ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​ ဗဟိုအလုပ်​အမှု​ဆောင် ​ဦးမြင့်​စိုးတို့ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိ

မြစ်​ကြီးနား ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ၊ ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​၊ ဗဟိုအလုပ်​အမှူဆောင်​ ဦးမြင့်​စိုးတိုသည်​ ယ​မန်နေ့နံနက်​ (၁၁း၂၀) နာရီအချိန်​ခန့်​တွင်​ လေ​ ကြောင်းခရီးဖြင့်​ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိလာရာ ပြည်​နယ်​အတွင်း​ရေးမှူး ဦးစိုးသိန်းနှင့်​ ပြည်​နယ်​/ခရိုင်​/// မြို့နယ်​နှင့်​ ရပ်ကွက်​​ကျေးရွာ ပါတီ​ကော်မတီဝင်​များက ​လေဆိပ်​၌ ကြိုဆိုနှုတ် ဆက်​ ခဲ့ကြပါသည်​။

Crd;


မိုးကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သောင်ဦးကျောင်တိုက်၌ လုပ်အားပေးပြုလုပ်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နန့်ရင်း ရပ်ကွက်သောင်ဦး ကျောင်တိုက်တွင် စက်တင်ဘာ ၃၀ ရက်မနက် ၇ နာရီမှစ၍ မိုးကောင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝငှ် ဦးဝင်းကို မြို့နယ်စည်းရုံးရေးတာဝန်ခံဦးမြင့်စိုး ဦးငွေရှိန်း၊ဦးသန်းစိုးဒေါ်အေးတို့နှင့်အတူမိုးကောင်းမြို့နယ်ရှမ်းမျိုးနွယ်စုရိုးရာယဉ်ကျေးမှုနာရေးကူညီမှုအသင်း ဥက္ကဌ    ဦးစိုင်းထွန်းလှ ဦးအောင်ကျင်တို့နှင့်အင်အား ၄၅ ဦးဖြင့် သောင်ဦးကျောင်းတိုက်တွင်းရှိ ချုံနွယ်ရှင်းခြင်း ထင်များသယ်ခြင်း| အမှိုက်များရှင်းခြင်း| မြက်များကိုစက်များဖြင့်ရှင်းခြင်းလုပ်ငန်းများကိုစေတနာရှိစွာဖြင့်လုပ်ဆောင်ရာသောင်ဦး ကျောင်းတိုက်ဆရာတော်ဘုရားကြီမှအားရ၀မ်းသာပြီလုပ်အားပေးလုပ်ဆောင်သူများကိုအဟာထမင်းများကိုကျွေးလျက်ရှိပါကြောင်းတင်ပြအပ်ပါသည်

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ မဟာတိလောကာရာမ ပရိယတ္တိစာသင်တိုက် တွင်လုပ်အားပေး ပြုလုပ်

 

မိုးကောင်း။စက်တင်ဘာ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် မိုးကောင်းမြို့ မဟာတိလောကာရာ မပရိယတ္တိစာသင်တိုက်တွင် စက်တင်ဘာ(၂၇)ရက် နံနက် (၇)နာရီ အချိန်တွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးဝင်းကို၊ မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ဦးငွေရှိန်း ၊ဦးသန်းစိုး ၊ ဒေါ်အေးနှင့် မြို့ပေါ်စည်းရုံးရေးတာဝန်ခံများ နှင့် အင်အား (၄၃) ယောက်နှင့် မိုးကောင်းမြို့ပေါ်ရှိ မဟာတိလောကာရာမပရိယတ္တိ စာသင်တိုက်တွင်းရှိ မြက်များ ချုံနွယ်များ ထင်းများ ကို လုပ်အားပေးလျကိရှိပါသည်။

ဖာကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ခိုင်ဖြိုးပါတီ လူငယ်ဖလားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ ကျင်းပ

 

ကချင်ပြည်နယ် မိုးညင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ဖလားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ၂၅.၉.၂၀၁၇ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် ကာမိုင်းမြို့ ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအင်ဖယောင်းဂမ် (ပထမအကြိမ် – ပြည်နယ်လွတ်တော်ကိုယ်စားလှယ် – ငြိမ်း) တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်မှုအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်

 

