မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အတည်ပြုရွေးချယ်ခြင်း

 

၂၀၁၇ – ခုနှစ် ၊ စက်တင်ဘာလ(၂၂) ရက်နေ့ ၊ မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပါတီဥက္ကဋ္ဌ အသစ်ပြန်လည် ရွေးချယ် ခြင်း အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

နမ္မတူပြည်ခိုင်ဖြိုးပါတီ မြို့နယ်သွေးလှူ ရှင်အသင်း၏စုပေါင်း သွေးလှူဒါန်း

 

နမ္မတူပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မနက်​​(၁၁:၀၀)နာရီတွင် ပန်ဟိုက်​​​ (၈)​ရပ်​ကွက်​နေ ​လူနာ​​ ဦးသာလွန်အတွက် ပြည်​ခိုင်​ဖြိုးပါတီ မြို့နယ်​​သွေးလှူရှင်​အသင်းဝင် သွေးလှူရှင်​​ ​​​​​ဦး​နေ​အောင်​မှ လိုအပ်​​သော​သွေး(A/B) ​သွေးအမျိုးအစားကိုလည်းကောင်း၊မွေးလူနာလွယ်စပိရွာနေ​ ​ဒေါ်ဇီလူးမီး အ​ရေး​ပေါ်​သွေးလိုအပ်မှုအတွက် မြို့ နယ်​​ကော်​မတီဝင်​ဦး​ကျော်​မြလွင်​မှ (O)​သွေးလှူဒါန်း      ခဲ့ကြောင်း သိရှိရသည်။

ဗြိတိသျှသံရုံးမှ နိုင်ငံရေးအရာရှိ ရှမ်း/မြောက် ပြည်ခိုင်ဖြိုးပါတီနှင့် လာရောက်တွေ့ဆုံ

 

ဗြိတိသျှသံရုံးအရာရှိ Miss Lol Ram Muani သည် ရှမ်း/မြောက်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်နယ်ရုံး ဧည့်ခန်း၌ (၂၀-၉-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၀၀)နာရီထိ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းပါသည်။

ထိုသို့ တွေ့ဆုံမေးမြန်းရာ၌ –

– ၂၀၁၅ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံး အောင်နိုင်ခဲ့မှုအတွက် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သနည်း။

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ လပတ်အစည်းဝေးကျင်းပ

 

သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်အစည်းဝေးကို ၁၅.၉.၂၀၁၇ ရက်နေ့တွင်ကျင်းပရာ မြို့နယ်ဥက္ကဌဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ခရိုင်ပါတီ      ကော်မတီ ဦးအုန်းမောင်နှင့် ပြည်နယ်ပါတီ ဦးစိုင်းစိန်လင်းတို့ တက်ရောက်ကြပါသည်။

ရှေးဟောင်းသမိုင်းဝင်စေတီတော်ပြုပြင်တည်ဆောက်ရေးတွင်လုပ်အားဒါနပါဝင်ခြင်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(ခ)အုပ်စု၊စွတ်ဆိုင်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် လွယ်ယွန်းခမ်းစေတီတော်ကြီးအားမိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရဘုရား ဦးဆောင်၍ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိရာ (၁၆-၉-၂၀၁၇ ) ရက်နေ့တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်း ၀င်းအောင်နှင့်မြို့နယ်အဆင်ဌာနဆိုင်ရာများ၊တပ်မတော်သားများ၊လူမှုရေးအသင်းအဖွဲ့များနှင့်အတူစုပေါင်းလုပ်အားဒါနပြုလုပ်ကြရာတာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ   ခရိုင်ဥက္ကဌနှင့်မြို့နယ်ကော်မတီဝင်များ၊လူငယ်အဖွဲ့ဝင်များလိုက်ပါ၍စေတီတော်တည်ဆောက်ရေးလုပ်ငန်းများတွင်တက်ကြွစွာပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည် ။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


