ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်မားမှုကြောင့် ရုတ်တရက်သေဆုံးသူတွေများလာကြောင်း လင်းလက်လူမှုကူညီရေး အသင်းမှ သိရသည်။
“ အပူချိန်မြင့်လာတဲ့အတွက် ရုတ်တရက် အသက်ရှူမွန်းကြပ်တာတွေ။ ရောဂါရှိတဲ့သူတွေဆိုရင် မောလာတာတွေ ဖြစ်တာပေါ့။ ခရီးသွားရင်းနဲ့လည်း ဖြစ်တတ်တယ်။ ၁၀ ဦးမှ ၅ ဦးက အပူချိန်မြင့်တက်မှုကြောင့်ဖြစ်တာ။ ဦးနှောက်သွေးကြောပြတ်တာရှိတယ်၊ လေဖြတ်သွားတာတို့ ဘာတို့ ဖြစ်တာရှိတယ်။ အဲဒါကြောင့် ဂရုစိုက်ဖို့မှာချင်တယ်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။