တိုင်း/ခရိုင်ပါတီကော်မတီဝင်များနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို စက်တင်ဘာ (၂၂) ရက် နေ့လည် (၁) နာရီမှ (၃) နာရီအထိ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စိုး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီခေါင်းဆောင်နှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား (၉၈) ဦး တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် ရပ်ကွက်/ကျေးရွာအလိုက် ခေါင်းဆောင်တစ်ဦးစီမှ ရပ်ကွက် အခြေအနေများအား တင်ပြကြခဲ့ကြပြီး ရှင်းလင်းတင်ပြချက်များအပေါ် မြို့နယ် ပါတီဥက္ကဌ ဦးခင်ဝင်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီ ကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင် ပါတီ ဥက္ကဌ ဦးစိန်မြင့်တို့က အမှာစကားပြောကြားပေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအားအသေးစိတ် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

ဇင်မင်းထွန်း


Leave a Reply