ပြည်သူပိုင်စိုး ပြည်ခိုင်ဖြိုး

 

ပြည်သူပိုင်စိုး၊ ပြည်ခိုင်ဖြိုးမို့
အမျိုးသားရေး၊ ဦးစားပေးကာ
ဝေး နီး အတူ၊ ရွာမူ မြို့ပြ
ဒေသမခြား၊ မကွဲပြားဘဲ
အများပြည်သူ၊ မှန်းရည်မူသည့်
လူမှု စီးပွား၊ ဆန္ဒများပြင်
မျိုးသားရေးရာ၊ သာသနာနှင့်
ဘာသာ လူမျိုး၊ ဖွံ့ဖွံ့ဖြိုးအောင်
စွမ်းဆောင်စဉ်ဆက်၊ ဦးထိပ်ရွက်၍
တိုးတက်စေမည်၊ ဓိဋ္ဌာန်တည်
ပြည်ခိုင်ဖြိုးသည် များကျိုးရည်
ပြည်သူ့ပါတီ ပီပေသည်
တွဲလက်ညီညီ ရှေ့သို့ချီ
ငါတို့ ပါတီ အောင်ရမည်။

အရှုပ်အရှင်း

 

* သွေဖည်သနော် အတွေးအခေါ် ရမ်းပါဘိ
အမေကျော် ဒွေးတော်လွမ်းလိုက်ပုံက
ကမ်းကုန်အောင်ရှိပါ့ကွယ်။

* အယူတိမ်း
သူစိမ်းကို ဆရာတင်တော့
ပညာရှင် တို့တွင်မရှိလေရော့သလား
သတိမပေါ့ အလျဉ်းဟာမို့
စောင့်ကင်းရှိတယ်။

* မရှိတာကို အရှိလုပ်
မဟုတ်တာကို အဟုတ်ယူ
အရှုပ်လူပြဿနာ ဘယ်ပုံရှင်းမယ်
ပြည်တွင်းဝယ်တွေး။

“ကုသိုလ်ဝေစည် … တို့ပြည်ခိုင်ဖြိုးပါတီ”

 

ပြအိုးတန်ဆောင်း စေတီကျောင်းနှင့်
ခေါင်းလောင်းသံကြည် ပုဂံပြည်။

မြန်မာလူမျိုး ဂုဏ်မညှိုးခဲ့
အမျိုးဘာသာ သာသနာနှင့်
သဒ္ဒါသန့်ရှင်း ဂုဏ်သတင်းတို့
ထုံသင်းခဲ့သည် ပုဂံပြည်။

ပုဂံပြည်သည် ငါတို့ပြည်မို့
ပြည်ခိုင်ဖြိုးများ ကုသိုလ်ပွား၍
တို့အားအင်ဖြင့် ပြည်ခွင်ဖြောင့်ဖြူးသာစေမည်။

တို့စည်းရုံး၍
ပြည်လုံးညီညွတ်ကြစေမည်။

တို့ချွေးစက်ဖြင့်
မြေထက်သီးပွင့်ဝေစေမည်။

“ပြည်ခိုင်ဖြိုးတို့လာကြကွယ် လုပ်အားပေးကြမယ်”

 

ပြည်ခိုင်ဖြိုးတို့လာကြကွယ်
လုပ်အားပေးကြမယ်။

သယ်ပိုးကာတစ်ယောက်တစ်လက်
လက်ဆင့်ကမ်းလို့ဆက်။

တို့ပြည်သူအတွက်တို့တစ်တွေ
စုပေါင်းဆောင်ရွက်နေ။

တည်ဆောက်ပြုပြင်ဘုရားများ
ဆေးရုံ-ဈေး-ကျောင်း-လမ်းတံတား။

ပြည်ခိုင်ဖြိုးရောက်တဲ့နေရာ
ငြိမ်းချမ်းလွန်သာယာ။

ခေတ်မီအောင် နိုင်ငံ့အကျိုး
တည်ဆောက်တို့သယ်ပိုး။

ခိုင်ခိုင်မာမာ ဖွဲ့စည်းခဲ့သည်
ပြည်ခိုင်ဖြိုးပါတီ။

ဘယ်သူခွဲခွဲမကွဲဖို့
တို့များဓိဌာန်ကြပါစို့……။

Credit -Myo Chit Thawy

ညီလာခံပြီး ရှေ့ခရီးကို ဆက်ပြီးဦးဆောင်ကြပါစို့

• ယနေ့ဆိုလျှင် ဆင်ယင်ကျင်းပ
ညီညွတ်ကြသည့် တို့၏ညီလာခံ
ဝန်းရံလှပ ပြီးမြောက်ကြပါပြီ။
• ညီလာခံပြီး ရှေ့ခရီးက
အဝေးအနီး တွေးပြီးကြည့်လျှင်
မြင်သာထင်သာ ရှိနေတာမို့
ကိုယ့်မှာရှိထား ကိုယ့်အင်အားကို
တိုးပွားအားထုတ် မယုတ်လုံ့လ
ဇွဲနပဲနှင့် မူလခြေခံ
ပြည်သူ့ထံသို့ တစ်ဖန်ပြချ
ယုံကြည်ရအောင် တို့စွမ်းဆောင်မှ
တို့အောင်မြင်မှု ရလိမ့်မည်။
• ကိုယ်ကိုယ်တိုင်လည်း ကိုယ်စွဲကိုစွန့်
ပြည်သူ့ဝန်၌ အလွန်မရှိ
ပကတိအသွင် ရင်ခွင်သားသို့
စိတ်ထားမှတ်ယူ ပြည်သူနဲ့တူ
ကူညီပူးပေါင်း ပြည်သူကောင်းအောင်
ဦးဆောင်ကြိုးပမ်း ခရီးလမ်းကား
အောင်ပန်းလေးတွေပွင့်နေမည်။
• ဒါကြောင့်မို့လေ
တို့ပြည်ခိုင်ဖြိုး နှစ်ဆတိုးလို့
ပြည်ကျိုးရွက်ဆောင်တို့ပြည်ထောင်ကို
တစ်ဖန်ဦးဆောင်ကြပါစို့။ ။
မောင်လှသိန်း(သူရဲသမိန်)

အစဉ်အလာကောင်းသည့်တို့ပါတီ

• တို့ပါတီိအစဉ်အလာကောင်းသမို့
ပြည်သူအပေါင်းအမြင်ကြည်လင်
လက်ကမ်းကြမြန်ပြည်တစ်ခွင်
အမှန်မြင်လို့ အမြင်မှန်ရ။

• တွဲလက်တွေညီညာစွာနှင့်
မခွဲသက်သေပြည်မြန်မာအတွက်
ရွက်ဆောင်ကာပေါင်းသည်ပိုးမည်
ကောင်းကျိုးဆန္ဒ။

• အောင်ပါစေသပြေနုနှင့်
ငွေခရုသံစုံခြွေ
သပြေနုကိုယ်စီဝေ
ဘေးဘယာတွေ
ဝေးကွာစေရည်မှန်း
အောင်ပန်းတွေတူပြိုင်ဆက်လို့
ချီတက်ရာခရီးလမ်းမှာ
ချမ်းမြေ့လန်းဆန်း။

ထိန်ဝင်း(ကြည့်မြင်တိုင်)


ညောင်ရေသွန်းကြ ကဆုန်လ

Kasone


ခုနှစ်ထွေမင်းသမီး

Poem


လာဖိရင်တော့ ဇာတိကငုံ့မခံ

Poem