ဆင်းရဲနွမ်းပါးသူများအတွက် နိုင်ငံတော်ကပေးအပ်သည့် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားနိုင်

၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ် ပထမနှစ် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ဆင်းရဲနွမ်းပါးမှု ကြောင့် တက္ကသိုလ်ပညာသင်ကြားရန် အခက်အခဲရှိပါက နှစ်စဉ် တစ်လလျှင် ငွေကျပ်သုံးသောင်းကို နိုင်ငံတော်က တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးအဖြစ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။

ထိုသို့ နိုင်ငံတော်က ပေးအပ်သည့် တက္ကသိုလ်ပညာသင ထောက်ပံ့ကြေးဆုကို နှစ်စဉ် စာမေးပွဲကျရှုံးခြင်း မရှိပါက ဘွဲ့ရပြီးသည်အထိ ချီးမြှင့်မည်ဖြစ်ရာ တက္ကသိုလ် ပညာသင်ကြားရန် အခက်အခဲရှိသည့် မည်သူမဆို လျှောက်ထား နိုင်ကြောင်းသိရပြီး တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားရန် လျှောက်လွှာများကို ၀င်ခွင့်လမ်းညွှန် စာအုပ်တို့ဖြင့် ပူးတွဲကာ ထည့်သွင်းပေးထားကြောင်း သိရသည်။

“ပညာသင်ထောက်ပံ့တဲ့ဆုက မိသားစု တစ်အိမ်ထောင်မှာဆိုရင် တစ်ဦးပဲ ပညာသင်ထောက်ပံ့ကြေးကို တစ်လကို ငွေကျပ် သုံးသောင်းနှုန်းနဲ့ ခံစားခွင့်ရှိသလို စာမေးပွဲ ကျရှုံးခဲ့ရင်တော့ ထောက်ပံ့ကြေးဆု ရပ်ဆိုင်းခြင်းကို ခံရမယ်” ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်တွင်ပါရှိသည့် ပညာသင်ဆုလျှောက်လွှာများကို မိမိနေထိုင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး အဆိုပါ ဌာနက စိစစ်ရွေးချယ်၍ အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ တိုက်ရိုက်ပေးပို့မည်ဖြစ်ကြောင်း ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်၌ ထည့်သွင်း ကြေညာထားသည်။

# Tomorrow

 


Leave a Reply