ပါတီဗဟိုအတိုင်ပင်ခံ ရှမ်းမြောက်နယ်မြေတာဝန်ခံ မိဘမဲ့ဂေဟာကျောင်းရှစ်ကျောင်းသို့အလှူငွေများလှူဒါန်း

 

လားရှိုး စက်တင်ဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတိုင်ပင်ခံ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေ တာဝန်ခံ ဦးအောင်သန်းထွဋ်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ရှိ မိဘမဲ့ဂေဟာရှစ်ကျောင်းသို့ အလှူငွေများ သွားရောက်လှူဒါန်းကြောင်း သိရသည်။


ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဗဟိုအတိုင်ပင်ခံနှင့်အဖွဲ့ လောက်ကိုင်မြို့ ရပ်ကွက် (၁) တုံချိန်နှင့် ထင်ပါကျိုင်းကျေးရွာတို့ရှိ ရေဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများအား သွားရောက်တွေ့ဆုံ

 

(30-8-2018) နေ့ (16း00) နာရီအချိန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ အဘ ဦးအောင်သန်းထွဋ် (ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) သည် လောက်ကိုင်ခရိုင်ပါတီ ဥက္ကဌ ဦးခင်မောင်လွင်၊ ခရိုင်အတွင်းရေးမှူး ဦးလျိုမောင်မောင်နှင့် ကော်မတီဝင်များ လိုက်ပါပြီး လောက်ကိုင်မြို့ ရပ်ကွက် (၁) တုံချိန်နှင့် ထင်ပါကျိုင်းကျေးရွာ တို့တွင် ရေဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်အားပေးပြီး အိမ်ထောင်စု (၂၈) စု အတွက် အိမ်ထောင်စု (၁) စု လျှင် ယွမ်ငွေ (၅၀၀) နှင့် ဆန် (၂) အိတ်စီ ကူညီထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်အားဒါနကုသိုလ်ယူ

 

မိုးမိတ် သြဂုတ် ၃ဝ

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ ခန့်သည် ယနေ့တွင် မိုးမိတ်ခရိုင် မိုးမိတ်မြို့ သာသနာ့ဓမ္မဗိမာန်တော်ကြီး ကွန်ကရစ်ကျောက်ထုတ်လောင်းခြင်းတွင် ပါဝင်လုပ်အားပေးကုသိုလ် ယူခဲ့ကြသည်။


မြို့နယ်ပါတီ၏ လိုအပ်ချက်များ ပူးပေါင်းထောက်ပံ့ဆောင်ရွက်နိုင်ရန် ကွင်းဆင်းတွေ့ဆုံ

 

(30-8-2018) နေ့ (093း0) အချိန် လားရှိုးခရိုင်ပါတီဥက္ကဌ အတွင်းရေးမှူး နှင့် ကော်မတီဝင်တို့သည် မိုင်းရယ်မြို့နယ် ပါတီရုံးသို့ရောက်ရှိပြီး မြို့နယ်ပါတီကော်မတီ အဖွဲ့များနှင့်တွေ့ဆုံ ၍ ပါတီဝင်အသစ်များ တိုးပွားရေးနှင့် ကျစ်လစ်ခိုင်မာရေး ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ချပြပြီး မြို့နယ်ပါတီ၏ လိုအပ်ချက်များ ပူးပေါင်းထောက်ပံ့ဆောင်ရွက်နိုင်ရန် ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။


မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

မဘိမ်း သြဂုတ် ၂၇

မိုးမိတ်ခရိုင် ပါတီအတွင်း ရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ တို့သည် ယမန်နေ့က ပြင်လဟာ ရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ ခိုတာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်လွင်ဝင်း၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ် အိမ်မှူးများ၊ ဒေသခံပြည်သူ ၁၈ဝ တက်ရောက်ခဲ့ကြသည်။

စာရေးကိရိယာလှူဒါန်း

 

နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော် မတီဝင်များ၊ ကြူဆော့ကျေးရွာပါတီကော်မတီဝင်များနှင့် စည်းရုံး ရေးမှူးများသည် သြဂုတ်၂၁ရက်မွန်းလွဲ၂နာရီတွင် ကြူဆော့ ကျေးရွာအမကကျောင်းသားကျောင်းသူများကို အာဟာရကြက် သားဆန်ပြုတ်ဖြင့်ဒါနပြု၍ ဗလာစာအုပ်နှင့်စာရေးကိရိယာများ သွားရောက်လှူဒါန်းစဉ်။

