ထရပ်ကားဒရိုင်ဘာများ၏ သပိတ်မှောက်မှု ရပ်ဆိုင်းရေး ဒီဇယ်ဈေးနှုန်းများ လျှော့ချမည်ဟု ဘရာဇီးသမ္မတ ကတိပြု

ဘရာဇီးနိုင်ငံတွင် ထရပ်ကားဒရိုင်ဘာများ၏ သပိတ်မှောက်ဆန္ဒပြနေမှုများ ပိတ်သိမ်းရပ်ဆိုင်းသွားရေးအတွက် ဒီဇယ်ဈေးနှုန်းများကို လျှော့ချပေးသွားမည်ဟု သမ္မတ မိုက်ကယ် တီမာက ကြေညာလိုက်သည်။

အဆိုပါ နိုင်ငံတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ၀င်ငွေထိခိုက်ရသည်ဟု ဆိုကာ ထရပ်ကားသမားများက လမ်းများပေါ်တွင် ပိတ်ဆို့သပိတ်မှောက်နေခဲ့ကြခြင်း ဖြစ်သည်။

 ၎င်းတို့၏ သပိတ်မှောက်မှုသည် ယခုအခါ ရက်ပေါင်း ခုနစ်ရက် ကျော်လာခဲ့ပြီဖြစ်ကာ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်အပေါ် ထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်စေနေလျက်ရှိကြောင်း သိရသည်။

ဖြစ်နိုင်ခြေရှိ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့အကြား အစည်းအဝေး မွန်းဂျေအင်းလည်း ပူးပေါင်းပါဝင်နိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့အကြား ဖြစ်လာနိုင်ခြေရှိ စင်ကာပူထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းလည်း ပူးပေါင်းပါဝင်နိုင်ခြေ ရှိကြောင်း ဆိုးလ်မြို့ သမ္မတအိမ်တော်က ထုတ်ပြန်ပြောကြားလိုက်သည်။

သမ္မတ မွန်းဂျေအင်းအနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်၊ အမေရိကန်သမ္မတတို့နှင့် သုံးပွင့်ဆိုင် စည်းဝေးဖို့ အတွက် ဇွန်လမှာ စင်ကာပူကို ခရီးသွားနိုင်ဖွယ် ရှိကြောင်း ဆိုးလ်မြို့ သမ္မတ အိမ်တော်က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

သီရိလင်္ကာတွင် မုတ်သုံမိုး သည်းထန်မှုအတွင်း သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ကိုလံဘို၊ မေ ၂၈

သီရိလင်္ကလာနိုင်ငံတွင် ပြီးခဲ့သည့် ဆယ်ရက်က မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းများအတွင်း သေဆုံးသူ ဦးရေသည် အနည်းဆုံး ၂၃ ဦး ရှိသွားပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းကြသူများမှာ ၇၅၀၁၃ ဦးရေရှိကြောင်း နောက်ဆုံးတရားဝင်စာရင်းများအရ သိရသည်။

လူများအား ဒုက္ခသည်စခန်းနှင့် ခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားနေစဉ် ပျောက်ဆုံးသူဦးရေ ၁၃ ဦး ရှိကြောင်း နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲရေးစင်တာက ထုတ်ပြန်သည်။

အမေရိကန်အကျဉ်းသားကို လွှတ်ပေးသော်လည်း ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန် ဆက်လက်အရေးယူပိတ်ဆို့

ဗင်နီဇွဲလားက လွှတ်ပေးသော အမေရိကန်သာသနာပြု ဂျိုရှာဟိုလ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ တွေ့ရစဉ် (Yuri Gripas/reuters)

 ဗင်နီဇွဲလားနိုင်ငံ၌ ၂ နှစ်ကြာ အကျဉ်းကျနေသော အမေရိကန်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးတို့ကို စနေနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဝါရှင် တန်အစိုးရအနေဖြင့် ဗင်နီဇွဲလား အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည်ဖြစ်ကြောင်း ကန် ဒုသမ္မတမိုက်ပင့်စ်ကပြောသည်။

နိုင်ငံပိုင် နျူကလီးယားစမ်းသပ်စခန်းကို မြောက်ကိုရီးယားဖြိုဖျက်

ဆိုးလ်၊ တောင်ကိုရီးယား၊ မေ ၂၅

မြောက်ကိုရီးယားအစိုးရသည် နိုင်ငံတကာမှ သတင်းစာဆရာများနှင့် မီဒီယာများကို ဖိတ်ခေါ်ပြီး ၄င်းတို့ ရှေ့မှောက်တွင် နိုင်ငံပိုင်နျူကလီးယားစမ်းသပ်စခန်းကို အပြီးတိုင်ဖြိုဖျက်ပြီးခဲ့ပြီဖြစ်ကြောင်း ကြာသာပတေး နေ့တွင် ကြေညာခဲ့သည်။

