ဆီရီနာဝီလျံကို အနိုင်ယူပြီး အန်ဂျလစ်ကာဘာ ဝင်ဘယ်ဒန်ချန်ပီယံဖြစ်လာ

အန်ဂျလစ်ကာဘာသည် ဝင်ဘယ်ဒန်ချန်ပီယံ ခုနစ်ကြိမ်ရ ဆီရီနာဝီလျံကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ပထမဆုံး ဝင်ဘယ် ဒန်ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။ ဂျာမနီမှ နိုင်ခြေအဆင့် (၁၁) ကာဘာသည် ၂၀၁၆ က သြစတြေးလျ အိုးပင်းနှင့် ယူအက်စ်အိုးပင်း ချန်ပီယံဖြစ်ပြီးနောက် ၎င်း၏ တတိယမြောက် ဂရင်းဆလမ်း ဖလားကို ရယူခဲ့သည်။ ဆီရီနာသည် ပထမဆုံး ကလေးမွေးဖွားပြီး ၁၀ လအကြာ တွင် ဝင်ဘယ်ဒန်ဗိုလ်လုပွဲ တက်လာကာ ၎င်းအတွက် ၂၄ ကြိမ် မြောက်ဖြစ်မည့် ဂရင်းဆလမ် ဖလားရရှိရန် ကြိုးစားခဲ့သည်။

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူ

ဇူလိုင် ၁၅ ရက် က ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက် ကွီအို (၃၉) နှစ်သည် ငယ်မူငယ် သွေးပြကာ WBA ဝယ်သာဝိတ် ချန်ပီယံ လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံး နိုင်ပွဲပြန်ရ ယူခဲ့သည်။

ဂျူဗင်တပ်တွင် ရော်နယ်ဒိုကမ္ဘာ့တတိယ လစာအများဆုံး ကစားသမားဖြစ်လာ

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုသည် ရီးရဲလ်မှ ဂျူဗင် တပ်သို့ ယူရို ၁၀၂ သန်းဖြင့် ပြောင်းရွှေ့ပြီးနောက် တစ်ပတ် လုပ်ခပေါင် ငါးသိန်းရရှိမည်ဖြစ် ရာ ၎င်းသည် မက်ဆီနှင့် နေမာတို့ နောက် ကမ္ဘာ့တတိယ လစာအ များဆုံး ကစားသမားဖြစ်လာ သည်။

အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် မလေးရှား အသင်းတို့  ဆုံတွေ့ 

ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်သို့  တက်ရောက်နိုင်ခဲ့သည့် မြန်မာယူ ၁၉ အသင်းသည် ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် တွေ့ ဆုံ ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။

ခရိုအေးရှားအစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်လာသူများ ဘောလုံးအသင်းဂျာစီဝတ်ပြီး ဂုဏ်ပြု

ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန်ကို နိုင်ပြီး ဗိုလ်လုပွဲ ပြင်သစ်နဲ့ ယှဉ်ပြိုင်ရမယ့် နိုင်ငံရဲ့ ဘောလုံးအသင်းကို ဂုဏ်ပြုပြီး ခရိုအေးရှား ဝန်ကြီးချုပ် အန်ဒရက်ပလန်ကိုဗစ်နဲ့ သူ့ဝန်ကြီးအဖွဲ့ဟာ ဇူလိုင် ၁၂ ရက်က အစိုးရအဖွဲ့ အစည်းအဝေးကို အနီနဲ့ အဖြူကွက် နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း အင်္ကျီတွေ ဝတ်ပြီး ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပေါင်သန်း ၉၀ ရှိပြီဖြစ်တဲ့ မိုဗစ်ခ်ျရဲ့ နည်းပြလျော်ကြေး

ချဲလ်ဆီးအသင်းဟာ အီတလီလူမျိုးနည်းပြကွန်တီကို ထုတ်ပယ်ဖို့အတွက် မနေ့တုန်းက လျော်ကြေးပေါင် ၉ သန်း နဲ့ သဘောတူညီမှု ရရှိပြီး တရားဝင် လမ်းခွဲနိုင်ခဲ့ပါတယ်။

