ရှမ်းတိုင်းရင်းသားအဖွဲ့နဲ့ဗဟိုကော်မတီတွေ့ဆုံ

 

ယနေ့ မေ (၁၆) ရက် နံနက် ၁၀း၃၀ နာရီတွင် မိုးညှင်းမြို့နယ် ဟိုပင်ဒသ တကွင်းကျေးရွာတွင် ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံရာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေးမှ အဖွင့်အမှာစကားပြောကြား ခြင်း ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်းမှ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်အတွင်း ရေးမှူး ဦးဌေးဝင်းက တိုင်းရင်းသားလူငယ်ကိစ္စရပ်များကို လည်းကောင်း၊ ကော်မတီဝင် ဦးစိုင်းတင်လှ (တွဲ/တိုင်းရင်းသားရေးရာတာဝန်ခံ) က တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးရေးနှင့်စည်းရုံးရေးရာကိစ္စရပ်များ ဆွေနွေးခြင်း ပြုလုပ်ခဲ့သည်။

ရှေ့တန်းပြန်အဖွဲ့အား ကြိုဆို

 

ယနေ့မေ (၁၄) နံနက် ၁၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ခြေမြန်တပ်ရင်း (၃၈၈) ရှေ့တန်းပြန် ပြည်သူ့တပ်မတော်အား မိုးညှင်းမြို့ နယ် အတွင်းရေးမှူး ဦးဌေးဝင်း ၊ ကော်မတီဝင် ဦးမြဝင်း၊ တပ်မိသားစုများ ၊ တပ်မတော်သားများ ၊ အရန်မီးတပ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့ များ ၊ ဌာနဆိုင်ရာများက အတီးအမှုတ်များ ရုမ်းရိုးရာအကများဖြင့် စည်းကားတိုက်မြိုက်စွာ ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

ကဆုန်လပြည့်ညောင်ရေသွန်းလောင်ခြင်းနှင့် သက်ကြီးပူဇော်ပွဲပြုလုပ်

 

ပါတီဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွန်ချက်ဖြင့် ယမန်နေ့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ တကွင်းအုပ်စု ညောင်ပင်သာကျေးရွာတွင် ညောင်ရေသွန်းလောင်းခြင်း နှင့် သက်ကြီးပူဇော်ပွဲပြုလုပ်ကျင်းပခဲ့သည်”

ညောင်ပင်သာ ဆရာတော်အား ပါတီဝင်များက ဝတ္ထုငွေများကပ်လှူခြင်း ပြုလုပ်ပြီး။ ဆက်လက်ပြီး ညောင်ရေသွန်းလောင်းခြင်းကို ကျေးရွာ
ရွာဦးထိပ်၌ ကျင်းပခဲ့သည်။

ပါတီဝင်စီစစ်ရေးဆောင်ရွက်

 

6-5-2017 ရက်နေ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်အုပ်စု ဟဲပုအုပ်စုများ၌ ပါတီဝင်စီစစ်ရေးဆောင်ရွက်ရာ မိုးညှင်းခရိုင် ကော်မတီဝင် ဦးဖိုးထောင်၊ ဦးဖုန်းမြင့်၊ မိုးညှင်းမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း ကော်မတီဝင် ဦးတင်ညွန့်(စီမံ) ဦးမြင့်သန်း ဒေါ်သီတာဝင်း အင်းတော်ကြီး ဒေသတာဝန်ခံ ဦးမောင်မောင် ၊လူငယ်ကေဒါ ဦးအောင်ကိုဝင်းတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

အင်းတော်ကြီးဒေသ ပါတီတိုင်းရင်းသားရေးရာဆွေးနွေး

 

ယနေ့ ဧပြီ (28) ရက်နေ့ ၁း၃၀ နာရီတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ လုံးတုံကျေးရွာတွင် ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်းမှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို လည်းကောင်း၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ဝင်းက ပါတီတိုင်းရင်းသားရေးရာအခြေခံမှု ကိစ္စရပ်များကို လည်ကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်းက တိုင်းရင်းသားလူငယ်ကိစ္စရပ်များကိုလည်းကောင်း၊ ကော်မတီဝင် ဦးမောင်မောင် (တိုင်းရင်းသားရေးရာတာဝန်ခံ) က တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးရေးနှင့်စည်းရုံးရေးရာ ကိစ္စရပ်များဆွေနွေးခြင်းပြုလုပ်ခဲ့သည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီရဲ့ ပဌာန်းပူဇာ သာဓုအနုမောဒနာ

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ (၃၈)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (မိုးညှင်းခရိုင်နယ်မြေတာဝန်ခံ) ဦးကျော်စိုးလေး အမှူးပြုသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ပါတီရုံးဝန်ထမ်းများမှ ဧပြီလ (၂၄) ရက်တွင် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း(အချိုပွဲ)များ ဆက်ကပ်လှူဒါန်းကာ တတ်စွမ်းနိုင်သမျှ ဖြင့် ဒါနပြုခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းမျိုးနွယ်စုဓမ္မာရုံ၌ သစ်ပင်ချုံနွယ်ရှင်းလင်း

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အထက်ရှမ်းစုရှမ်းမျိုးနွယ်စုဓမ္မာရုံ တွင် ယနေ့ နံနက်ပိုင်းကစ၍ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်ဦးစီး၍ မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ ဦးအိုက်စိုင်း၊ ဦးသန်းစိုးတို့နှင့်ပါတီဝင်အင်အား ၂၅ ဦးတို့သည် အဆိုပါဓမ္မာရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင်ချုံ နွယ်များကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ လုပ်အားဒါနကုသိုလ်ပြုခဲ့ ကြောင်း သိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ

 

ယနေ့ဧပြီ၁၀ရက်နေ့ ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသောနိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းကို ယနေ့နံနက်9:00နာရီအချိန်တွင်ခရိုင်ပါတီတိုးချဲ့ခန်းမ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီဗဟိုပါတီကော်မတီဝင် ကချင်ပြည်နယ် ကော်မတီဝင် ဦးစိုးဝင်း ခရိုင်ဥက္ကဋ္ဌဦးစိန်ဝင်းထွန်း ခရိုင်ကော်မတီဝင်များ မိုးညှင်းမြို့နယ် မိုးကောင်းမြို့နယ် ဖားကန့်မြို့နယ်မှဥက္ကဋ္ဌနှင့် ကော်မတီဝင်များတက်ရောက်ကြောင်းသတင်းရရှိသည်။


ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံနှင့် ကချင်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ

 

ဗန်းမော်မြို့တွင် နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က သာစည်ရပ်ကွက် ခရိုင်ပြည် ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး သဘာပတိပြည် နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဗဟိုကော်မတီဝင်ဦးဝင်းမောင်သိန်း က အမှာစကားပြောကြားကာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဇော် လေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

(more…)