ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပ

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၃၀ ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း နှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများနှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပာအခမ်းအနားတွင် သဘာပတိအဖွဲ့မှနေရာယူပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ပါတီအတွင်းရေးမှူးမှ မိတ်ဆက်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌမှ အဆိုပါနှီးနှောဖလှယ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြသော ရပ်/ကျေးအမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့ကြကြောင်း သိရှိရသည်။

ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရေးမြို့၊ အောက်တိုဘာ ၂၈

ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၂၈ ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများနှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားကို သဘာပတိအဖွဲ့မှနေရာယူပြီး နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်နယ်ပာတီအတွင်းရေးမှူးမှ မိတ်ဆက်အမှာစကား ပြောကြားပြီးမြို့နယ်ပါတီဥက္ကဋ္ဌက နှီးနှောဖလှယ်ပွဲကျင်းပရသည့်ရည် ရွယ်ချက်အသေးစိတ်ကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြ သော ရပ်/ကျေးအမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့ကြကြောင်း သိရှိရသည်။

ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု ကျေးရွာလုံးကျွတ်ဆွမ်းဆန်လောင်းလှူရာသို့ ပြည်နယ်ပါတီအတွင်းရေးမှူး နှင့် အဖွဲ့ တက်ရောက်လောင်းလှူ

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောက်ကလေးကျေးရွာအုပ်စု ကျေးရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီချိန်မှ စတင်လောင်းလှူခဲ့ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး နှင့် ပြည်နယ်ကော်မတီဝင် ဦးလှထွန်းတို့မှ တက်ရောက်ပါဝင်လောင်းလှူခဲ့သည်။
အဆိုပါလောင်းလှူရာ ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းအောင်မွန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များတို့မှ စုပေါင်းကာ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရှိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

သံဖြူဇရပ် အောက်တိုဘာ ၁၄

သံဖြူဇရပ်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီ ကကျင်းပရာ ရှေးဦးစွာ နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော် သီချင်း သံပြိုင်သီဆိုကာ အခမ်း အနားဖွင့်လှစ်ခဲ့သည်။ ဗဟိုအလုပ် အမှုဆောင်မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက
တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံဒေါ်မေသူဝင်းကဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲနှင့်သက်ဆိုင်သည့်အချက်အလက်များကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် သက်ကြီးရွယ်အိုများ၊ ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများအား အဟာရဒါနနှင့် ကိုယ်လက်သန့် စင်မှုများပြုလုပ် ကုသိုလ်ယူ

 

မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၉

အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်ထို ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားဒါနလှူဒါန်း

 

ကျိုက်ထို၊ အောက်တိုဘာ၈

ယနေ့  (၈-၁၀-၂၀၁၈) ရက်နေ့  ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ကျိုက်ထို မြို့နယ်ဘုရား သုံးဆူတောင်ပေါ်တွင် တည်ဆောက်နေသော ကမ္ဘာအကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဝန်းအတွင်း သန့်ရှင်းရေး လုပ်အားဒါန လှူ ဒါန်း ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ မြို့နယ် ပါတီ ဥက္ကဌ ဦးဇေယျာဦး ၊အတွင်းရေးမှူး ဦးကြည်စိုး ၊မြို့နယ် အမျိုးသမီး ရေးရာ တာဝန်ခံ ဒေါ်မြစန္ဒာဦး နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ၊ အမျိုသမီးပါတီဝင်များ စုစုပေါင်းအင်အား (၅၆၀) ဦးဖြင့် ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကမာဝက်ကျေးရွာ၌ ရွာလုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူ

 

မော်လမြိုင် အောက်တိုဘာ ၁

မွန်ပြည်နယ် မုဒုံမြို့ကမာဝက်ကျေးရွာ၌ ယမန်နေ့နံနက် ၁၁ နာရီက မော်လမြိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ကမာဝက်မြို့သူ မြို့သားမြိုလုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။ မုဒုံမြို့နယ် ကမာဝက်ကျေးရွာ တွင် ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ၊ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲသို့ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးထွန်း မုဒုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သက်တင်နှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ စုစုပေါင်း ၂၅ဦးခန့်သည် ဆရာတော်သံဃာတော်၊ သီလရှင်အပါး ၃ဝဝဝ ကျော်အား ဆွမ်းဆန်စိမ်း တစ်တင်းခွဲအိတ် ၁၅ အိတ်လောင်းလှူခဲ့ ကြကြောင်း သိရသည်။