မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ကော်မတီဝင်များနှင်ပ တွေ့ဆုံပွဲကျင်းပ

 

မအူပင် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော မြို့မတိုက်နယ် (၁) ရပ်ကျေးပါတီ အောင်နိုင်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

 

ပန်းတနော် မေ ၉

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် တွေ့ဆုံ ပွဲကျင်းပရာ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ကြသည်။

ရေကြည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခန်းမတွင် နိုင်ငံရေးစကားဝိုင်း ဆွေးနွေးခြင်းနှင့် တွေ့ဆုံပွဲပြုလုပ်

 

ရေကြည် မေ ၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံရေးစကားဝိုင်း ဆွေးနွေးခြင်းနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းက အဖွင့်အမှာစကား ပြောကြားပြီး တစ်ဦးချင်း မိတ်ဆက်ပေးကာ နိုင်ငံရေးစကား ဝိုင်းပြုလုပ်ရခြင်း အကြောင်းပြောကြား ခဲ့သည်။

ငပုတောမြို့နယ် ရေကျော်ကျေးရွာတွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

မေ ၈၊ ငပုတော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၇-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ရေကျော်ကျေးရွာတွင် ပါတီဝင်များ တွေ့ဆုံပွဲနှင့် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားအား တက်ရောက် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့်အတူ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီသို့ အသစ်ဝင်ရောက်လာသည့် ပါတီဝင်ပြည်သူများ တက်ရောက် ခဲ့ကြပါသည်။

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီများနှင့် တွေ့ဆုံပွဲ ကျင်းပ

 

မအူပင် မေ ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော မအူပင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် စပါးကြီးကျေးရွာရှိ လူငယ်ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

မေ ၈၊ ငပုတော

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး ဗဟိုကော်မတီဝင်များသည် ၇.၅.၂၀၁၉ ရက်နေ့ တွင် ငပုတောမြို့နယ် စပါးကြီးကျေးရွာရှိ လူငယ်ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဖြင့် လူငယ်များ သိလိုသည်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။


ငပုတောမြို့နယ် စပါးကြီးကျေးရွာတွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

မေ ၈၊ ငပုတော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၇-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ စပါးကြီးကျေးရွာတွင် ပါတီဝင်များ တွေ့ဆုံပွဲနှင့် အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ အခမ်းအနားအား တက်ရောက် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့်အတူ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီသို့ အသစ်ဝင်ရောက်လာသည့် ပါတီဝင်ပြည်သူများ တက်ရောက်ခဲ့ကြ ပါသည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

 

ကျုံပျော် မေ ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဆောင်၍ ဒိုက်ပျက်တိုက်နယ် အတွင်းရှိ ကျေးရွာများဖြစ်သော သက္ကယ်ပြင် ကျေးရွာအုပ်စု မိုးမခ ကျေးရွာရှိ မြို့နယ်အရန် ပါတီကော်မတီ ဦးအောင်ဌေး၏ အိမ်တွင် ကျေးရွာရှိ ပါတီဝင် ပြည်သူများနှင့် တွေ့ဆုံကာ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒသဘောထားများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သိကောင်းစရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

 

ရေကြည် မေ ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စု ကံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ ကြီးမှူးပြီး မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပန်းတနော်မြို့နယ် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

 

ပန်းတနော် မေ ၅