ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပပြုလု

 

ကန်ကြီးထောင့်မြို့နယ် ထိန်တောကြီးအုပ်စု မိကျောင်းသိုက်ကျေးရွာတွင်လူငယ်တွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာအုပ်စုတွင်း လူငယ်(150)နှင့်မြောင်းမြလူငယ်(25)ပါဝင်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်ဦးဝင်းထွန်းကဦးဆောင်ကာပါတီဝင်လူငယ်များ တက်ကြွစွာ ပါဝင်ဆင်နွဲ့ခဲ့ကြကြောင်း သိရသည်။

USDP Ayeyarwady Region News


ရပ်စောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ယမန်နေ့(၁၈.၉.၂၀၁၇)ရက်နေ့တွင် ရပ်စောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးအောင်ထွန်း၊ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးမောင်မောင်လွင်တို့မှ ဟွှေးကျေးရွာအုပ်စု ရေဖြူ ကျေးရွာမှ ပါတီအဆင့်ဆင့်ခေါင်းဆောင်များ၊ အမာခံပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ပါတီဝင်အင်အား (၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

USDP – Yatsauk


မအူပင်ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

 

မအူပင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ယမန်နေ့(၁၈-၉-၂၀၁၇)ရက်​​နေ့ နေ့လည် (၂း၀၀)နာရီအချိန်​တွင် ဧရာဝတီတိုင်းပါတီ​ကော်​မတီဝင်၊​ မအူပင်​ခရိုင်​တာဝန်​ခံ ဦးသန်းထွန်း၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​စော​သောင်းဒန်​ ၊ပါတီအတွင်း​ရေး​မှူး ဦးတင်​၀င်း ၊ပါတီ​ကော်​မတီဝင်​များ အရန်​​ကော်​မတီဝင်​များနှင့့်ပတီ၏​ရှေ့လုပ်​ငန်းစဉ်​များ ညှိနိုင်း​ဆွေး​နွေးကြကြောင်း သိရသည်။

Thein Lwin


လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/ပါတီဥက္ကဋ္ဌ  များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုလတ်


ဟင်္သာတခရိုင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကို ဟင်္သာတခရိုင် ဇလွန်မြို့တွင် ၁၀-၉-၂၀၁၇ရက်နေ့ ၉း၃၀နာရီအချိန်တွင် ကျင်းပခဲ့ ရာ ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာထိန်ဝင်း၊ ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မင်္တီဝင်များ၊ လေးမျက်နှာ အင်္ဂပူဇလွန်မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့်         လူငယ်များ၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မှ ပါင်္တီင်္ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် လူငယ်အဖွဲ့များ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှင်္ီး တွေ့ဆုံ ၍ အတွေ့အကြုံများ ဖလှယ်ခဲ့ကြပါသည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းလောင်းလှူ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ဝါတွင်းသံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၂နာရီမှစတင်၍ မအူပင်       မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ ဝါတွင်းသံဃာ့ဒါနအရုဏ်ဆွမ်းလောင်းလှူပွဲသို့ မအူပင်မြို့နယ်အတွင်း ဝါတွင်းသီတင်းသုံးတော်မူကြသော ဘုန်းတော်ကြီးကျောင်း ၈၁ကျောင်းမှ သံဃာတော် အပါး ၉၇၃ပါး ကြွရောက်၍ အလှူခံတော်မူခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစော သောင်းဒန် နှင့် ပါတီကော်မတီဝင်များ၊ပါတီစည်းရုံးရေးမှူးများ၊ ပါတီ ဝင်များက လောင်းလှူခဲ့ကြောင်း သိရ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီဝင် အခြေခံ အလုပ်သမားအနှေးယာဉ်အဖွဲ့အစည်း(၅၇ဝ) နှစ်ပတ်လည်တွေ့ဆုံပွဲတက်ရောက်

 

ဟင်္သာတမြို့ အခြေခံအလုပ် သမားအနှေးယာဉ်အဖွဲ့အစည်း (၅၇ဝ)နှစ်ပတ်လည်တွေ့ဆုံ ပွဲကို ဟင်္သာနေခြည်ဘက်စုံဖွံ့ဖြိုးရေး စင်တာတွင် ယခုလ ၂ရက် နံနက် ၁ဝ နာရီက ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များ၊ အနှေးယာဉ်ဆိုက်ကားအဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။

ဟင်္သာတမြို့မိုးကောင်းပရိယတ္တိ စာသင်တိုက်တွင် တည်ထားကိုးကွယ်သည့် ဓာတ်ပေါင်း စုကျောက် စိမ်းစေတီတော် ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကို သြဂုတ် ၃၁ရက် နံနက် ၈နာရီခွဲ က အဆိုပါစာသင်တိုက်၌ကျင်းပ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့်အလှူရှင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။ ရှေးဦးစွာ ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်းနှင့် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ဘုံအဆင့်ဆင့်အား ပင့် ဆောင်ကာ ဆရာတော်များ ဦးဆောင်၍ စေတီတော်အား လက် ယာရစ်သုံးကြိမ် လှည့်လည်ပူဇော် ၍ စေတီတော်အား ဦးဌေးဦးနှင့် ဦးအောင်ကြိုင်တို့က တင်လှူပူဇော် ကြသည်။ ထို့နောက် အလှူရှင် ဗဟို ဦးဆောင်ကော်မတီဝင်ဦးဌေးဦးနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်နာယကဒေါ်နီနီဝင်းကမိုးကောင်း ဆရာတော်ကြီးနှင့် စာချသံဃာ တော်အပါး ၁၇ဝ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထု ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ Union daily

 

ဟင်္သာတမြို့မိုးကောင်းပရိယတ္တိ စာသင်တိုက်တွင် တည်ထားကိုးကွယ်သည့် ဓာတ်ပေါင်း စုကျောက် စိမ်းစေတီတော် ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကို သြဂုတ် ၃၁ရက်     နံနက် ၈နာရီခွဲ က အဆိုပါစာသင်တိုက်၌ကျင်းပ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက  ဒေါ်နီနီဝင်းနှင့်အလှူရှင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအခြေခံအိမ်တွင်းမှု သင်တန်းဆင်းပွဲ တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံအိမ်တွင်းမှုသင်တန်းအမှတ် စဉ်(၃) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့သည်။

ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပ

 

ငပုတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ၃၀.၈.၂၀၁၇ရက်နေ့နံနက် ၁၀း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တက်ရောက်လာကြသော တိုင်း/ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များမှ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကျပြီးနောက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်း  ဖက်မှုများအား ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန့်ကွက်ရှုံ့ချကြောင်းနှင့် အပြစ်မဲ့ကျဆုံးသွားသော ပြည်သူများ၊ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ဂါရ၀ပြုခဲ့ ကြပါသည်။