ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် နိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်း အနားသို့ တက်ရောက်

 

ကော့ကရိတ် စက်တင်ဘာ

ကော့ကရိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ နိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်းအနား တက်ရောက်

 

ဘားအံ စက်တင်ဘာ

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ယမန်နေ့နံနက် ၈ နာရီက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ကရိတ်မြိုကပပေါ်ရှိ ဆရာတော်များအား ဖူးမြော် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်

 

ကော့ကရိတ် စက်တင်ဘာ

ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့နံနက် ၇ နာရီခွဲတွင် ပြည်နယ်ပါတီ ကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ဦးအောင်သိန်းဝင်း၊ ကော့ကရိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစောစောရွှေနှင့် ကော့ကရိတ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်ဇော်လတ်တို့ လိုက်ပါ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့မကျောင်းကြီးဆရာ တော်အား ဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့သည်။

ကရင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ဘုရားဆင်းတုတော်များ ပြက္ခဒိန်များနှင့် နိဗ္ဗာန်ယာဉ်လှူဒါန်း

 

ဖာပွန် သြဂုတ် ၃၁

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၅နာရီက ဖာပွန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းတိုက်တွင် ပန်းပေါင်းစုံ ဘုရားဆင်းတုတော် အဆူ ၅ဝဝ အနေ ကဇာတင်ခြင်းနှင့် နာရေးကူညီမှု အသင်းကို နိဗ္ဗာန်ယာဉ် လိုက်ထရပ်ကားတစ်စီး လှူဒါန်းခြင်းအတွက် ရေစက်ချ အခမ်းအနားပြုလုပ်ခဲ့သည်။

ဘားအံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့သို့ အခြေခံ စားသောက်ကုန်များ ထောက်ပံ့

 

ဘားအံ သြဂုတ်လ

ကရင်ပြည်နယ်ဘားအံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်လွင်၊ ဦးဝင်းတင်၊ ဒေါ်နန်းနီနီအောင် တို့သည် ယမန်နေ့နံနက် ၉နာရီခွဲက ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သို့ ဆန် ဆီ ပဲ ခေါက်ဆွဲနှင့် ဘုရားဆင်းတုတော်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ခင်နီနီအောင်


လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေကြီးနစ်မြုပ်နေသော ပြည်သူများအား ဆန်နှင့်ခေါက်ဆွဲခြောက်များ ဝေငှပေး

 

လှိုင်းဘွဲ သြဂုတ် ၂၇

လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိမ်း၊ အရွေးချယ်ခံကိုယ်စားလှယ်များ၊ ပါတီကော်မတီဝင်များ၊ လူငယ်ပါတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ၌ ရေကြီးနစ်မြုပ်နေသော အိမ်ခြေ ၈၅ဝ အတွက် ဆန်နှင့် ခေါက်ဆွဲခြောက်များ စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၂ သိန်း ဖိုးခန့် လက်ဝယ် အရောက် လိုက်လံဝေငှ ပေးခဲ့ကြောင်း သိရသည်။

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၃/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ကရင်ပြည်နယ်” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆွမ်းဆန်အိတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

 

ဘားအံ ဇွန် ၂၈

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင်) ဦးစောမြင့်ဦး၊ ဗဟို အလုပ်အမှုဆောင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ဗဟိုကော်မတီဝင် ကရင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်၊ ဒေါ်စန္ဒာဦး၊ ဦးစောမြင့်ဝင်းအောင်၊ ဘားအံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ အတွင်းရေးမှူး ဦးခွန်သန်းဝင်းနှင့် ပြည်နယ်လူငယ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယမန်နေ့ညနေ ၄ နာရီတွင် ဘားအံမြို့အမှတ် (၂) ရပ် ကွက်ရှိ မြိုင်သဇင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယ အားဖူးမြော်၍ ဆွမ်းဆန်အိတ် ငါးအိတ်၊ ကန်တော့ခြင်းတစ်ခြင်း၊ အလှူငွေကျပ်ရှစ်သောင်းနှင့် Mask တစ်သေတ္တာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်နီနီအောင်

ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများစစ်ဆေး COVID-19 ရောဂါကာကွယ်ရေး Mask များလှူဒါန်း

 

ဖာပွန် ဇွန် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးသည် ဖာပွန်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ဖာပွန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံတို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၁နာရီတွင် ဖာပွန်မြို့ အမှတ် (၄) ရပ်ကွက်ရှိ အေးသုခကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများ ပြည်သူများသို့ အခမဲ့ဖြန့်ဝေ

 

ကြာအင်းဆိပ်ကြီး ဇွန် ၁၁

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပြည် ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကCOVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဝေငှခဲ့ကြောင်း သိရသည်။