မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ

 

13 February 2019

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင်ဦးခင် မောင်ရွှေတို့သည် ယမန်နေ့ နံနက် ၁ဝနာရီက ဘဟဲကျေးရွာ ပါတီ ရုံးတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မိသားစု ဘုရားပင့်ဆောင် ကျောင်းရေစက်ချလှူဒါန်း

 

မိုးမိတ် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်ဇနီး ဒေါ်ခင်မြင့်အေးတို့ လှူဒါန်းသည့် မိုးမိတ်မြို့နယ် လက်ခုတ်ပင်ကျေးရွာအုပ်စု ရေပူအင်းကျေးရွာ၌ ပြုလုပ်သည့် ကျောင်းဆောင်သစ်ရေစက်ချပွဲနှင့် ဘုရားပင့်ဆောင်ပွဲကို ယမန်နေ့ နံနက် ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ လက်ခုတ်ပင်ကျေးရွာနှင့် ရေပူအင်းကျေးရွာတို့မှ ကျေးရွာသူကျေးရွာသားများ စည်ကားသိုက်မြိုက်စွာ ပါဝင်ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာရှင်အသင်း ပြည်ထောင်စုနေ့အကြို အဖြစ် ပြည်သူ့ဆေးရုံတွင် အဟာရဒါနလှူဒါန်း

 

သီပေါ ဖေဖော်ဝါရီ ၆ ရက်

ယမန်နေ့ (၆.၂.၂၀၁၉) ရက်နေ့တွင် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် သီပေါမြို့ ပြည်သူ့ ဆးရုံကြီးတွင် ကုသမှုခံယူနေသော လူနာများအား ဖြိုးစေတနာအသင်းက ကြက်ဥ၊ကွေကာ၊ဆန်ပြုတ် စသည်တို့ကို သွားရောက် လှူဒါနန်း ပေးခဲ့ကြပါသည်။

မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပန်းကန်ဆေး အဝတ်လျှော်ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းဖွင့်

 

မဘိမ်း ဖေဖော်ဝါရီ ၅

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေး မှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ဦးခင်မောင်ရွှေ၊ ဦးသန်းမြတ်စိုး၊ ဦးသောင်းရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင် တို့သည် ယမန်နေ့က မယ်ဇလီကျေးရွာ၊ အလယ်ရွာတို့တွင် ပန်းကန် ဆေးအဝတ်လျှော်ဆပ်ပြာရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ပြီး အမျိုး သမီး ၆ဝ တက်ရောက်ခဲ့သည်။

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ သဲနီကျေးရွာ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ချီးမြှင့်

 

မိုးမိတ် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် သဲနီ ကျေးရွာ အမက(၁၄)တွင် ကျင်းပ သော ၂ဝ၁၈-၂ဝ၁၉ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ကျောင်းသားကျောင်းသူလေးများ က မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို ဖွင့်လှစ်ခဲ့သည်။

မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အဝတ်လျှော်ဆပ်ပြာရည်ချက်နည်းသင်တန်းဖွင့်လှစ်

 

မဘိမ်း ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာအဖွဲ့နှင့်မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အဝတ်လျှော် ဆပ်ပြာရည်ချက်နည်းသင်တန်းကို မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာ ဒေါ်လင်းလင်းလှိုင်၏နေအိမ်၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

သီပေါတွင် စာပေဟောပြောပွဲ ကျင်းပနိုင်ရေး အကြိုညှိ့နှိုင်းစည်းဝေး ကျင်းပ

 

သီ​ပေါ ဇန်​န၀ါရီ ၂၃

သီပေါမြို့ စာပေချစ်သူများ နှင့် ပေါင်းစပ်ကျင်းပမည့် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်နိုင်ရေး မြို့နယ်ကော်မတီ လုပ်ငန်းညှိ့နှိုင်း အစည်းအဝေးကို ယမန်နေ့ (၂၃.၁.၂၀၁၉ )ရက်နေ့က သီပေါမြို့နယ် ပါတီရုံခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း ခရိုင်ပါတီကောင်မတီ ဦးအုန်းမောင် မြို့နယ်ဥက္ကဌ ဦးအောင်အောင် နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။

နမ့်ပုံးပုံးရပ်ကွက် အလက(ခွဲ)ကျောင်း ပညာရေးစုံညီပွဲတော်သို့ မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတက်ရောက် မိတ္တူကူးစက်လှူဒါန်း

 

မဘိမ်း ဇန်နဝါရီ ၂၃

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်း ရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးခင်မောင်ရွှေ၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင် တို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ် ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲ တော်သို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိ သူများက အသီးသီးအမှာစကား ပြောကြားခဲ့ပြီး ထူးချွန်ဆုရကျောင်း သား ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

သီပေါတွင် သုံးလပတ်လုပ်ငန်းအစည်းအဝေးအတွေ့အကြုံရှ

 

သီပေါ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ၏ ၂ဝ၁၈စတုတ္ထသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံနှင့်ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက သီပေါမြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဥက္ကဋ္ဌဦးအာင်အောင်က ပြည် နယ်စတုတ္ထသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၏အတွေ့အကြုံနှင့်ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ရာ ခရိုင်ကော်မတီဝင်နှင့် မြို့နယ်ကော်မတီဝင်များ က ရေးရာနှင့်တာဝန်ကျနယ်မြေအလိုက် ပြန်လည် ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် အစည်း အဝေးပြီးမြောက်ခဲ့သည်။

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာဒေသခံများနှင့်တွေ့ဆုံ ရေနွေးကြမ်းစကားဝိုင်းဖွဲ့ဆွေးနွေး

 

မဘိမ်း ဇန်နဝါရီ ၁၆

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ ဦးသန်းမြတ် စိုး၊ ခရိုင်ပါတီ ကော်မတီဝင် ဦးတိုးမြင့် အောင်၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးထွန်းခိုင် တို့သည် ယမန်နေ့က လဝါကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။