လပွတ္တာစာဖြေကျောင်းသားကျောင်းသူများအား ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေသန့်များလှူဒါန်း

 

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေ၊ ဘဏ္ဍာ ရေးမှူး ဦးစန်းဝင်းတို့ ဦးဆောင် သော ပါတီဝင်များ စုပေါင်းလျက် ယခုလ ၈ ရက်မှ ၁၇ရက်အထိ လပွတ္တာမြို့တွင်းရှိ အမှတ်(၅) အမက၊ အမှတ်(၄)အမက၊ နန္ဒဝန် ဘုန်းကြီးကျောင်း၊ ကံ့ကော်ဘုန်း ကြီးကျောင်း၊ ဓမ္မိကာရုံဘုန်းကြီး ကျောင်း၊ လေးမျက်နှာဘုန်းကြီး ကျောင်း၊ လေးထပ်ဘုန်းကြီး ကျောင်း၊ သရက်တောဘုန်းကြီး ကျောင်းတို့၌ တည်းခိုနေထိုင်လျက် စာဖြေလာကြသော ကျောင်းသား ကျောင်းသူများအတွက် သောက် ရေသန့်ဖြစ်သော ရွှင်လန်းသောက် ရေသန့်ဘူးကြီးများကို နေ့စဉ်လှည့် လည်သွားရောက်လှူဒါန်းခဲ့ကြပြီး လိုအပ်သောကူညီမှုများ ပံ့ပိုးကူညီ ပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

ဖျာပုံခရိုင် ဖျာပုံမြို့နယ် ပြည် ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ဖျာပုံမြို့လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ဖျာပုံခရိုင် ရတနာ့သိဒ္ဒိ သာသနာ့ဗိမာန်တော်ကြီးမှ ပထမ လမ်း တစ်လျှောက်လောင်းလှူ ပွဲကျင်းပခဲ့သည်။

ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်များ နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို မတ်လ (၁၀) ရက် နံနက် ၉ နာရီက ပုသိမ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ငှက်တောင်ချောင်းတံတားအား ပြည်ခိုင်ဖြိုးပါတီ နယ်မြေများတာဝန်ခံများ ဦးဆောင်၍ ပြုပြင်တည်ဆောက်

ဝါးခယ်မမြို့နယ် ကဝဲညောင်ချောင်းကျေးရွာတွင် အုန်း၊သစ်သားတို့ဖြင့် ဆောက်လုပ်ထားသော ငှက်တောင်ချောင်းကူးတံတားအား ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံများ ဦးဆောင်၍ ခိုင်မာတောင့်တင်းသော သံတံတား တစ်ချောင်းအဖြစ် ပြုပြင်တည်ဆောက်လျက်ရှိပြီး၊ ထိုသို့တည်ဆောက်ရာ၌ အများပြည်သူသွားလာရာတွင် အခက်အခဲများမဖြစ်ပေါ်စေရေးနှင့် အလျှင် အမြန် ပြီးစီးနိုင်ရန် နေ့ရောညပါ ကြိုးစားအားထုတ် ဆောင်ရွတ်လျက်ရှိနေမှု ကို ဓာတ်ပုံမှက်တမ်းများနှင့်တကွ တင်ပြအပ်ပါသည်။

“ပြည်သူ့အကျိုးအတွက်…….. အမြဲအသင့်ရှိနေတာ ……… ပြည်ခိုင်ဖြိုးပါ”

ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ဘိုကလေးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကျေးရွာပါတီ ကော်မတီဝင်များလပတ်အစည်း အဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။

မျိုးချစ်လူငယ်များနှင့် မြန်အောင်ပြည်ခိုင်ဖြိုးတွေ့ဆုံ

 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့ နယ်တို့မှ အမျိုးသားရေးဆောင် ရွက်နေကြသော မျိုးချစ်လူငယ်များ နှင့်မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ကမြန်အောင် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ မီဒီယာများ၏ ဘက်လိုက်မှု၊အမျိုး သားရေးသမားများနှင့်ပြည်ခိုင်ဖြိုး ပါတီတို့၏ အမျိုးသားရေးလှုပ်ရှား ဆောင်ရွက်မှုများကိုအကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
Online media တွင် နေ့စဉ် ဖြစ်ပေါ်နေသော အမျိုးသားရေး အကြောင်းအရာများနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေး ကြပြီး ပြည်သူတို့၏အကျိုးစီးပွား အတွက် လက်တွဲဆောင်ရွက်သင့် သည့်ကိစ္စရပ်များကို လက်တွဲ ဆောင်ရွက်သွားကြရန် ဆွေးနွေးပွဲ မှ သဘောတူညီခဲ့ကြသည်။

ကျေးရွာချင်းဆက် လမ်းဖောက်လုပ်မှုတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့်ပါတီဝင် များ ကျေးရွာရပ်မိရဖတစ်ဦးတို့မှ အလှူငွေများ လှူဒါန်း

28.2.2017 ဝါးခယ်မမြို့နယ် ညောင်ငူကျေးရွာအုပ်စု သံဖြူစုကျေးရွာနှင့် ကျုံစုတ်ကျေးရွာ ကျေးရွာချင်းဆက် လမ်းဖောက်လုပ်မှုတွင် ဝါးခယ်မမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတင်ထွဋ်မှ ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျေးရွာ ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ ဦးခေါင်းကြီးမှ ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ဖြင့် မတည်လှူဒါန်းပြီး ရပ်ကျေးပါတီဝင်များ ဦးဆောင်မှုဖြင့် ကောက်ခံ ရရှိငွေ ၃၀၀၀၀၀ (သုံးသိန်း)ကျပ် အခြားစေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများ ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး စက္ခုဒါနဆေးရုံကြီး တည်ထောင်ခြင်း တစ်နှစ်မြောက်နှင့် အခမဲ့မျက်စိကုသရေး အစီအစဉ် လေးနှစ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ဖေဖော်ဝါရီ (၂၆) ရက် နေ့ညနေပိုင်းတွင် သာကေတ မြို့နယ်ရှိ အောင်စင်္ကြာပရမေတ္တာစက္ခုဒါနဆေးရုံကြီးတည်ထောင်ခြင်း တစ်နှစ်မြောက်၊ အခမဲ့မျက်စိကုသရေး အစီအစဉ် လေးနှစ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ တက်ရောက်ခဲ့သည်။

(more…)


ဇလွန်ပြည်ခိုင်ဖြိုးပါတီ လူငယ်များအတွက် အတတ်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သင်ကြားသော ကွန်ပျူတာ LCCI Level (1,2) သင်တန်းဆင်းပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယခုလ ၁၉ ရက် ညနေ ပိုင်းက ကျင်းပခဲ့သည်။

 

(more…)


မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆေးကုသခံပြည်သူများအား ကူညီဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ကြည် နှင့်ခရိုင်ကော်မတီ ဦးကျော်လှဦး၊ ဦးမောင် မောင်မြင့်တို့ ဦးဆောင်သော မြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် မာန်အောင်မြို့နယ်၌ ယမန်နေ့နှင့် ယနေ့တွင် ဆေးကုသ ရန်ရောက်ရှိလာသော တပ်မတော်ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်) နယ်လှည့် ကျန်းမာရေး ဆေးကုသအဖွဲ့အား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။

(more…)