တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများဖြင့်ကွင်းဆင်းတွေ့ဆုံခြင်း

 

မတ်လ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုကော်မတီဝင်၊ ရှမ်း(အရှေ့)အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေ
ထွန်း၊ခရိုင်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း၊ခရိုင်/မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဌများလိုက်ပါ၍ ယမန်နေ့(၂၇.၃.၂၀၁၉)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စုရှိဝမ်ကဲ(၂)ရှမ်းရွာ၊မာမိုတာ(၂)လားဟူရွာ၊နားမွန်းလားဟူရွာ၊မောရှက်လားဟူရွာ၊မောရှက်အရိုးလားဟူရွာ၊ကူလောင်(၁)+ကူလောင်(၂)
လားဟူရွာ၊နမ့်တွန်လားဟူရွာနှင့်ဟွေဆာအာခါရွာများသို့ ကွင်းဆင်းသွားရောက်ခဲ့ကြပြီးဒေသခံပါတီဝင်များဖြင့် ရင်းနီးပွင့်လင်းစွာတွေ့ကြုံခဲ့ကြသည်။

ဆပ်လက်ပြီး သေခံပြည်သူများ၏ လိုအပ်ချက်များ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ပြည်သူများ၏ ကျန်းမာရေး၊လူမူရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး နားမွန်းရွာမှ ကျန်းမာရေးစစ်ဆေးရန် လိုအပ်လျက်ရှိသောလူနာ(၄)ဦးအား ခေါ်ဆောင်လျက်တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ည(၂၀း၀၀)အချိန်တွင်ပြန်လည်ရောက်ရှိခဲ့ကြကြောင်းသိရိ%E

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအ စည်းအဝေးကျင်းပ

 

မတ်လ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် /မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်၊ ရှမ်းအရှေ့အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်း ၊ ခရိုင်အတွင်းရေးမှူး ဦးဟန်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များဖြင့် ယမန်နေ့ (၂၅.၃.၂၀၁၉)နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေဆုံခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီးရေးရာ၏ လှုပ်ရှားနေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပါတီလုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးစည်းရုံးရေးမှူးများ နိုင်ငံရေးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မတ်လ ၂၅

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းဖြတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်
ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင်(၂၅.၃.၂၀၁၉)ရက်နေ့ နံနက်(၈း၄၀)အချိန်၌ ရပ်/ကျေးစည်းရုံးရေးမှူးများ နိင်ငံရေးသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲအ
ခမ်းအနားကို စတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုပါတီကော်မတီဝင် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ၊ပြည်နယ်ပါတီကော်မတီဝင် ဦးအားဖာတို့မှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းဖြတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းမှ သင်းတန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းပြောကြားခဲ့ပါသည်။

မိုင်းခတ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးမွမ်းမံသင်တန်း (၁/၂၀၁၉ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

မတ်လ၁၁

ယမန်နေ့ (၁၁-၃-၂၀၁၉) ရက်နေ့  နံနက် (၉) အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည်။

နိုင်ငံရေးမွမ်းမံသင်တန်း ၁/၂၀၁၉ ရက်တို သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ပါတီအတွင်းရေမှူး ဦးစိုင်းကျော်လှနှင့်မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းမုန့် တို့ မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသို့ ရပ်ကျေးပါတီဥက္ကဌနှင့်အဖွဲ့ ဝင်များ အမျိုးသမီးရေးရာ ကောင်မတီဝင်များ လူငယ်ရေးရာကော်မတီဝင်များမြို့နယ်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား (၅၅) ဦး တက်ရောက်ခဲ့ကြသည်။

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခိုတာကျေးရွာတွင်အားကစားပစ္စည်းလှူဒါန်း ဆပ်ပြာရည်ပြုလုပ်နည်း သင်ကြားပေး

 

မဘိမ်း မတ် ၁၁

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ ပါတီအတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလင်းလင်းတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ခိုတာကျေးရွာတွင် (၁၈)ကြိမ် မြောက် အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ ရည်ပြုလုပ်နည်းကို သင်ကြားပေးခဲ့ရာ အမျိုးသမီး ၃၅ဦး တက်ရောက်ခဲ့ကြသည်။

ကျောက်မဲပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ကျောက်မဲ မတ်လ ၅ ရက်

ကျောက်မဲမြို့ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင် ၂၀၁၉ မတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည် ။

အခမ်းအနားသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမြင့် ကျောက်မဲမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးကောင်းစိန် ၊ ခရိုင်အတွင်းရေးမှူး ဦးသန်းထိုက်ဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးခင်ဇာမောင် အတွင်းရေးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး/ကျေးရွာပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည် ။

မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်

 

မဘိမ်း မတ်လ ၄ရက်
မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ ၁၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံးတွင် ကျင်းပရာ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ပါတီနာယကများ၊ ရပ်ကျေးပါတီဥက္ကဌများ လူငယ်ရေးရာအဖွဲ့ဝင်များ အင်အား ၄၀ ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်ပါတီ အတွင်းရေးမှူးမြို့နယ်ဥက္ကဌတို့က ပါတီစည်းရုံးရေး ပါတီရှေ့လုပ်ငန်းစဉ်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရေးတို့ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် EC လစဉ်ပုံမှန်အစည်းအဝေးပြုလုပ် ကျင်းပ

 

ယမန်နေ့ (၂၆.၂.၂၀၁၉) ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းဖြတ်ခရိုင်နှင့်မြို့နယ် လစဉ်ပုံမှန် EC များ အစည်းအဝေးကို (၁၀) နာရီအချိန်တွင် အစည်းအဝေးကို စတင်ခဲ့သည်။

မိုးမိတ်မြို့နယ်၌ ဒုတိယအကြိမ် စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

 

မိုးမိတ် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် (ဒုတိယ) အကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဆုတောင်းပြည့်ဘုရားဝင်း၌ကျင်းပရာ အသင်းပေါင်း ၁၄ သင်းပါဝင် ဆင်နွှဲကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

အဆိုပါ ထမနဲထိုး ပြိုင်ပွဲတွင် မိုးမိတ်မြို့ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြင့်ဌေးနှင့် မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များနှင့်ပူးပေါင်း၍ တစ်သင်းဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။

သီပေါမြို့ အောင်တော်မူစေတီ ထီးတင်ပွဲ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ ထမနဲထိုး ပြိုင်ပွဲကျင်းပ

 

သီပေါ ဖေဖော်ဝါရီ ၁၈

ယမန်နေ့ (၁၈.၂.၂၀၁၉) ရက်နေ့ မွန်လွဲ ၃း၀၀ နာရီအချိန်က အောင်တော်မူစေတီတော် ဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ထမင်းနဲပြိုင်ပွဲကိုကျင်းပရာ ရပ်ကွက်လုပ်သားပြည်သူများမှ (၁၄) သင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။

ဆက်လက်ပြီး ပြိုင်ပွဲဝင်စဉ်အတွင်း မြန်မာ့ယဉ်ကျေးမူ့အဖွဲ့နှင့် ရှမ်းယဉ်ကျေးမှု့ အဖွဲများကလည်း အိုးစည်ဒိုးပတ်များဖြင့် ကပြဖျော်ဖြေပေးခဲ့ပါသည်။