ဘရာဇီးနိုင်ငံတွင် ရွေးကောက်ပွဲလှုံ့ဆော်မှုအတွင်း ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံး

14528415_1247890198568461_698024271_n

ဘရာစီလီယာ စက်တင်ဘာ ၂၉

လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပမည့် မြူနီစပယ် ရွေးကောက်ပွဲများအတိုင်မီ ဘရာဇီးနိုင်ငံ အလယ်ပိုင်းတွင် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သော လူထုလှုံ့ဆော်မှုအတွင်း ပစ်ခတ်တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၃ ဦးသေဆုံးပြီး လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြို့ကောင်စီအတွက် အမတ်လောင်းတစ်ဦးနှင့် လုံခြုံရေးအစောင့်တစ်ဦးကို ပစ်ခတ်ခဲ့သော အသက် ၅၃ နှစ်အရွယ် ယာဉ်မောင်းသမားမှာ ဒုတိယမြို့တော် အုပ်ချုပ်ရေးမှူး ဂျိုးဆေး အီလ်တန်၏ ကိုယ်ရံတော်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း အီတွမ်ဘီအာရာမြို့မှ တာဝန်ရှိသူများကပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် မကြာသေးမီလများအတွင်း ရီယိုဒီဂျနေယိုမြို့ပြင်ပတွင် ဒေသတွင်းနိုင်ငံရေး သမားများကို တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ မြို့တော်ဝန်ဖြစ်ရန် ဦးဆောင်နေသူ အီလ်တန်သည် ၀မ်းဗိုက်သို့ ပစ်ခတ်ခြင်းခံခဲ့ရပြီးနောက် သူ့ကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း အခြေအနေကို မသိရှိရသေးကြောင်း သိရသည်။

Ref:AFP


Leave a Reply