ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ဒုတိယနေ့ ကျင်းပ

ဇွန် ၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

ဆဋ္ဌမအကြိမ်ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ဒုတိယနေ့အား နံနက်ပိုင်းအခမ်းအနားအစီအစဉ်(၉)ရပ်၊ မွန်းလွဲပိုင်းအခမ်းအနားအစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အစည်းအဝေးအား ကြွေးကြော်သံများ ဟစ်ကြွေး၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) တက်ရောက်ကြသည့် ဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ ရန်မှ တိမ်းရှောင်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား

ဇွန် ၉၊ နေပြည်တော်

ဆဋ္ဌမကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) သို့ တက်ရောက်လာကြသည့် ပါတီဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေရသော ပါတီဝင်များ ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကျင်းပ

ဇွန် ၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်သမားများကြောင့် ကျဆုံးကွယ်လွန်သွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများကို သတိရအောက်မေ့ခြင်းအနေဖြင့်     ၂ မိနစ် ငြိမ်သက်ခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပါတီအမှုဆောင်များ တွေ့ဆုံပွဲ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျင်းပ

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်များတွေ့ဆုံပွဲကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဒက္ခိဏသီရိမြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင် ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးလှဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ အလုပ်အမှုဆောင်များ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာ စာသင်ကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

မေ ၂၉၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၉-၅-၂၀၂၂ ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ စာသင်ကျောင်းအား ကျောင်းတွင်းကျောင်းပြင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ရာသို့ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဖိုးသိန်း၊ ဦးကျော်ကျော်လတ်နှင့် ဇေယျာသီရိမြို့နယ်မှ မြို့နယ်ကော်မတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စုမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဌ ဦးနိုင်ဦးသည် ၂၈-၆-၂၀၂၁ ရက်နေ့တွင် ခေတ်အေးအုပ်စု ပါတီဝင်များနှင့် တွေ့ဆုံ၍
နယ်မြေအခြေအနေများနှင့် ပန်းခင်းစီမံချက် တွင် မိမိပါတီအဖွဲ့များမှ ကျေးရွာနေ ပြည်သူများ၏လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်တိုင်ပင်ဆွေးနွေးကြသည်။


ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၂၄) ရပ်ကွက်၊ဇီးကုန်းကျေးရွာအတွင်း Covid-19 ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း) ၏ စီစဉ်ပံ့ပိုးပေးမူဖြင့်၊ ရွှေပြည်သာပြည်ခိုင်ဖြိုး ပါတီနာယက ဦးရဲဆွေလှိူင် (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် ၁)၊ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် ၂၊ တို့နှင့် မြို့နယ်ကော်မတီဝင်များ အမှတ် (၂၄) ရပ်ကွက် ပါတီကော်မတီဝင်များနှင့်အတူ ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မူ့ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပါသည်။ဘိုတေ(ရွှေပြည်သာ)

ဇမ္မူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အလျှင်လိုကျေးရွာနေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

 

နေပြည်တော်၊စက်တင်ဘာ ၂၂

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္မူသီရိမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေး ချယ်ခံမည့် ဦးဝဏ္ဏမောင်လွှင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်၀င်း၀င်းသီတို့သည် အလျှင်လို ကျေးရွာနေပြည်သူများနှင့် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ပြီး အလျှင်လိုကျောင်းတိုက်သို့လည်း သွားရောက် လှူဒါန်းပူဇော် ခဲ့ပါသည်။


လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မဲဆွယ်စည်းရုံး

 

စက်တင်ဘာ ၂၂၊ လယ်ဝေး

လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်း မှ မြို့နယ်အတွင်းရှိ သစ်ပုတ်ပင်အုပ်စု၊ ချောင်းခွအုပ်စု ကျေးရွာများသို့ မဲဆွယ်ကာလ သတ်မှတ်သော စည်းကမ်း ချက်များနှင့်အညီ လှည့်လည်စည်းရုံးမှုကို ၂၂-၉-၂၀၂၀ ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ ဒေသခံပါတီဝင်များ၊ ဝန်းရံသူများမှ ကြိုဆိုခဲ့ကြပါသည်။

USDP နိုင်ရမည်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ စည်းရုံးရေးဆင်း

 

အောင်ဇမ္ဗူ၊ စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမောင်လွင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီတို့ဟာ ဒီကနေ့ နံနက် ၉ နာရီခွဲအချိန်က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်ကို စည်းရုံးရေးခရီး ရောက်ရှိခဲ့ရာမှာ ပါတီဝန်းရံသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။