မန်ယူအသင်းက ဆွစ်ဇာလန်ကလပ်ယန်းဘွိုင်းစ်ကို 1-0 နဲ့အနိုင်ရခဲ့တဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ရောက်မှ ကွင်းလယ်လူဖယ်လိုင်နီက အနိုင်ဂိုး ရယူပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးဝင်သွားချိန်မှာ ကွင်းဘေးစည်းမှာ ရှိနေတဲ့ နည်းပြမော်ရင်ဟိုက ကစားသမားတွေ သောက်ဖို့ထားတဲ့ ရေဗူးတွေကိုပါ ရိုက်ခွဲလိုက်ကာ ဒေါသတကြီးနဲ့ အောင်ပွဲခံခဲ့ပါတယ်။