ဖိတ်ကြားခံခဲ့ရသော သတင်းထောက်များ၏အဆိုအရ မြောက်ကိုရီးယားအာဏာပိုင်များသည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းမှ Punggye-ri နျူကလီးယားစမ်းသပ်စခန်း၏ အခြေခံအဆောက်အဦးများ၊ မြေအောက် စမ်းသပ်ခန်းသို့ ၀င်နိုင်သော ဥမင်လှိုဏ်ခေါင်းပေါက်များနှင့် ဖွဲ့စည်းပုံအဆောက်အဦးများကို ဖောက်ခွဲရေး ပစ္စည်းများ အသုံးပြုကာ တစ်နေကုန်ဖြိုချဖျက်စီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မလေးရှားလေယာဉ် ရုရှားတွေ ပစ်ချခဲ့ဟု နယ်သာလန် ကြေညာ

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က ယူကရိန်းနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းနေစဉ် ပျက်ကျသွားခဲ့တဲ့ မလေးရှားလေကြောင်း လိုင်းက ခရီးစဉ်အမှတ် MH17 လေယာဉ်ပျံကို ရုရှားတပ်ဖွဲ့တစ်ခုက ဒုံးပျံနဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ နယ်သာလန် အစိုးရ ရှေ့နေတွေက ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ အဲဒီလေယဉ်ပျံပေါ်မှာပါသူ ၂၉၆ ဦးလုံး အသက်ဆုံးခဲ့ပြီး အများစုက နယ်သာလန်နိုင်ငံသားတွေပါ။

နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည်လေးစင်း ရုရှားရေငုပ်သင်္ဘော စမ်းသပ်ပစ်လွှတ်

ရုရှား ရေငုပ်သင်္ဘော တစ်စီးသည် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် တိုက်ချင်းပစ် ဒုံးကျည် လေးစင်းကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ပြခဲ့သည်။

နျူကလီးယား စွမ်းအင်သုံး Yuri Dolgoruky ရေငုပ်သင်္ဘောသည် ပင်လယ်ဖြူရှိ လက်နက် စမ်းသပ်ရာ ရေပြင်ဧရိယာတွင် Bulava တိုက်ချင်းပစ် ဒုံးကျည် လေးစင်းကို ရာနှုန်းပြည့် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားရေတပ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ထရမ့်ဖျက်သိမ်း

မြောက်ကိုရီးယားအစိုးရ၏ ရန်လိုသော သဘောကို အပြစ်ဆိုကာ ခေါင်းဆောင် ကင်ဂျုံးအွန်နှင့် ထိပ်သီး တွေ့ဆုံမည့် အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ဖျက်ကြောင်း ကင်ဂျုံးအွန်ထံသို့ မေ ၂၄ ရက်တွင် သတင်းပါးလိုက်သည်။

ထိုင်းနိုင်ငံမှာ အငှားယာဉ်မောင်းကို ဗိုလ်ချုပ်အမှတ်နဲ့ လာဘ်ငွေပေးခဲ့တဲ့ ရဲအရာရှိ(၆)ဦး တရားစွဲဆိုခံရ

ထိုင်းနိုင်ငံမှာ ရာထူးတိုးပေးဖို့အတွက် လာဘ်ငွေပေးခဲ့တဲ့ ရဲအရာရှိ(၆)ဦးကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

 အဲ့ဒီရဲအရာရှိတွေ လာဘ်ငွေပေးခဲ့သူဟာ ဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန် လို့ ဟန်ဆောင်ထားတဲ့ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပါတယ်။
 အသက်(၄၅)နှစ်အရွယ် အငှားယာဉ်မောင်းဟာ သူ့ရဲ့ လူမှုကွန်ရက် LINE application ရဲ့ profile မှာ ဗိုလ်ချုပ် ဆူရာချာတီရဲ့ဓာတ်ပုံကို တင်ထားတာပါ။

ပါကစ္စတန်၌ အပူလှိုင်းဖြတ်ခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံး

ကရာချီ၊ ပါကစ္စတန်၊ မေ ၂၄

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချီ၌ ယခုအပတ်အတွင်း အပူလိုင်းဖြတ်မှုများကြောင့် လူဒါဇင် ပေါင်းများစွာသေဆုံးခဲ့ရကြောင်း နာရေးကူညီမှုအသင်းတစ်သင်းက အင်္ဂါနေ့ကဆိုခဲ့ပြီး ဒေသတွင်းအပူချိန်မှာ ၁၀၈ ဒီဂရီ ဖာရင်ဟိုက်ရှိကြောင်း ပြောခဲ့သည်။

အက်ဒ်ဟီဖောင်ဒေးရှင်း၏အဆိုအရ ပူအိုက်လှသောရာသီဥတုကြောင့် ပြီးခဲ့သောရက်ပိုင်းအတွင်း ရေခဲတိုက်သို့ ၄င်းတို့ပို့ဆောင်နေကြ ပုံမှန်အလောင်းအရေအတွက်ထက် ပိုမိုများပြား လာကြောင်း သိရသည်။