NCA လက်မှတ်ထိုးနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံအဖြေရှာရန် UNFC အဆိုပြု

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညီညွတ်သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံအဖြေရှာရန် အစိုးရထံ အဆိုပြုကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် က ပြောသည်။

ကုလအထွေထွေညီလာခံတက်ရောက်ခဲ့သည့် ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ

(၇၂)ကြိမ်မြောက်ကုလ သမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သော ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၅ ရက်တွင် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင် ရာ လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာခဲ့သည်။  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ အထွေထွေ မူဝါဒမိန့်ခွန်းပြောကြားသော ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၄ ရက်တွင် ဂျွန်အက်ဖ် ကနေဒီလေဆိပ်မှ အင်ချွန်းအ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန် လည်ထွက်ခွာခဲ့သည်။

ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး မြန်မာအစိုးရ၏ အစီအစဉ်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြိုဆို

ရခိုင်ပြည်နယ်တွင် မကြာမီက ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေး ဝန်ကြီးများက စိုးရိမ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ ရခိုင်ပြည်နယ်လူသားချင်း စာနာထောက်ထားရေး  အခြေအနေ ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ပြီး မြန်မာအ စိုးရ၏ ပြဿနာဖြေရှင်းရေးအစီ အစဉ်များကို ထောက်ခံကြောင်း ဖော်ပြထားသည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပ

 

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို (၂၆.၉.၂၀၁၇) ရက်နေ့ တွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာ စကားပြောကြားခြင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက် ၊ စည်းကမ်းချက်များ ဆုချီးမြှင့်မည့် အစီ အစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ချောင်းဆုံပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်

 

စက်တင်ဘာလ (၂၅)ရက်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး/မြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်သူ /မြို့နယ်ကော်မတီဝင်များ ဦဆောင်၍ကရင်ဝင်းစိန်/ကမနင်း ကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီဝင်များစီစစ်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Aye Zaw Than


တံတားဦး ပြည်ခိုင်ဖြိုးပါတီ လူငယ်လှုပ်ရှားမှုအဖြစ် သမ္ဗုဒ္ဓေဘေးရန်ကင်း စေတီတော် ပရ၀ုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်

 

(၂၅.၉.၂၀၁၇) ရက်နေ့တွင်​ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွင့်ဖြိုးရေးပါတီမှ လူငယ်လှုပ်ရှားမှုအဖြစ် ရန်ကုန်- မန္တလေး အမြန် လမ်း၊ စကားအင်းတိုးဂိတ်အနီး တည်ထားကိုးကွယ်ထားသော သမ္ဗုဒ္ဓေ ဘေးရန်ကင်းစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်ကာ လုပ်​အားဒါနကုသိုလ်ယူဆောင်ရွက်ခဲ့ပါသည်။

Crd;


ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးပြုလုပ်

 

(25.9.2017)နေ့လည်(2:30)အချိန်တွင် ကန်ကြီးထောင့်မြို့နယ်စည်ပင်၊ စီမံ၊မြို့မြေစီမံ ခန့်ခွဲမှုကော်မတီများအစည်းအဝေးကိုမြို့နယ်ထွေအုပ်စည်းအဝေးခန်းမ၌ကျင်းပရာပြည်သူ့လွှတ်  တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူ၊မြို့နယ် အုပ်ချူပ်ရေးမှုးနှင့်ဌာနဆိုင်ရာများ၊မြို့နယ်စည်ပင်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါ သည်။

USDP Ayeyarwady Region News


ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဌာနချုပ်ရှိ၊ ပြည်ထောင်စုခန်းမ ဆောင်တွင် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျှက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများ ´´ နိုင်ငံတော် အခြေပြမိတ်ခွန်းနှင့်စပ်လျှဉ်းပြီးပါတီတွင်းအဖွဲ့(၆)ဖွဲ့ခွဲ၍ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ပါ သည် ။

ယင်းဆွေးနွေးပွဲတွင် ပါတီဗဟိုအကြီးအကဲများတက်ရောက်ပြီး အကြံပြုဆွေးနွေးသူများမှာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လျှက်ရှိသော “နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ် စဉ်(၂)တွင်တက်ရောက်လျှက်ရှိသည့်သင်တန်းသား/သူ အစုအဖွဲ့ (၉၇)ဦးတို့မှ အဖွဲ့(၆)ဖွဲ့ ခွဲ၍ အဖွဲ့ကိုယ်စား (၆)ဦး၏ဆွေးနွေးမှုအပေါ် ထပ်ဆင့်တင်ပြဆွေးနွေးသူများဖြင့်
ဆွေးနွေးခဲ့ကြပါသည်။

သန်လျင်ပြည်ခိုင်ဖြိုးဘုန်းတော်ကြီးကျောင်းများသို့ဝတ္ထုငွေနှင့်အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင်လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေ နှင့်သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီအဖွဲ့များ အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မင်္ဂလွန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပြည်တော်သာ ကျေးရွာများသို့ ယမန်နေ့ကသွားရောက်ပြီး ဆရာတော်များအား ဖူးမြော် ကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်သင်ကြားနေသော ကလေးငယ်များအား အာဟာရ ဒါနကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်၍ကျေးရွာများရှိ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်အဆင့်နှုတ်မှုရေးရာနှင့်သီချင်းဆိုပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှုတ်မှုစွမ်းရည်စကားပြောနှင့်သီချင်းဆိုပြိုင်ပွဲအား ယနေ့နံနက် ၁ဝ နာရီတွင် စတင်ကျင်းပခဲ့သည်။