ဒါဟာ ၂၀၀၃ ခုနှစ်က ချဲလ်ဆီးအသင်းကို ရုရှားဘီလျံနာအေဘရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်းမှာ အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ၉ ဦးမြောက် နည်းပြလည်းဖြစ်ခဲ့ကာ သူတို့အားလုံးအတွက် မိုဗစ်ခ်ျ ပေးချေခဲ့ရတဲ့ လျော်ကြေးက လည်း ပေါင်သန်း ၉၀ နီးပါးအထိ ရှိနေပြီလို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဘလွန်းဒီအောကို ဂရုမစိုက်ဘဲ ကမ္ဘာ့ဖလားသာလိုအပ်ဟု မက်ဘီပြော

ကမ္ဘာ့ဖလားကိုသာအ လိုရှိပြီး ဘလွန်းဒီအောကဲ့သို့တစ် ဦးချင်းဆုများကို စိတ်မဝင်စားဟု ပြင်သစ် ဆယ်ကျော်သက် တိုက် စစ်မှူး ကိုင်လီယန်မက်ဘီက ပြောကြားသည်။

မက်ဘီသည် ပြင်သစ်က ဘယ်လ်ဂျီယံကို နိုင်သောပွဲတွင် ခြေစွမ်းပြခဲ့ပြီး တိုက်စစ်မှူး အိုလီ ယာဂျီရော့ဒ်အတွက် ပဉ္စလက် ဆန်သောဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့သည်။

ဆီမီးဖိုင်နယ် ကျိန်စာဆိုး သင့်နေခဲ့တဲ့ အင်္ဂလန်အသင်း

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလမ်းခရီးဟာ ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်အဆင့်နဲ့တင် အဆုံးသတ်ပြီးဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ခြင်္သေ့သုံးကောင်လို့ နာမည်ပြောင်ရ အင်္ဂလန်အသင်းဟာ မာရီယိုမန်ဇူကစ်ရဲ့ အချိန်ပိုသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပြီး အသည်းကွဲသွားခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အင်္ဂလန်အသင်းရဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ် ပွဲ (၄)ပွဲမြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။ 

ဗိုလ်လုပွဲတက်ရေး ခရိုအေးရှားနှင့် အင်္ဂလန် အကြိတ်အနယ်ကစားမည့်ည

ခရိုအေးရှား-အင်္ဂလန် (ည ၁၂း ၃၀ နာရီခွဲ)

ငယ်ဂုဏ်ရှိသော အင်္ဂလန်နှင့် သမ္ဘာရင့်ကစားသမားများစုဖွဲ့ထားသော ခရိုအေးရှားတို့ ထိပ်တိုက် တွေ့ဆုံပွဲ ဖြစ်သည်။ ခရိုအေးရှားက အုပ်စုကျပ်အတွင်း ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး တည်ငြိမ်သော ခြေစွမ်းပြသခဲ့သော်လည်း (၁၆)သင်း အဆင့်တွင် ဒိန်းမတ်၊ ကွာတားဖိုင်နယ်တွင် အိမ်ရှင်ရုရှားကို ပယ်နယ်တီ အဆုံးဖြတ်များဖြင့်သာ ကျော်ဖြတ် နိုင်ခဲ့သည်။

စပိန်တိုက်စစ်မှူးဟောင်း တောရက်စ် ဂျပန်လိဂ်သို့ ပြောင်းရွှေ့

ပြီးခဲ့သည့်လက အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာပြီးနောက် ဂျပန်လိဂ်(ဂျေလိဂ်)ကလပ် ဆာဂန်တိုဆူတို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကြောင်း စပိန်တိုက်စစ်မှူးဟောင်း ဖန်နန်ဒိုတောရက်စ်က ကြေညာသည်။