အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဒေသ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှစ်စဉ်ကြေး ပေးသွင်း

 

ပဲတိုင်းဒေသကြီး (အရှေ့ပိုင်း) တောင်ငူခရိုင် ပါတီကော်မတီဝင် အုတ်တွင်းမြို့နယ် နယ်မြေတာဝန်ခံ ဦးလွင်မြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးအုန်းကျော် ၊ ဘဏ္ဍာရေးမှူး ဦးတင်အုန်း ထံသို့ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဒေသ ပါတီဝင်နှစ် စဉ်ကြေး ကောက်ခံရှိသော ၅၀ ဦးအတွက် ပထမအရစ် နယ်မြေတာဝန်ခံ ဦးသန့်စင်ဝင်း ဦးမြင့်ဦးကျော် စည်းရုံးရေးမှူး ဦးဟန်လင်းအောင် တို့မှ မတ်လ (၆) ရက်နေ့တွင် ပါတီဝင်နှစ်စဉ်ကြေး ပေးသွင်းကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တောင်ကြီးမြို့ခံ ရပ်မိရပ်ဖများနှင့်လူမှုရေးအသင်းအဖွဲ့များအားတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ရှမ်းပြည် နယ် တောင်ကြီးမြို့ရှိRoyal Taunggyi Hotel ၌ တောင်ကြီးမြို့ခံ ရပ်မိရပ်ဖ များနှင့် လူမှုရေးအသင်းအဖွဲ့များအား မတ်လ (၆) ရက် မွန်းလွဲ ၁ နာရီတွင် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ သိုင်းပညာသင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြန်မာ့ရိုးရာ အခြေခံကိုယ်လုံပညာ (သိုင်း) သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို သာကေတမြို့နယ်တွင် ယမန်နေ့ ညနေ ၄နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်ကျေးကော်မတီဝင် ပါတီဝင်များ နှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ကော်မတီဝင်၊ ပါတီဝင်များ တွေ့ဆုံပွဲကို မတ်လ (၆) ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

နိုင်ငံတော်သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒ န္တပဒုမာဘိဝံသ၏ ဈာပနအတွက် ပြည်ခိုင်ဖြိုးပါတီဗဟိုမှ အလှူငွေများ လှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသ၏ ဈာပနအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီဗဟိုမှ ငွေကျပ်သိန်း ( ၃၀ ) လှူဒါန်းခဲ့ပါသည် ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိ၊ သံရုံးမိသားစုများအား တွေ့ဆုံ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Ngo Xuan Lich ၏ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ်လ (၅) ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

(more…)


အောက်ခြေတွင် ပဋိပက္ခဖြစ်ပွားပါက စစ်ရေးအရ မဖြေရှင်းရန် SSPP နှင့် TNLA ပူးတွဲထုတ်ပြန်

အောက်ခြေတပ်ဖွဲ့များကြား ပဋိပက္ခဖြစ်ပွားပါက စစ်ရေးအရဖြေရှင်းခြင်းမပြုလုပ်ရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တအာင်းအဖွဲ့ (TNLA) တို့ နှစ်ဖက်သဘောတူညီချက်အရ ပူးတွဲညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ (more…)


လန်ဒန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရားခွင်ကို ယနေ့စတင်ဖွင့်လှစ်

 

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာ အမြင်များစုစည်းမည့်တရားခွင်ကို ယနေ့ (မတ်လ ၆ရက်) ကစ၍ လန်ဒန်ရှိ Queen Mary University of London၊ နိုင်ငံတကာ နိုင်ငံတော်အဆင့် ပြစ်မှုဆိုင်ရာ ဥပဒေသုတေသနဌာနတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ မကျဆင်းရန် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့စေနိုင်မည့် နည်းလမ်းများကို အသုံးပြုရေး ရွေးကောက်ပွဲကော်မရှင်ထံ ERCB အကြံပြု

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာမဲစာရင်းကို ပြည်သူများလာရောက်ကြည့်ရှုမှုများ နည်းသဖြင့် မဲလာပေးသူဦးရေ ကျဆင်းနိုင်ကြောင်း ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက် မှုအဖွဲ့က ထုတ်ပြန်လိုက် ကြောင်း သိရသည်။ (more…)


မော်ရိုကန် အစ္စလာမ္မစ်ဟက်ကာ (Hacker) အဖွဲ့တစ်ခုမှ မြန်မာအစိုးရ အင်တာနက် စာမျက်နှာများကို တိုက်ခိုက်ခဲ့

မော်ရိုကန် အစ္စလာမ္မစ်ဟက်ကာ (Hacker) အဖွဲ့တစ်ခုသည် မြန်မာအစိုးရ အင်တာနက်စာမျက်နှာများကို မတ် ၅ ရက်က ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)