ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ “ပါတီဝင်အသစ် တွေ့ဆုံပွဲ” အခမ်းအနားပြုလုပ်

 

ဖေဖော်ဝါရီ ၂၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနား တက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲကို ယမန်နေ့ ညပိုင်းတွင်နေ ပြည်တော်ရှိ မြို့တော်ခန်းမဥပစာ ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇေယျာသီရိမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများ ပါတီဝင်များအား တွေ့ဆုံကာ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မင်းဝင်တောင် နေလစေတီရှင်သို့ အလှူငွေ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်နှင့်မြို့နယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီ နေပြည်တော်ခရိုင်ပါတီနှင့် မြို့နယ်ပါတီကော်မတီများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ လုပ်ငန်းညှိနှိုင်းပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စုနယ်မြေ နာယကများ ဖြစ်ကြသော ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီးတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ပါတီအတွင်း စည်းလုံးညီညွတ်ရေးနှင့် ပါတီ အောင်နိုင်ရေး ကိစ္စများရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ခရိုင်ကော်မတီဝင်များက မြို့နယ်တွင်း ပါတီလုပ်ငန်းဆောင်ရွက်ချက်များ၊ ပါတီအောင်နိုင်ရေးကိစ္စများ ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌနှင့် နာယက ကြီးများက ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အောင်အောင်(နေပြည်တော်)

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကျေးရွာပြည်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာပြည်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက ကျေးလက်နေပြည်သူများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ

 

နေပြည်တော် သြဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခမဲ့နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ကျေးလက်နေ ပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လိုက်လံကုသဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် သရက်တောအုပ်စု ပိုးစာတောကျေးရွာ ဦးကျော်ခင်နေအိမ် (ရပ်/ကျေးပါတီရုံး) ၌ ကျေးလက်နေပြည်သူ ၁၆၃ ဦးအား အခမဲ့ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ အလားတူ ယခင်ရက်များကလည်း မိုးစွေအုပ်စုနှင့် ဘုရားတောင်အုပ်စုမှ ပြည်သူလူထု ၂၉၅ ဦး၊ ယနေ့ ၁၆၃ ဦး၊ ဥတ္တရသီရိမြို့နယ်အတွင်း စုစုပေါင်း ၄၁၈ ဦးတို့အား အခမဲ့ဆေးဝါးကုသ ပေးနိုင်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ သီဟသွေးချစ်သူများ မွန်ပြည်နယ်အတွင်း ရေဘေးလှူဒါန်းမှုများ ဆောင်ရွက်

 

သြဂုတ် ၂၀၊ ကျိုက်မရော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (နေပြည်တော်) ပြည်ထောင်စုနယ်မြေမှ သီဟသွေးချစ်သူများအဖွဲ့ ပါတီဝင် လူငယ်များစုပေါင်းပြီး ၂၀-၈-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ် ကျိုတ်မရောမြို့နယ် အတွင်းရှိ အတ္ထရံ ပေါလောအုပ်စု ပေါလောကျေးရွာနှင့်ရွာခွဲ (၆)ရွာ အတွက် ဆန်များ၊ အသာင့်စားသုံးနိုင်သော အစားအစာများအား သွားရောက်လှူဒါန်း ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီ (နေပြည်တော်) သီဟသွေးချစ်သူများ မွန်ပြည်နယ်ရေဘေးသို့ လှူဒါန်းရန် ထွက်ခွာ

 

ဩဂုတ် ၁၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သီဟသွေးချစ်သူများ စုပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေး လှူဒါန်းမှုများ ပြုလုပ်ရန် ၁၉-၈-၂၀၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စတင်ထွက်ခွာကြောင်း သတင်းရရှိ ပါသည်။


ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

သြဂုတ် ၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၇-၈-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြ ပါသည်။