ပြည်​​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူးနှင့်​အဖွဲ့များ သင်​တန်းဖွင့်​ပွဲအခမ်းအနားတက်​​ရောက်

 

၁၅.၉.၂၀၁၇ ရက်​​နေ့ ​သောကြာ​နေ့တွင်​ ရှမ်းပြည်​နယ်​(​တောင်​ပိုင်း) ​တောင်​ကြီိးခရိုင်​ နှင့်​ ပင်​​လောင်းမြို့နယ်​တို့ ပူး​ပေါင်းကာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံြ့​ဖိုး​ရေးပါတီမှ အမျိုးသမီး​ရေးရာ  လှုပ်​ရှားမှုကဏ္ဍတစ်​ရပ်​​အ​နေဖြင့်​ “အခမဲ့စက်​ချုပ်​သင်​တန်း” ၊ “ပန်း၊သစ်​သီး အလှ​ဖော်​သင်​တန်း”၊”မြန်​မာ့ရိုးရာမုန့်​လုပ်​နည်း”၊ “ထမင်း၊ဟင်းချက်​ပြုတ်​နည်းအမျိုးမျိုး” သင်​တန်းအား ​​နေ့လည်​ ၁၂ နာရီတွင်​ဖွင့်​လှစ်​​ပေးခဲ့ပါသည်​။

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက် ======

 

မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် စာသင် ခန်းများ၊ ခန်းမများ၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုး (၂၄) ပြည့်မြောက်ခြင်းကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ဓမ္မစကူးဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကြက်သားဆန်ပြုတ် လှူဒါန်း

 

စက်တင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် ပြည်ခိုင်ဖြိုး (၂၄) ပြည့်မြောက်ခြင်းကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ချိုမြို့နယ် သုံးဆယ်အုပ်စု သုံးဆယ်ကျေးရွာ သမိုင်းဝင်ရွာဦးကျောင်း၌ ဓမ္မစကူး ကျောင်းသား/ကျောင်းသူများ၊ ဓမ္မစကူး ဆရာ/ ဆရာမများအား ကြက်သားဆန်ပြုတ် သွားရောက်လှူဒါန်းခဲ့ပါသည်။

ပြည်သူလူထုနှင်အတူ မြို့နယ်ကော်မတီအဖွဲ့များ၊ ရုံးအဖွဲ့ဝင်များနှင့် စေတနာရှင်လူငယ်များ၊ ပရဟိတအသင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြပါသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီ၏ အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ခေတ်ဖက်ရှင်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခမဲ့အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၇)ဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံက် (၈) နာရီအချိန်က ငါးအိုးကျေးရွာ အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို မိုးမိတ်ခရိုင် ပါတီ အတွင်းရေးမှူး ဦးမြင့်လှိုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဘိမ်းမြို့နယ် ပါတီဥက္ကဌ ဦးဇော်လွင်၊ မြို့နယ်အတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီနာယကများ၊ ရပ်ကျေးစည်းမှူးများ၊ ငါးအိုး ကျေးရွာအုပ်စု အုပပ်ချုပ်ရေးမှူး ဦးသန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းလဲ့နှင့် သက်တန်းသူများ၊ သင်တန်းသူများ၏မိဘများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လိုအပ်နေသည့် လယ်ရေရရှိရေး ဆောင်ရွက်ပေးမည်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်​မြို့ (၇.၉.၂၀၁၇) ရက်​​နေ့တွင် ပြည်​သူလွှတ်​​တော်​ ဦးလင်း​ဇော်​ထွန်းနင့်​ ပြည်​နယ်​လွှတ်​​တော်​ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်း​ကျောက်​၊ ဦးအားကို တို့သည် ခရိုင်ပါတီ ဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရီတစ်တို့နှင့်အတူ ပါပူးရွာ ပြည်​သူလူထုနင့်​ ​တွေဆုံခဲ့ပါသည်။