ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လွိုင်ကော်၊ မေလ ၂၄

ယနေ့ ၂၄ – ၅ – ၂၀၁၈ ရက်နေ့ နံနက် (၁၀း၁၅) နာရီမှ (၁၁း၅၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုကြပြီး၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ သည်။ ယင်းနောက် သဘာပတိ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးစိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် (၆) မြို့နယ်မှ ပါတီဝင်များမှ မြို့နယ်အလိုက် ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ ပေးအပ်ခဲ့သည်။

ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲကျင်းပ

24.5.2018

၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တနသာင်္ရီတိုင်းဒေသကြီး ပုလောမြို့နယ် ကဒဲကျေးရွာ အုပ်စုအတွင်းရှိ ရွာများဖြစ်သော ပဝတ်ကုန်းရွာ၊ လက်ပံပြင်ရွာ၊ ကဗျာကျေးရွာ၊ ပဝတ်ဖျားရွာများမှ ပြည်သူများ ရွာလုံးကျွတ်နီးပါး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခြင်း၊ ပါတီဝင်အဆိုပြုလွှာများ စုပေါင်း ပေးအပ်ပွဲအခမ်းအနားအား ပဝတ်ဖျားကျေးရွာ ခရစ္စယာန်ချပ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပျော်ဘွယ်မြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

ပျော်ဘွယ်၊ မေ ၂၃

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် တွင်းရွာအုပ်စု ရုံးကုန်းကျေးရွာ၌ ယနေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

နိုင်ငံတော်သမ္မတ (ငြိမ်) ဦးသိန်းစိန် ဆရာ​တော်​ကြီး၏ကျန်းမာရေးအခြေအနေများ မေးမြန်းလျောက်ထားကာ လှူဖွယ်​ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နိုင်​ငံ​တော်​သမ္မတ(ငြိမ်း) ဦးသိန်းစိန်​သည်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​၊ ဦးတင့်​လွင်​ဦး၊ ဦး​ကျော်​စန်းတို့ လိုက်​ပါလျက် (၂၄-၅-၂၀၁၈) ရက်နေ့ နံနက်​ (၈) နာရီအချိန်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင် အခန်း (၁၁၀) တွင် တက်ရောက်ဆေးဝါးကုသမှုခံယူလျက်ရှိသော မဟာအောင်မြေမြို့နယ် ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်းဆရာတော် ရွှေကျင်နိကာယဥပဥက္ကဌ တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တမာနိတသီရိဘိဝံသ ထံသို့သွားရောက်ဖူး​မျှော်​ကန်​​တော့ပြီး ဆရာ​တော်​ကြီး၏ ကျန်းမာရေးအခြေအနေများ မေးမြန်းလျောက်ထားကာ လှူဖွယ်​ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပါသည်​။

ကချင်ပြည်နယ် လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ

လူငယ်ညီလာခံအကြို ကချင်ပြည်နယ် လူငယ်နှီးနှောဖလှယ်ပွဲကို (၂၄-၅- ၂၀၁၈) ရက်နေ့ နံနက် (၉) နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ဗဟိုအလုပ်အမှုဆောင်၊ လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံ ၊ ပြည်နယ်နာယက ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲကို ယနေ့နှင့်မေလ (၂၅) ရက်ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ဥက္ကဋ္ဌများက ၄င်းမြို့နယ်၏အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေး မှူး ဦးဆန်းညွန့်အောင်နှင့် ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့က လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်မှ ပါတီဝင်သစ် အင်အား ၄၀၀ ကျော် တစ်နေ့တည်း ဝင်ရောက်ခဲ့

စစ်တွေ၊ မေ ၂၃

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များမှ ပါတီဝင်သစ် အင်အား ၄ဝဝ ကျော်မှာ ယခုလ ၂၁ ရက် တစ်နေ့တည်းတွင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

ကျောက်တန်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ထပ်မံဖွင့်လှစ်

 

ရန်ကုန်၊ မေ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရမည်းသင်းမြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ရမည်းသင်း၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မ တီဝင်များသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု ကန်မြင့်ကျေးရွာတွင် ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။