ဧရာဝတီတိုင်းဒေသကြီး၊ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းဧရာဝတီတိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

၁၀.၄.၂၀၂၄နေ့ နေ့လည် ၁၁း၃၀ တွင်ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေး (၄/၂၀၂၄) ထပ်ဆင့်ရှင်းလင်းပွဲဆောင်ရွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ဧရာဝတီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာသန်းထွန်းတက်ရောက်ခဲ့ပါသည်။
ဗဟိုအတွင်းရေးမှူးက အစည်း အဝေးကျင်းပရာတွင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ပါတီဖွဲ့စည်းမှုမှန်ကန်ရေး၊စည်းရုံးရေးဆိုင်ရာများ၊ ပါတီဝင်စိစစ်မှုများ၊Mapping ဆောင်ရွက်မှုများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းပါတီဥက္ကဌ ဦးသိန်းထွန်းက ပါတီဥက္ကဌ၏ လမ်းညွှန်ချက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်များ၏ လမ်းညွှန်ဆွေးနွေးချက်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းပါတီကော်မတီဝင်များ၊ခရိုင်(၈)ခရိုင်မှပါတီဥက္ကဌများ၊(၂၆)မြို့နယ်မှပါတီဥက္ကဌများစုစုပေါင်း ၄၅ ဦးတက်ရောက်ပြီး နေ့လည် ၁၃း၁၀တွင်တွေဆုံဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမန္တလေးတိုင်းဒေသကြီးပါတီကော်မတီ(အလုပ်အမှုဆောင်အဖွဲ့)နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မန္တလေး ဧပြီ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ပြုလုပ်

 

ဧပြီ ၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီး ပါတီဝင်အသစ် (၁၇၄၁)ဦး အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်

မတ် ၂၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်

မတ် ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နှစ် (၅၀) ပြည့် မွန်ပြည်နယ်နေ့သို့ပေးပို့သည့် သဝဏ်လွှာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုနယ်မြေ ပါတီဝင်အသစ် (၂၃၂၉)ဦး အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်

မတ် ၁၄၊ နေပြည်တော်

နိုင်ငံရေးပါတီ (၂၄)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်


အင်းစိန်ရွာမဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၏သက်တော် (၈၅)နှစ်ပြည့်မွေးနေ့ကုသိုလ်တော် မင်္ဂလာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တက်ရောက်ကြည်ညိုပြီးအလှူငွေလှူဒါန်း

ရန်ကုန် မတ် ၁၀
(၂၀၂၄)ခုနှစ်၊မတ်လ (၁၀)ရက်တနင်္ဂနွေ နေ့တွင် အဘိဓဇမဟာရဌဂုရု ​အင်းစိန်ရွာမဆရာတော်ဘုရားကြီးဘဒ္ဒန္တတိလောကာဘိဝံသ၏သက်တော် (၈၅)နှစ်ပြည့်မွေးနေ့ကုသိုလ်တော်မင်္ဂလာအခမ်းအနားအားအင်းစိန်ရွာမပရိယတ္တိကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆရာတော်ဘုရားကြီး၏သက်တော်(၈၅)နှစ်ပြည့် မွေးနေ့ကုသိုလ်တော်မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့်တိုင်းကော်မတီဝင်များတက်ရောက်ကြည်ညိုခဲ့ပြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်းမှအလှူတော်ငွေ (၁၀) သိန်း၊ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ
ဦးခင်မောင်စိုးမှအလှူတော်ငွေ(၁၀)သိန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။