ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ပီအက်စ်ဂျီ နောက်ခံလူ ထောင်ဒဏ်ချမှတ်ခံရ

14508696_1246245928732888_1026067885_n

ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ နောက်တန်းကစားသမား ဆာဂျေ အုရေးကို တရားရုံးက စက်တင်ဘာ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။

ပီအက်စ်ဂျီ နောက်တန်းကစားသမားဟာ ပြီးခဲ့တဲ့ မေလက ပဲရစ်ညကလပ်တခုမှာ ရဲအရာရှိကို တံတောင်နဲ့ တွက်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီအတွက် ဒဏ်ငွေအဖြစ် ဒေါ်လာ ၆၀၀ ကျော် ပေးဆောင် ရမှာပါ။

အသက် ၂၃ နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင်ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူ့အနေနဲ့ ထောင်ဒဏ်နဲ့ပတ်သက်လို့ အယူခံဝင်နိုင်မှာ ဖြစ်ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ကတော့ မနက်အရုဏ်မတက်ခင်မှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ပီအက်စ်ဂျီ နောက်တန်းလူ အုရေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း နည်းပြဟောင်း လောရန့်ဘလန့်ကို စော်ကား တဲ့ စကားတွေ ပြောဆိုခဲ့လို့ သီတင်းပတ်ပေါင်းများစွာ ဘောလုံးကစားဖို့ အသင်းကနေ ပိတ်ပင်တာခံရဖူးတယ်လို့ သိရပါတယ်။

DVB


Leave a Reply