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး   ပါတီရုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးရားဝမ်ဂျုံ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးမောင်မောင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူလေးပါတီ) ကချင်ပြည်နယ်ဥက္ကဌ ဦးလာမေတားနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဗဟို အကြံပေး ဦးစိုးထွေးမောင်တို့ပါဝင်သော ပါတီအသီးသီးကိုယ်စားပြု အဖွဲ့ဝင်များတွေ့ဆုံ၍ ”ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းအပေါ် ” ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့် စေတီတော် လုပ်အားပေးပြုလုပ်

 

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီတော် ဆုတောင်းပြည့်ဘုရားဝန်းတွင် အမှိုက်များ၊ မြက်များကို စက်တင်ဘာ၁၉ နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုး ၊ ဒေါ်အေး၊ နောင်ကိုင်တော်ရပ်ကွက် စည်းရုံးရေးမှူး ဦးသာအောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီရေးရာအဖွဲ့များ၊ ဒေါ်ခင်ပို၊ ဒေါ်လတ်တို့ ဦးစီးပြီး နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီ ဆုတောင်းပြည့်ဘုရား ပန်းအိုးထိုးခြင်း၊ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းခြင်း ၊ မြက်များကို စက်များဖြင့် ပြုလုပ်လျက်ရှိပါသည်။

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့်မနောသုခသွေးလှူရှင်များစုပေါင်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား တီရှပ်အင်္ကျီလှူဒါန်း

 

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနား မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မနော သုခသွေးလှူရှင်များ စုပေါင်း၍ ဓမ္မစကူးလ်ကျောင်းသားကျောင်း သူများအား တီရှပ်အင်္ကျီလှူဒါန်းခဲ့ ကြောင်း သိရသည်။
အမျိုး၊ဘာသာ၊သာသနာစောင့် ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့်ဓမ္မ စကူးလ်သင်တန်းများကို နိုင်ငံ တစ်ဝန်း၌ အပတ်စဉ်တနင်္ဂနွေနေ့ တိုင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ဓမ္မစကူးလ်တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်အင်္ကျီများကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မနောသုခသွေး လှူရှင်နှင့်လူမှုရေးအဖွဲ့များက စုပေါင်း၍လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဟိုပင်ဒေသလူငယ်များ ပါတီသို့ အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနားပြုလုပ် ကျင်းပ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီတွင် နေ့၁း၀၀ နာရီအချိန်၌ ပါတီရုံးတွင် ဟိုပင်ဒေသ လူငယ်များ ပါတီသို့အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနားပြုလုပ်ရာ ဟိုပင် ပါတီနာယက ဦးညီလေးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်းကလည်း အမှာစကားပြောကြား၍ အဆိုပါအခမ်းအနားသို့ ခရိုင် ကော်မတီဝင် ဦးဖိုးထောင်၊ ဦးဖုန်းမြင့်၊ ဦးခင်မောင်နှင့် မြို့နယ်အတွင်းရေး မှူး ဦးဌေးဝင်း၊ ဘဏ္ဌာရေးမှူး ဦးလှမိုင်၊ ဒေသတာဝန်ခံ ဦးမြဝင်း၊ ဦးမြင့်သန်း၊ ဦးခိုင်ဇော်ထွန်း၊ အမျိုးသမီးရေးရာ    တာဝန်ခံ ဒေါ်နှင်းနှင်းထွေး၊ ဒေါ်သန္တာဝင်း မောင်၊ ဒေါ်နန်းအိဖြူ၊ လူငယ်တွဲဖက်တာဝန်ခံ ဦးအောင်ကိုဝင်း၊ ဒေါ်ဆိုင်း ဆန့် နှင့် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ၊ လူငယ်များ၊ ပါတီဝင်များ စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ မန်ပင်ကျေးရွာ အခြေခံမူလတန်းကျောင်း လုပ်အားပေး ပြုလုပ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွဲလောအုပ်စု မန်ပင်အခြေခံပညာ မူလတန်းကျောင်းတွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ စက်တင်ဘာ ၄ ရက် နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်း အောင်နှင့် မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးမြင့်စိုး၊ ဦးငွေရှိန်း ၊ ဦးသန်းစိုး၊ ဒေါ်မအေး၊ မြို့ပေါ်စည်းရုံးရေးမှူးများ အင်အား ၂၅ ဦးဖြင့် မန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မြက်များကို စက်များ ဖြင့် လုပ်အားပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။