တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခြေခံပညာကျောင်းများသို့ ဘေစင်အမှိုက်ပုံးနှင့် နှာခေါင်းစည်းများ လှူဒါန်း

 

တနိုင်း ဇူလိုင် ၂၈

တနိုင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီတွင် တနိုင်းမြို့ အမှတ် (၁) နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ၊ ရှင်ဘွေယန်မြို့အထက်တန်း ကျောင်းခွဲများ၊ လမုန်၊ တိန်ကောက်၊ တရုံအခြေခံပညာကျောင်းများသို့ သက်ဆိုင်ရာနယ် မြေတာဝန်ခံများနှင့်အတူသွားရောက်ကြကာ ကျောင်းအတွက် လိုအပ် လျက်ရှိသည့် ဘေစင်၊ အမှိုက်ပုံး၊ နှာခေါင်းစည်းများ သွားရောက်ကူညီ ပံ့ပိုးလှူဒါန်း ပေးကြသည်။ အဆိုပါလှူဒါန်းခြင်းသို့ ပြည်နယ်အရန်ပါတီကော်မတီဝင် ဦးကေဆမ် အောန်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဆိုင်းလ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဘောမ်ဆောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ကျော် ဦးနှင့် ဦးဆိန်းယုံတို့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆီမီးခုံ-နန်းရီ

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နမ္မားဒေသဘုန်းတော်ကြီးကျောင်း ၂ ကျောင်းသို့ ဝါဆိုသက်န်း ဆက်ကပ်လှူဒါန်း

 

နမ္မား။ဇူလိုင်(၂၇)

မိုးညှင်းမြို့နယ်၊ နန်းမာမြို့၊ နန့်စော်လော်ကျေးရွာအုပ်စု ဘုန်းတော်ကြီးနှစ်ကျောင်းသို့ ယနေ့နံနက် ၁၀:၁၀ နာရီ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ မြို့နယ်ပါတီမှ ဝါဆိုသက်န်းသွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းရာ ပြည်နယ်ကော်မတီဝင်ဦးစိုးဝင်း ၊ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်း၊ နန်းမားတာဝန်ခံ ဦးခိုင်ဇော်ထွန်း၊ ဦးဇော်ဝင်း၊ ရပ်ကျေးဥက္ကဌ ဥိီးသိန်းဦး၊ လူငယ်ဒုတာဝန်ခံ မစိုးဟေမာ၊ မဝေဝေအောင်တို့မှ ဆက်ကပ်လူူဒါန်း ခဲ့ကြကြောင်း သတင်းရရှိပါသည်။Usdp Kachin State

မိုးကောင်းမြို့ ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာတဝန်ခံမှ လူငယ်လေးများ ဘောလုံးအားကစားနိုင်ရန် ဘောလုံးများ ပေးအပ်

 

မိုးကောင်း။ ဇူလှိုင် ၂၈

ကချင်ပြည်နယ် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်လူငယ်တာဝန်ခံ ကိုပြည့်ဖြိုးမင်းမှ မိုးကောင်းမြို့ အောင်သာကျေးရွာ လူငယ်လေးများကို လမ်းမှားမရောက်စေရန်ရည်ရွယ်ချက်ဖြင့် ဘောလုံး ကစားဖြင့် လူငယ်များ ပျော်ရွှင်ချမ်းမြေ့ သမ္မတနိုင်မြန်မာနိုင်ငံတော်ကြီး တာဝန်ထမ်းဆောင်နိုင်သော လူငယ်များ ဖြစ်စေရန်ရည်ရွယ်၍လူငယ်များ လိုအပ်သော ဘောလုံးများကို ယနေ့နံနက်ပိုင်းက ပါတီးရုံးခန်းမ၌ ပေးအပ် ခဲ့ကြောင်းသိရပါသည်။

ပရဟိတအသင်းသို့ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေ‌ ပေးအပ်လှူဒါန်း

 

မိုးညှင်း။ ဇူလိုင်(၂၂)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ​​ေ​မာ်ဟန်ကျေးရွာအုပ်စုရှိ မေတ္တာ မော်ဟန် ပရဟိတ နာရေးကူညီမှုအသင်းသို့ အလှူ ငွေ (၁၀၀၀၀၀)ကျပ်တစ်သိန်း အား ယနေ့နံနက်၁၀:၃၀အချိန်၌ သွားရောက်ကူညီလှူဒါန်းခဲ့သည်။

အဆိုပါပေးအပ်လှူဒါန်ရာ ပြည်နယ်ကော်မတီဝင်ဦးစိုးဝင်း၊ ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်း ၊ခရုိင်ECဦးဖိုးထောင် နှင့် မြို့နယ်EC ဦးခိုင်ဇော်ထွန်း နယ်မြေဥက္ကဌဦးအောင်သိန်းတို့မှ နာရေးကူညီမူ့အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ ရှေ့တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ် အတွင်းရှိ ဆရာတော်များထံ အလှူငွေနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် စာသင်ကျောင်းများသို့ Mask များ လှူဒါန်း

 

ဖာပွန် ဇူလိုင် ၂ဝ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် ပါတီဝင်များလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်းရှိ ဆရာတော်များထံ အလှူငွေနှင့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း၍ စာသင်ကျောင်းများနှင့် နယ်မြေခံရဲစခန်းသို့ Mask များ လှူဒါန်းခဲ့ပြီး ရပ်ကျေး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဖာပွန်မြို့ရှိ အထက (၁) အခြေခံပညာအထက် တန်းကျောင်းအတွက် အခု ၇ဝဝ ပေးအပ်လှူဒါန်းခဲ့သည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ Covid-19 ရောဂါကာကွယ်ရေး ကွင်းဆင်းဆွေးနွေး

 

မိုးကောင်း ဇွန် ၂၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးမြင့်စိုးနှင့်ပါတီစည်းရုံးရေး နယ်မြေ (၄) တာဝန်ခံ ဦးဝင်းသိန်းတို့သည် ယမန်နေ့ နံနက်ပိုင်းက အင်းပေါင်းနှင့် မန်ရွက်ကျေးရွာအုပ်စုများသို့ သွားရောက်၍ သက်ဆိုင်ရာ ကျေးရွာအုပ်စုပါတီ ကော်မတီဝင်များအားတွေ့ဆုံကာ ကျေးရွာအုပ်စုပါတီ များအနေဖြင့် ကျေးရွာအုပ်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် စည်းရုံးရေး ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

 

ဘားအံ ဇွန် ၂၁

မိုးမောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆရာဆရာမများနှင့် နည်းပြများရုံးအဖွဲ့များအား ကာဘော်လစ် ဆပ်ပြာနှင့် Mask များဖြန့်ဝေပေး

 

မိုးမောက် ဇွန် ၁၅

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှသင်ရိုးသစ် သင်တန်းတက်ရောက်သော ဆရာဆရာမများနှင့် နည်းပြများ၊ ရုံးအဖွဲ့များအား ကာဘော်လစ်ဆပ်ပြာ၊ Mask များ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲကမိုးမောက်မြို့ အထကကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်ဥက္ကဋ္ဌမြဝတီနှင့် ကော့ကရိတ်မြို့နယ်များရှိ ပါတီဝင် များနှင့်တွေ့ဆုံ

 

မြဝတီ၊ ကော့ကရိတ် စက်တင်ဘာ ၁၇