ပထမဆုံးသော လေကြောင်းပြပွဲ ပြုံယမ်း၌ ကျင်းပ

14463765_1245415618815919_1562054717_n

မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးသော လေကြောင်းပြပွဲ ( Wonsan International Friendship Air Festival) ကို ဝန်ဆန်မြို့ရှိ ပြန်လည်မွမ်းမံထားသော ကယ်လ်မာနိုင်ငံတကာလေဆိပ်တွင် စက်တင်ဘာ ၂၄ ရက်က ကျင်းပ ခဲ့ကြောင်း သတင်းများအရ သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အဆိုပါလေကြောင်းပြပွဲတွင် ကိုရီးယားပြည်သူ့စစ်တပ်ဖွဲ့နှင့် နိုင်ငံပိုင် အဲကော်ရိုး လေကြောင်းလိုင်းတို့မှ လေယာဉ်အစင်း၂ဝ ကျော်နှင့် ပြုံယမ်း လေကြောင်းကလပ်၏ လေသူရဲများ ပါဝင်ပြသခဲ့သည်။ အဆိုပါလေကြောင်းပြပွဲတွင် ပြည်တွင်း၊ ပြည်ပမီဒီယာများအား လွတ်လပ်စွာ သတင်းယူခွင့် ပေးခဲ့ကြောင်း သိရသည်။
ယင်းလေကြောင်းပြပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အခြားသော ထိပ်တန်းအရာရှိများ တက်ရောက်ခြင်းမရှိခဲ့ပေ။
ကမ္ဘာ့လှည့်ခရီးသွားများက မိနစ်သုံးဆယ်ကြာ လေယာဉ်အလှပြ စီးနင်းခွင့်ရရှိခဲ့ပြီး လေသူရဲများနှင့်အတူ လေထီး ခုန်ချခြင်း အတွေ့အကြုံသစ်များ ရရှိခဲ့ကြသည်။ လေကြောင်းပြပွဲတွင် ပါဝင်ပြသခဲ့သည့် လေယာဉ်အများစုမှာ ရုရှားနိုင်ငံထုတ်လေယာဉ်များဖြစ်ပြီး ပြပွဲကို နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

NHK


Leave a Reply