မူးယစ်ဆေးဝါးပါ ကော်ဖီအား သာမန်ကော်ဖီအထင်ဖြင့် မှားယွင်း သောက်သုံးမိရာမှ သံဃာတော်တစ်ပါးနှင့် အမျိုးသားလေးဦး သတိလစ်မေ့မြော

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ အောက်တိုဘာ ၁၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးပါ ကော်ဖီထုတ်တစ်မျိုးအား သောက်သုံးမိ၍  သံဃာတော်တစ်ပါးနှင့် အမျိုးသားလေးဦး သတိလစ်မေ့မြောခဲ့ကြောင်း ဒေသလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ကျောက်တောင်ရပ်ရှိ  နတ်မောက်ရွှေသူဌေးကုန်း ဘုန်းတော်ကြီးကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ ဦးပြုံးမောင်(၅၃)နှစ်၊ ကိုနှင်းသန့်အောင် (၃၂)နှစ်၊ ကိုရဲကိုမျိုး(၁၉)နှစ် နှင့် ကိုထိန်လင်းဦး(၂၇)နှစ်တို့ သတိလစ်မေ့မြောခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၈၄) ဦး တွေ့ရှိ

(၁၆-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၉၈၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၈၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၅၉) ရာခိုင်နှုန်း ရှိပါသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃၁၀) ဦး တွေ့ရှိ

(၁၂-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၉၄၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃၁၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၈၃) ရာခိုင်နှုန်း ရှိပါသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃၄၆) ဦး တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၂ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၃၄၆ ယောက်ထပ်မံတွေ့ရှိတယ်လို့သိရပါတယ်။ အောက်တိုဘာ ၁၁ ရက် ည ၈ နာရီကနေ အောက်တိုဘာ ၁၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁,၃၅၀ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးတွေ့ ရာခိုင်နှုန်း ၃.၀၅ ရာခိုင်နှုန်းရှိခဲ့တာလည်းဖြစ်ပါတယ်။

စပျစ်သီးခြောက်ရဲ့အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အသီးခြောက်တွေအကြောင်းပြောမယ်ဆိုရင် ဇယားရဲ့ထိပ်ဆုံးမှာ အမြဲတမ်းရှိနေတဲ့ စပျစ်သီးခြောက်ကို ချန်ထားခဲ့လို့မရပါဘူး။ အခြောက်ခံထားတဲ့ စပျစ်သီးခြောက်က ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အရသာလည်းရှိပါတယ်။ စပျစ်သီးက အာဟာရဓာတ်ကြွယ်ဝဆိုတာကို ကျွန်တော်တို့တွေသိပြီးသားပါ။ စပျစ်သီးကို အခြောက်ခံလိုက်မယ်ဆိုရင် အာဟာရဓာတ်ပိုများပြီး ကယ်လိုရီသိပ်သည်းစေပါတယ်။

စပျစ်သီးခြောက်က အရှေ့အလယ်ပိုင်းဒေသကနေ ဖြစ်လာတာဖြစ်ပြီး ဉပရောပနိုင်ငံတွေမှာ တဖြည်းဖြည်း လူသိများလာခဲ့တာပါ။ အဲဒီအချိန်တုန်းက စပျစ်သီးခြောက်ကို အစာအဆိပ်သင့်တာကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ အခုတော့ ကမ္ဘာ့တစ်ဝှမ်းမှာ စားသုံးကြတဲ့သစ်သီးခြောက်ဖြစ်ပြီး Smoothie၊ ဖျော်ရည်၊ ဒိန်ချဉ်၊ အုတ်ဂျုံတွေမှာ ထည့်ပြီးစားသုံးလာကြပါတယ်။

ထပ်ဆောင်းကာကွယ်ဆေးထိုးထားပါက ကိုဗစ်ကြောင့်သေဆုံးနိုင်ခြေ ၁.၅ရာခိုင်နှုန်းသာရှိ

ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးထားပါက ကိုဗစ်ရောဂါကြောင့်သေဆုံးနိုင်ခြေမှာ  ၁.၅ရာခိုင်နှုန်းသာ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတွေရဲ့  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားရှိမှု အခြေအနေတွေ ကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူတွေရဲ့ (၈၄.၁) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူတွေနဲ့ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံထားတဲ့သူတွေ ဖြစ်ကြပြီး  (၁၄.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံ ထားရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဦးနှောက်လုပ်ဆောင်ချက်တိုးစေဖို့ ကော်ဖီသောက်သုံးတဲ့အခါ မလုပ်သင့်တဲ့အရာများ

ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကြားမှာ ကော်ဖီသောက်သုံးတာနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေရှိနေပါတယ်။ သိပ္ပံနည်းအရတော့ ကော်ဖီသောက်ခြင်းမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်တဲ့ အလားလာရှိတယ်ဆိုတာကလည်း ငြင်းလို့မရပါဘူး။ ကော်ဖီက သင့်ကို လန်းဆန်းတက်ကြွစေတယ်။ စိတ်ခံစားချက်ကောင်းစေတယ်။

