ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်းနှင့် မြို့နယ် ပါတီအား တွေ့ဆုံ

 

မကြာတော့သည့် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် လုပ်ဆောင်ရ မည့်နည်းလမ်းများ၊ မြို့နယ်ပါတီနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ရှိသူများ၊ ဝိုင်းရံသူများမှ လုပ်ဆောင်ရ မည့်လုပ်ထုံးလုပ်နည်းများအား ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းနွယ်မှ ယနေ့ ဇန်န၀ါရီ (၆) ရက် နံနက် (၈) နာရီခွဲအချိန်က အခမ်းမြို့နယ်ပါတီရုံး အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့် အမ်းမြို့နယ်ကော်မတီ ဝင်များအား ရွေးကောက်ပွဲအောင်နိုင်ရေးတွေ့ဆုံပွဲတွင် အကျယ်တဝင့် ပြောကြားခဲ့သည်။

 

(more…)


သံတွဲခရိုင် မြို့နယ် ပါတီ ရခိုင်ရိုးရာ လူငယ်အားကစားပြိုင်ပွဲများ ကျင်းပ

 

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သံတွဲခရိုင် မြို့နယ်များမှ ရခိုင်ရိုးရာ လူငယ်အားကစားပြိုင်ပွဲ များကို မြို့နယ်ပါတီရုံးရှေ့ မြက် ခင်းပြင်၌ ဇန်န၀ါရီ (၄) ရက့် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၅) ရက် နံနက် (၁၀) နာရီခွဲအချိန် က တောင်ကုတ်မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် တောင်ကုတ်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်လူငယ်များ၊ အမျိုးသမီးများ စုစုပေါင်း ၂၀၀ ဦးခန့် နှင့် တွေ့ဆုံခဲ့သည်။

 

(more…)


ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၄) ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

(more…)


ဗဟိုအတွင်းရေးမှူးဒေါ်စန်းစန်းနွယ်နှင့် အဖွဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပနေမှုနှင့် ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေးချီးမြှင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့်တို့သည် ရခိုင်ပြည်နယ် ဇန်န၀ါရီ (၄) ရက်နေ့က သံတွဲမြို့နယ် မြို့နယ်ပါတီရုံးရှေ့တွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုနှင့် ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေးကာ ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ပါတီလုပ်ငန်းစဉ် များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၃) ရက် နေ့လည်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်ပါတီရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင် အင်အား (၁၅၀)ကျော်နှင့် တွေ့ဆုံပြီး ပါတီ၏ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်း လုပ်ဆောင် ချက်များနှင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိနိုင်ရန်အတွက် လုပ်ဆောင်ရန် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

မီဒီယာကိုစိတ်ဝင်စားကြသည့်ပါတီဝင်လူငယ်များအား မီဒီယာသင်တန်းဖွင့်လှစ်သင်ကြား

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီလ (၁) ရက် နံနက် ၁၁နာရီက မီဒီယာကို စိတ်ပါဝင်စားကြ သည့်ပါတီဝင် လူငယ်များအား သတင်းမီဒီယာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြား ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ သံတွဲခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ များနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပါတီရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း

 

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီ (၂) ရက် မွန်းတည့် ၁၂နာရီက ပြည်နယ်အတွင်းရေးမှူးနှင့် ကျိန္တလီမြို့ နယ်ကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ရပ်/ကျေးခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံကြရာ၌ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ က မြို့နယ်ပါတီအနေဖြင့် ရှေ့ဆက် လုပ်ကိုင် ဆောင်ရွက်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလ င်းပြောကြားခဲ့သည်။

ပြည်နယ်ပါတီရုံးအဖွဲ့မှ နှစ်သစ်ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကလေး သူငယ်ပြုစု စောင့်ရှောက်ရေး ဖောင်ဒေးရှင်း တွင် အလှူငွေများလှူဒါန်း

နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) နံနက်ပိုင်းက ရခိုင ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဖွဲ့မှူး ဦးဆောင်သော ရုံးဝန်ထမ်းများသည် စစ်တွေမြို့ မင်းဂံ ရပ်ကွက် (အကွက်-၁၃)ရှိ ABC ကလေးသူငယ် များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်၍ အလှူငွေများနှင့် ကလေးသူငယ်များအတွက် အချိုရည်ဘူးများ၊ မုန့်များသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မော်ကျွန်းပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးပြုလုပ်

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လမြိုင်ကျွန်းမြို့နယ်ပါတီ ဥက္ကဌ ဦးမြင့်အောင်၊ ခရိုင်ကော်မတီဝင် ဦးမြင့်ဆွေ၊ နယ်မြေ (၃) တာဝန်ခံ ဦးခင်မောင်ဝင်း၊ အမျိုးသမီးရေးရာ တာဝန်ခံ မဆွေဇင်မင်း တို့သည် ဒီဇင်ဘာ (၂၁) ရက် နေ့လည် (၁၂) နာရီတွင် မော်လမြိုင်ကျွန်းမြို့နယ် နယ်မြေအမှတ် (၃)ရှိ မြတ်သာရွာမ၊ မြတ်သာရွာဝ၊ မြတ်သာဇီးဖြူ၊ မိတ်သလင်ကုန်းကျေးရွာ အုပ်စုများရှိ ပြည်ခိုင်ဖြိုးခေါင်းဆောင်များ၊ ပါတီဝင်များ၊ လူငယ် ခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ကွင်းဆင်းသွားရောက်ကာ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Okkar Kyaw