ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်ကြည်သိန်းမှ ပြည်သူများထံသို့ ကြားဖြတ်ရွေးကာက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးဆင်း

 

၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း၏ သက္ကောစံပြကျေးရွာရှိ မဲဆန္ဒရှင် ပြည်သူများထံသို့ မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါသည်။

#အသည်းကြားက မဲတစ်ပြား အရွေးမမှားရအောင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းကို မဲပေးကြစို့လား…..

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


မွန်မြတ်လှတဲ့အလှူဒါနနှင့် ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်တို့ မိသားစု

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းမှ အသက်(၇၅)နှစ်အထက် အဘိုး၊အဖွားများအား အလှူရှင် ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်နှင့် ဇနီး ဒေါ်ဝေဝေ တို့မှ အဖိုး၊အဖွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။
အလှူရှင် ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင် သည် ယ္ခင်က မြန်မာ့မီးရထား ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၎င်းဇနီးဖြစ်သူ ဒေါ်ဝေဝေမှာ ဘီးလူးကျွန်း ချောင်းဆုံသူဇာတိ ဖြစ်ပါသည်။ အလှူရှင်မိသားစုတို့သည် နောက်နှစ်တွင်လည်း လာရောက် လှူဒါန်း ဂါဝရပြုမည်ဟု အဘိုး၊အဖွားများအား လျှောက်ထားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံးခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းမှ မဲဆန္ဒရှင်များအား ပွင့်လင်းရင်းနှီး၊ ခင်မင်စွာဖြင့် စည်းရုံးပြောဆိုခဲ့ပြီး တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများမှ ဆွေးနွေးကြပါသည်။
ဆွေးနွေးမှုများအပေါ် ကိုယ်စားလှယ်လောင်းမှ ပြန်လည်ဆွေးနွေးကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ၊ ပြည်နယ်ပါတီနာယကကြီး ဦးအုန်းမြင့် ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ပြည်နယ်ပါတီနာယကကြီး ဦးအုန်းမြင့် နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလှသိန်းတို့မှ ယနေ့ ဖေဖော်ဝါရီ(၁)ရက်နေ့ နံနံက်(၀၉:၀၀)နာရီချိန်မှ စတင်ကာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီနာယကကြီး ဦးအုန်းမြင့်မှ တက်ရောက်လာသော စည်းမှူးတို့အား အားပေးစကားများ ပြောကြားပြီး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းမှ ပါတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်များ၊ပါတီဝင်များ၏ ပါတီနှစ်စဉ်ကြေး ကိစ္စရပ်အား ပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်/ကျေးစည်းမှူးတို့မှ သိရှိလိုတာများအား မေးမြန်းခဲ့ကြပြီး အစည်းအဝေးကို နံနက်(၁၀:၅၅)နာရီချိန်တွင် ပြီးမြောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေစင်ပြီးမြောက် ရေပေးဝေနိုင်ရေးအတွက် အလှူငွေများ လှူဒါန်း

 

ကျိုက်ထိုမြို့နယ် မလော့ချောင်းကျေးရွာမှ ကျေးရွာနေပြည်သူများ ရေပေးဝေနိုင်ရေးအတွက် ရေစင်တခုအား ၂၀၁၅ ခုနှစ်ကတည်းက၊ကျိုက်ထိုမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မတည် တည်ဆောက်ပေးခဲ့ရာ ရေပေးဝေနိုင်ရေးအတွက် ကျန်ရှိနေသော ရေပိုက်များတပ်ဆင်ရန် ယနေ့ ဇန်နဝါရီလ (၂၀) ရက်နေ့၊ နံနက် (၀၉း၀၀)ချိန်တွင် မွန်ပြည်နယ် ပြည်နယ်ပါတီကော်မတီဝင်(အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်ခင်မြင့်၊ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးဌေးလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ အလှူငွေ (၃၃၅၀၀၀)ကျပ်အား ရေစင်ဖြစ်မြောက်ရေး အဖွဲ့အားပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ပုံမှန် အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာ ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးမျိုးမင်းလှိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်သူနှင့်အဖွဲ့များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ခေါင်းဆောင်များ၊ စည်းရုံးမှူးများစုစုပေါင်းအင်အား (၉၆)ဦးတက်ရောက်ကြပါသည်။

မုဒုံပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ ပြုလုပ်

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယနေ့ ဇန်နဝါရီ(၁၇)ရက်နေ့ နံနက် (၁၀:၀၀)ချိန်တွင် လူငယ်တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ လုပ်အားဒါန ကုသိုလ်ပြု

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားသော လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ဝင်များသည် ယနေ့ (၁၄.၁.၂၀၁၇)ရက်နေ့ နံနက်(၀၈:၀၀)နာရီချိန်မှစတင်ကာ ကျိုက်ထို မြို့ ရှိ ရွှေဘုံသာဘုရားဝင်း အတွင်ရှိစေတီများကို ရောင်တော်ဖွင့်ခြင်းနှင့် ဝန်းကျင်တဝိုက်တို့တွင် တံမြတ်စည်းလှည်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ၊ မြက်ပင်များ ရှင်းလင်းခြင်းများဖြင့် စုပေါင်း လုပ်အား ဒါနပြုခဲ့ကြောင်းသိရှိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော
ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦးခန့်အား ဇန်န၀ါရီ ၁၅ ရက်တွင် မွန်ပြည်နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဖြိုးမေတ္တာ (အခမဲ့)နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့အား အထွေထွေရောဂါကုဆရာဝန် Dr. တိုးတိုးအောင် ဦးဆောင်သည့် ဆရာဝန်ကြီးများ လိုက်ပါပြီး ကုသပေးလျှက်ရှိသည်။

မွန် ၊ မြန်မာ နှစ်ဘာသာဖြင့် တရနာ​ကျေးရွာ ပြည်​ခိုင်​ဖြိုးပါတီဆိုင်းဘုတ်​တင်

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၉း၀၀နာရီအချိန်၌ တရနာကျေးရွာ တွင်ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၊ ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဆိုင်းဘုတ်အား အမွှေးနံသာများ ပက်ဖြန်းပေးခဲ့သည်။