NWT


ပါတီဆိုင်းဘုတ်တင် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

နောင်ချိုမြို့နယ် လုံရုံးအုပ်စု၊ အုမ္မခါးအုပ်စု၊ ဆမ္မဆယ်အုပ်စု၊ သုံးဆယ်အုပ်စုတို့တွင် ယနေ့နံနက် ပိုင်းက ကျေးရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ်တင်ပွဲများ ဆက် တိုက်ကျင်းပရာ ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးမှူး ဦးခင်မောင်ချို နှင့်အဖွဲ့၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန် ကြီး၊ အတွင်းရေးမှူး ဦးကျော်မြင့် နိုင်၊ ပါတီကော်မတီဝင်များဖြစ်ကြ သည့် ဦးတင်အောင်ဝင်း၊ ဦးညွန့် ဝင်း၊ ဦးသိန်းထွန်းဦး၊ ဦးကျော် လှိုင်၊ ဦးမျိုးနိုင်၊ ဦးမြင့်သန်းနှင့် ပါတီအရန်ကော်မတီဝင်များ၊ ရပ် ကွက်/အုပ်စုအသီးသီးမှ ပါတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖ များနှင့် အသင်းအဖွဲ့များ တက် ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလု

 

(၁၀-၈-၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကော်မတီ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရေးမှူး၊ ဘဏ္ဍာရးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခရိုင်မှ ဥက္ကဌများ၊ လားရှိုးခရိုင်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး၊ လားရှိုးမြို့နယ်ဥက္ကဌ၊ လူငယ်တာဝန်ခံ၊ အမျိုးသမီးရေးရာတာဝန်ခံ၊ မီဒီယာတာဝန်ခံ၊ စုစုပေါင်း (၂၃) ဦး တက်ရောက်ကြပါသည်။၊

သီ​ပေါတွင်​ ပါတီဆိုင်းဘုတ်​တင်ခြင်းနှင့်​ ၀ါဆိုသင်္ကန်း ကပ်​လှူ

 

သီ​ပေါ သြဂုတ်​ ၆.
ရှမ်း/​မြောက်​ ​ကျောက်​မဲခရိုင်​ သီ​ပေါမြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဆိုင်းဘုတ်​တင်​ အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်​အလှူ ​တော်​မင်္ဂလာ အခမ်းအနားကို ၆.၈.၂၀၁၈ ​နေ့ နံနက်​ ၀၈း၅၅ အချိန်​တွင်​ စတင်​ကျင်းပရာ ရှေးဦးစွာ မြို့နယ်​ပါတီဆိုင်းဘုတ်​ကို မြို့နယ်​ဥက္ကဌ ဦး​ဆောင်​​သောမြို့နယ်​​ကော်​မတီများနှင့် ရပ်​ကျေးပါတီအဖွဲ့ဝင်​များ လူငယ်​အဖွဲ့များ စု​ပေါင်းသယ်​​ဆောင်​၍ သတ်​မှတ်​​နေရာ၌ တပ်​ဆင်​​ပေးခဲ့ကြပါသည်​။

သီ​ပေါမြို့ ဖြိုး​စေတနာရှင်​အဖွဲ့ လူမှု​ရေး​ထောက်​ပံ့ကူညီ

 

ဖြိုးစေတနာရှင် လူမှုကူညီရေးအသင်းမှ သြဂုတ်လ ၆ ရက်နေ့တွင်မြို့နယ်ပါတီဥက္ကဌဦးအောင် ဖြိုးစေတနာရှင် အသင်းဥက္ကဌ ဦးကျော်လှိုင်နှင့်အသင်းသူ အသင်းသားများမှ ပန်းတိမ်မြောက်ရပ်ကွက်မှ မီးဖွားသူ မခင်မျိုးသူ နှင့် ဈေးရပ်ကွက်မှ ခွဲစိတ်ဆောင်တွင် ဆေးရုံတက်ရောက်နေသူဦးရွှေဝင်းတို့အား ထောက်ပံ့ငွေ ၁၀၀၀၀ိ/စီ ပေးအပ်ခဲ့ပါသည်။

ယ​မန်နေ့ မနက်​ပိုင်းက ဖြိုးစေတနာရှင်လူမှု့ကူညီရေးအသင်းမှ ၂၆ . ၇ .၂၀၁၈ရက်နေ့တွင်ကွယ်လွန်သွားခဲ့သည့် စံလောင်းကျေးရွာ ရပ်ကျေးစည်းမှူးဦးရဲမြင့်၏မိခင်ဖြစ်သူအတွက်ထောက်ပံ့ငွေ ၁၀၀၀၀ိ /အားပေးအပ်ခဲ့ပါသည်။