ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ညောင်တုန်းမြို့နယ် ထိပ်ဝကြီးကျေးရွာအုပ်စုရှိ ပြည်သူများ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ထိပ်ဝကြီးကျေးရွာအုပ်စု ရှမ်းစုကျေးရွာသို့ ရောက်ရှိကာ ရှမ်းစုကျေးရွာ အားကစားကွင်၌ ထိပ်ဝကြီးကျေးရွာအုပ်စုရှိ ပြည်သူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲ ကျင်းပ

 

မအူပင် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်းက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ပါတီဝင်များစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရော%8

 

မအူပင် မေ ၂၁

(၂၆) ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါဝင်လှူဒါန်း

 

လေးမျက်နှာ မေ ၁၉

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၏ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် လှူဒါန်းသော ကဆုန်လပြည့်နေ့ (မြို့ဟောင်းဒေသ)နှင့် ကဆုန်လပြည့်ကျော် ၁ ရက် (မြို့သစ်ဒေသ) ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲသို့ တိုင်းဒေသကြီးပါတီကော် မတီဝင် မြို့နယ်ပါတီနာယက ဦးကျော်ဝင်းနိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ပါတီကော်မတီ ဝင်များ၊ ဝန်ထမ်းများစုပေါင်း၍ မြို့နယ်ပါတီရုံးရှေ့တွင် ဆွမ်းဆန် တော်နှင့် အချိုရည်၊ ရေသန့်ဘူး များအား ယမန်နေ့နံနက် ၇နာရီက လောင်းလှူခဲ့ကြသည်။

ဖျာပုံခရိုင် အမျိုးသမီးရေးရာ ဆွေးနွေးပွဲနှင့် စကားဝိုင်း ကျင်းပ

 

ဖျာပုံ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်တန်းကျောင်း ဇဗ္ဗူတလူခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဟင်္သာတမြို့နယ် မွှေးလုံးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ဟင်္သာတ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွှေးလုံးကျေးရွာ ပါတီ ဆိုင်းဘုတ်တင်ပွဲကို မွှေးလုံးကျေးရွာအုပ်စု ကျေးရွာဥက္ကဋ္ဌ ဦးတင်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ ပါတီဆိုင်းဘုတ်အား ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်က အောင်သပြေ အမွှေးနံ့သာရည် ပက်ဖျန်းပြီး အောင်မြင်စွာ စိုက်ထူခဲ့ကြောင်းနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူ လယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ကော်မတီဝင် ဦးစောရေမီ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဦးနှင့် မြို့နယ်/ ကျေးရွာ ကော်မတီဝင်များ၊ ပါတီဝင်များ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေသဖွံ့ဖြိုးရေးနှင့် နယ်လှည့်ဆေးကုသမှု အလှူငွေများ လှူဒါန်း

 

လေးမျက်နှာ မေ ၁၅

ပုသိမ်ခရိုင်အတွင်းရှိ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်

 

မေ ၁၅၊ ပုသိမ်

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၁၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ပါတီ ကော်မတီဝင်များ၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌများ ၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် တိုင်းပါတီရုံး ခန်းမတွင် တွေ့ဆုံ ခဲ့ပါသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကိုဆူဘူတာကုန်းကျေးရွာရှိ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံ

 

ပုသိမ် ၊ မေ ၁၅

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၁၅-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကိုးဆူဘူတာကုန်း ကျေးရွာရှိ ဒေသခံပါတီဝင်များနှင့် ရင်းရင်းနှီးနှီးေ တွ့ဆုံခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ မိမိတို့ပါတီမှ ဆောင်ရွက်နေသော ကိစ္စရပ်များ၊ လွှတ်တော်အတွင်း ပုဒ်မ (၂၆၁) ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြား ခဲ့ပါသည်။

မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လေးအိမ်စုတိုက်နယ် (၁) ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော မအူပင်မြို့နယ်အတွင်းရှိ လေးအိမ်စု တိုက်နယ် (၁) ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက ထိရောက်အောင်မြင်သော စည်းရုံးရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ရပ်ကျေးပါတီ ကော်မတီဝင်များက လိုအပ်ချက်များ တင်ပြ ဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။