ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မအူပင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

မအူပင် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု ရွာသစ်စုကျေးရွာရှိ ဦးချစ်တင်၏ တလင်းမြေတွင် ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပသော ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲနှင့်လပတ်အစည်းအဝေးကျင်းပ

 

မအူပင် မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီး မှူးကျင်းပသော ဒုတိယအကြိမ် ရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေး အပ်ပွဲနှင့် လပတ်အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီ၌ မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမျိုး ဆက်အားမာန်ခန်းမတွင် ကျင်းပခဲ့ သည်။

မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ဖျာပုံ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစန်းမောင်၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးစောအောင်ချစ်ဆွေ၊ ခရိုင်ပါတီကော်မတီဝင် ဦးလှမိုး၊ ဖျာပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမိုးအောင်၊ မြို့နယ်အတွင်း ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ကော်မတီဝင် ဦးပေါ်လွင်တို့ သည် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု ရွှေထီးကျေးရွာတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲကမီးဘေးသင့်အိမ်ထောင်စု ၃၆ စု အား တစ်အိမ်ထောင်စုလျှင် ခေါက်ဆွဲခြောက် တစ်ဖာ၊ရေသန့်တစ်ကတ်၊ ဆန်နှစ်ပြည်၊ ဆီ ၂၅ကျပ်သား တစ်ဘူးစီအား ကျေးရွာပြည်ခိုင်ဖြိုး ပါတီအဖွဲ့နှင့် ပူးပေါင်းပေးအပ်လှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့သည်။

ဖျာပုံခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ( ၇၃ ) နှစ်​​မြောက်​တပ်​မ​တော်​​နေ့အထိမ်းအမှတ်​ ( ၄ ) မြို့နယ်​ ဖိတ်​​ခေါ်ကျပန်းစကား​ပြောပြိုင်​ပွဲအခမ်းအနား ကျင်းပ

 

၂၇.၃.၂၀၁၈ ရက်နေ့ ဖျာပုံခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ( ၇၃ ) နှစ်​​မြောက်​တပ်​မ​တော်​​နေ့အထိမ်းအမှတ်​ ( ၄ ) မြို့နယ်​ ဖိတ်​​ခေါ်ကျပန်းစကား​ပြောပြိုင်​ပွဲအခမ်းအနားအား ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ၁၂ ရပ်ကွက်မှ သားငယ် သမီးငယ်များက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းဖြင့် ဖွင့်လှစ်ကာ တိုင်းပါတီကော်မတီဝင် ဖျာပုံခရိုင်တာဝန်ခံ ဒေါ်စိုးစိုးရီမှ အဖွင့်အမှာစကားပြောကြာပြီး ခရိုင်ပါတီဥက္ကဌ ဦးစန်းမောင်မှ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းကာ ဒိုင်ချုပ်ပညာရေးအငြိမ်းစားဆရာကြီး ဦးအောင်မြင့်က ဒိုင်စည်းမျဉ်းများ ရှင်းလင်းပေးခဲ့ပါသည်။တစ်မြို့နယ်လျှင် ပြိုင်ပွဲဝင်စုစုပေါင်း ၃ ဦးဖြင့် စုစုပေါင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲမစတင်မှီ ဖျာပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း လက်ကမ်းစာဆောင်များ ဝေဌခဲ့ပါသည်။

ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

ဟင်္သာတ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျုံပျော်မြို့နယ်ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

ကျုံပျော် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို တိုက်နယ်အလိုက် ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီတွင် အထောင်တိုက်နယ် ကြက်တညင်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အဆိုပြုလွှာ စုပေါင်းပေးအပ်မည့်ပါတီဝင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌ အတွင်းရေးမှူး ကော်မတီဝင်များနှင့်တွေ့ဆုံ

ပုသိမ် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များသည် ပုသိမ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်များမှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

စည်းလုံးညီညွတ်စွာ ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေး ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ခရိုင်များအတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံ

ပုသိမ် မတ် ၁၁

တိုင်းဧရာတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ခရိုင် မြို့နယ်များမှ ဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်တွေ့ဆုံ

 

မအူပင် မတ် ၁ဝ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းထွန်းတို့သည် မအူပင်ခရိုင် မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် များမှခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။