ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)ရှိ ကံဦးကျောင်းတိုက်တွင် ဥပ္ပါတသန္တသုတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ဆွမ်းဆန်စိမ်း လောင်းလှုပွဲသို ပြင်ဦးလွင်ခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ကြည်ညို လှူဒါန်း

ပြင်ဦးလွင် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို၊ရပ်ကွက်ကြီး(၂)ရှိ ကံဦးကျောင်းတိုက်၌ အသံမစဲ ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ဆွမ်းဆန်စိမ်း လောင်းလှုပွဲသို ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊အတွင်းရေးမှုး ဒေါ်စံပယ်ဝင်းနှင့်ကော်မတီဝင်များ၊ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဇော်၊အတွင်းရေးမှုး ဦးသိန်းဆွေနှင့်ကော်မတီဝင်များမှ တက်ရောက်ကြည်ညိုကာ ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထု၊ပစ္စည်းများ လောင်းလှူခဲ့ပြီး လုပ်အားဒါန ကုသိုလ်ပြုဆောင်ရွက်ခဲ့ပါသည်။



လေးမျက်နှာမြိုနယ်ဝါးရုံချောင်းအုပ်စုဝါးရုံချောင်းကျေးရွာတောင်သူဦးကျော်ဝင်းနိုင်+ဒေါ်မာမာအေးတို၏နေအိမ်တွင်တိုင်းပါတီကော်မတီဝင်ဦးကျော်ဝင်းနိုင် မြိုနယ်ပါတီဥက္ကဌဒေါ်စန်းစန်းချို အတွင်းရေးမှူးဦးဇော်ဝင်းအောင်တိုသည်တောင်သူ ၂၁ ဦးနှင့်တွေ့ဆုံခဲ့ပြီးစပါး၊ပဲနှင့်ဆီထွက်သီးနှံများဖြစ်ထွန်းအောင်မြင်ရန်မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရန်နှင့်သဘာမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်ကိုနည်းပညာများဖြန့်ဝေပေးပြီးစနစ်တကျအသုံးပြုပုံကိုဦးကျော်ဝင်းနိုင်မှရှင်းလင်းပြောကြားခဲ့ပြီးဒေါ်စန်းစန်းချိုနှင့်ဦးဇော်ဝင်းအောင်တိုမှတိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊အမျိုးသမီးများအိမ်နေရင်းကုန်ထုတ်လုပ်ကာဝင်ငွေတိုးပွားရေးဆောင်ရွက်ရနိုင်ပုံနှင့်ပြည့်မဏ္ဍိုင်ကိစ္စရပ်ဆောင်ရွက်ရနိုင်ပုံနှင့်ပြည့်မဏ္ဍိုင်ကိစ္စရပ်များအားဆွေးနွေးခဲ့ပါသည်။

==============

တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

လေးမျက်နှာ ဇန်နဝါရီ ၁၆

လေးမျက်နှာမြိုနယ်ဝါးရုံချောင်းအုပ်စုဝါးရုံချောင်းကေျးရွာတောင်သူဦးကျော်ဝင်းနိုင်+ဒေါ်မာမာအေးတို၏နေအိမ်တွင်တိုင်းပါတီကော်မတီဝင်ဦးကျော်ဝင်းနိုင် မြိုနယ်ပါတီဥက္ကဌဒေါ်စန်းစန်းချို အတွင်းရေးမှူးဦးဇော်ဝင်းအောင်တိုသည်တောင်သူ ၂၁ ဦးနှင့်တွေ့ဆုံခဲ့ပြီးစပါး၊ပဲနှင့်ဆီထွက်သီးနှံများဖြစ်ထွန်းအောင်မြင်ရန်မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရန်နှင့်သဘာမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်ကိုနည်းပညာများဖြန့်ဝေပေးပြီးစနစ်တကျအသုံးပြုပုံကိုဦးကျော်ဝင်းနိုင်မှရှင်းလင်းပြောကြားခဲ့ပြီးဒေါ်စန်းစန်းချိုနှင့်ဦးဇော်ဝင်းအောင်တိုမှတိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊အမျိုးသမီးများအိမ်နေရင်းကုန်ထုတ်လုပ်ကာဝင်ငွေတိုးပွားရေးဆောင်ရွက်ရနိုင်ပုံနှင့်ပြည့်မဏ္ဍိုင်ကိစ္စရပ်ဆောင်ရွက်ရနိုင်ပုံနှင့်ပြည့်မဏ္ဍိုင်ကိစ္စရပ်များအားဆွေးနွေးခဲ့ပါသည်။


ဆုံဆည်းရာတွေ့ဆုံပွဲပြုလုပ်

ချမ်းမြသာစည် ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြိုနယ်၊မြရည်နန္ဒါရပ်ကွက်တွင် ဆုံဆည်းရာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်းနှင့်ကော်မတီဝင်များ၊ချမ်းမြသာစည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကိုကိုဦး၊အတွင်းရေးမှုး ဦးထွန်းနွယ်ဦးနှင့်ကော်မတီဝင်များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ပါတီဝင်များ၊ရပ်မိ/ရပ်ဖများ၊ဒေသခံပြည်သူများ၊စုစု ပေါင်းအင်အား ၁၇၀ဦး တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး/ခရိုင်/မြိုနယ်ပါတီကော်မတီဝင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်း၊မြိုနယ်ပါတီဥက္ကဌ ဦးကိုကိုဦးတိုက တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ၊လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်း၊ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်း‌ ပြောကြားခဲ့ပါသည်။၎င်းနောက် တက်ရောက် လာသူများက ဒေသအခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဌာနချုပ်သို့ လေ့လာရေးလာရောက်ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ လူငယ်နှင့်အမျိုးသမီးပါတီဝင်များအား ကြိုဆိုနှုတ်ခွန်းဆက်

နေပြည်တော် ဇန်နဝါရီ ၁၂

၂၀၂၄နှစ်သစ် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းနှင့် ပါတီဆိုင်းဘုတ်အသစ်တင်ခြင်း

နမ့်စန် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်နှင့် နမ့်စန်မြို ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၄ ခုနှစ် နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပူဇော်ခြင်းနှင့် ပင့်သံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ခရိုင်နှင့်မြိုနယ်ပါတီဆိုင်းဘုတ် အသစ်တင်ခြင်းများကို ခရိုင်နှင့်မြိုနယ်ပါတီရုံးတွင် နံနက်(၀၉:၄၅) နာရီမှ နေ့လယ်(၁၂:၀၀) နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

=============

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ပြုလုပ်

ဇန်နဝါရီ ၁၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ပေးပို့သည့် သဝဏ်လွှာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ပေးပို့သည့် သဝဏ်လွှာ


ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအာဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ဇန္နဝါရီ ၆ရက်နေ့ နံနက်(၈း၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် “ဖြိုးမေတ္တာ” ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းဖွင့်လှစ်

ဇန်နဝါရီ ၅၊ နေပြည်တော်