ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးဟာ နိုင်ငံအချုပ်အခြာအာဏာကို မထိခိုက်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။
နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ အစိုးရရဲ့ ဒုတိယတစ်နှစ်တာကာလ လုပ်ဆောင်ချက် သတင်းစာ ရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။