမှလည်း ရပ်ကွက်သူ ရပ်ကွက်သားများနှင့် လမ်းဖြစ်မြောက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း ရပ်ကွက် သူရပ်ကွက်သားများနှင့် စေတနာရှင်များကလည်း ကွန်ဂရစ်လမ်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြ ကြောင်း၊ လမ်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြသော  ခရိုင်/မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်ကြသူအားလုံးအား ကျေးဇူးတင်ရှိကြောင်း၊ လမ်းအရှည်ခိုင်မြဲရေးအတွက်လည်း ဝိုင်းဝန်းထိမ်းသိမ်းကြရန် လိုကြောင်း၊ ဆက်လက်၍လည်း ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီးနှင့်နိုင်ငံတော်၏ အကျိုးအတွက် ရည်မှန်းချက်တူသူများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လမ်းဖြစ်မြောက်ရေးဆောင်ရွက်ချက်များအား ဟင်္သာတမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးတင်နိုင်လင်းကတင်ပြခြင်း၊ လမ်းဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်မြတ်ကျော်က ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် လမ်းကုန်ကျစရိတ်စာရင်းရှင်းတမ်းအား လမ်းဖြစ်မြောက်ရေးကော်မတီ ဘဏ္ဍာရေးမှူး ဦးလှဌေးက ဖတ်ကြားခဲ့သည်။

ထို့နောက် လမ်းဖြစ်မြောက်ရေးကော်မတီမှ အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် အလှူရှင်များက လက်ခံရယူသည်။

အဆိုပါ ညောင်ပင်ရပ်၊ အလယ်လမ်း ကွန်ကရစ်လမ်းသစ်မှာ အရှည်(၂၉၃၂)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉) လက်မရှိပြီး၊ လွန်ခဲ့သော တစ်နှစ်တာကာလမှစ၍ ဟင်္သာတခရိုင် အုပ်ချုပ် ရေးမှူး၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးကာ စည်ပင်သာယာမှထည့်ဝင်ငွေ စေတနာရှင်များ၊ ရပ်ကွက်သူရပ်ကွက်သားများ စုစုပေါင်း ထည့်ဝင်ငွေ များဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ လမ်းကော်မတီအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Leave a Reply