အာရုံစူးစိုက်နိုင်စွမ်းတိုးစေတယ်။ ဉီးနှောက်လုပ်ဆောင်ချက်ကောင်းစေပါတယ်။ ကော်ဖီစေ့မှာ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို ဖြတ်တောက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ အန်တီအောက်စီဒန့်ဓာတ်တွေပါဝင်ပါတယ်။ ကော်ဖီကို နည်းစနစ်မှန်မှန်နဲ့သောက်မယ်ဆိုရင်တော့ ဒီကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်မှာပါ။ သင်က ကော်ဖီချစ်သူဖြစ်တဲ့အတွက် ကော်ဖီသောက်တဲ့နေရာမှာ ကျွမ်းကျင်နိုင်ပေမဲ့ သင်သတိမထားမိရင် တစ်ခုခုမှားယွင်းသွားနိုင်ပါတယ်။

မျက်နှာသုတ်ပုဝါကို တစ်ပတ် ဘယ်နှစ်ကြိမ် လျှော်ဖွတ်ပေးသင့်လဲ

ကပ်ရောဂါဖြစ်ပွားကတည်းက ကျွန်တော်တို့တွေက တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထတွေနဲ့ပတ်သက်ပြီး အရမ်းအလေးထားနေရပါတယ်။ လက်ကို ခဏခဏဆေးတာ၊ Mask တပ်တာနဲ့ အပြင်ကပြန်ရောက်တာနဲ့ အဝတ်အစားလဲလှယ်တာတွေက လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပါပြီ။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ မျက်နှာသုတ်ပုဝါကိုလည်း သန့်ရှင်းနေအောင် ထားဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့တွေက ရေချိုးပြီးတိုင်း၊ မျက်နှာသစ်ပြီးတိုင်း မျက်နှာသုတ်ပုဝါ၊ တဘတ်တို့ကို အသုံးပြုကြပါတယ်။ တဘတ်နဲ့ မျက်နှာသုတ် ပုဝါတွေမှာလည်း ရောဂါပိုးမွှားတွေ ကပ်ညှိနေတတ်ပါတယ်။ မျက်နှာသုတ်ပုဝါက မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့နေရာပါပဲ။ မျက်နှာသုတ်ပုဝါတစ်ခုတည်းကို နေ့တိုင်းအသုံးပြုတာက အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ မျက်နှာသုတ်ပုဝါကို ပုံမှန်လျှော်ဖွတ်မပေးရင် သင့်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာနဲ့ မျက်နှာသုတ်ပုဝါကို တစ်ပတ် ဘယ်နှစ်ကြိမ်လျှော်ဖွတ်ပေးသင့်လဲဆိုတာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိတဲ့ စိတ်ကျရောဂါရဲ့ဆိုးကျိုးများ

စိတ်ကျရောဂါက ကမ္ဘာ့တစ်ဝှမ်းမှာ လူသန်းချီကြုံတွေ့ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပါတယ်။ ဒီရောဂါက သင့်ရဲ့စိတ်ကို ပြောင်းလဲပစ်စေရုံသာမက သင့်ခန္ဓာကိုယ်ကိုလည်း ပြောင်းလဲသွားစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး အခြားပြင်းထန်တဲ့ရောဂါတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ကျောက်ကပ်လုပ်ဆောင်ချက်လျော့နည်းလာခြင်း

စိတ်ကျရောဂါက နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေကိုရော ကျောက်ကပ်ကောင်းတဲ့သူတွေကိုပါ ဆိုးကျိုးသက်ရောက်စေပါတယ်။ ရောဂါဖြစ်တည်မှုကို အရှိန်မြင့်ပေးပါတယ်။ အဖြစ်နိုင်ဆုံးအကြောင်းအရင်း တွေထဲက တစ်ခုကတော့ အလိုအလျောက်ကိုယ်ခံအားကျစေတဲ့ ရောင်ရမ်းမှုဆိုရင်ပရိုတင်းတွေတိုးလာစေပြီး ကျောက်ကပ်လုပ်ဆောင်ချက်အားနည်းလာစေနိုင်တာပါပဲ။

ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်မယ့် ဒန့်သလွန်သီး

ဒန့်သလွန်သီးကလည်း လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ဟင်းသီးဟင်းရွက်ပါပဲ။ ဒန့်သလွန်သီးက အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင် သင့်ကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်စေပါတယ်။ ကျွန်တော်တို့ ဒန့်သလွန်သီးကို စားသုံးဖြစ်တဲ့ပုံစံက ပဲကုလားဟင်းအနေနဲ့ ချက်စားဖြစ်ကြတာပါ။ အရည်သောက်အနေနဲ့ ချက်စားဖြစ်တာများပါတယ်။ ဒန့်သလွန်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးကို မပြောပြခင်မှာ အာဟာရဓာတ် ဘယ်လောက်ပမာဏပါဝင်တယ်ဆိုတာကို အရင်ဆုံးမျှဝေပေးပါမယ်။

ဗီတာမင် အေ (၆.၇၈) မီလီဂရမ်

သိုင်ရာမင်း (Thiamine) (ဝ.၀၆) မီလီဂရမ်