ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့အစဲကလေးကျေးရွာ ပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံ

 

၅.၇.၂၀၁၈ရက်နေ့ ဒေးဒရဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး ၊ နယ်မြေတာဝန်ခံနှင့်ကော်မတီဝင်များသည် ကျောက်စရစ်ကျေးရွာအုပ်စုနှင့် အစဲကလေးကျေးရွာအုပ်စုရှိ ရပ်မိ/ရပ်ဖများ ပါတီဥက္ကဋ္ဌ၊ လူငယ်အမျိုးသမီး၊ အမာခံပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံပြီးစာသင်ကျောင်းများသို့ ဗလာစာအုပ်နှင့်စာရေးကရိယာများ လှူ ဒါန်းပေး ပြီး သက်ကြီးအဘိုးတစ်ဦးအား အလှူ ငွေလှူ ဒါန်းကုသိုလ်ပြုခဲ့ကြပါသည်။


ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ချောင်းဝကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

4.7.2018 ကန်ကြီး​ထာင့်မြို့နယ် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌနှင့် အရန်ကော်မတီဝင် ဦးမော်စီအေးတို့သည် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀း၃၀ အချိန်ထိ ပေါက်ကျွန်းတိုက်နယ် ချောင်းဝရွာတွင် ပါတီဝင် ၅၆ ဦးနှင့် တွေဆုံကာ နိုင်ငံတော်လုံခြုံရေးအခြေအနေကို ရှင်းပြပြီး ပါတီသတင်း၊ ပါတီစာဂျာနယ် လစဉ်ဝယ်ဖတ်သူနှစ်ဦးကို ကျေးဇူးတင်ကြောင်းပြောပြီး အမှတ်​တရ ရင်​ထိုးတံဆိပ်​များနှင့်အင်္ကျီများ လက်​​ဆောင်​​ပေး​ဝေခဲ့ပါသည်​။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ တွေ့ဆုံ

 

အရှိုချင်းစာပေပြဋ္ဌာန်းစာအုပ်နှင့် စာရေးကိရိယာများပြည်ခိုင်ဖြိုးပါတီပေးအပ်လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အရှိုချင်းစာ ပေသင်ကြားနေသော အခြေခံ ပညာကျောင်းများအား အရှိုချင်း စာပေပြဋ္ဌာန်းစာအုပ်နှင့် စာရေး ကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြန်အောင်မြို့နယ် မြင် ဝါးတောင်ကျေးရွာအုပ်စုညောင်ခုံ ကျေးရွာညောင်ခုံမူလတန်းကျောင်း ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စုပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သင်တန်းအတွေ့အကြုံ ရှင်းလင်းပွဲ

 

ကျုံ​ပျော်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ မြို့နယ်​နှင့် ရပ်​ကွက်​/​ကျေးရွာ အုပ်​စုပါတီများပုံမှန်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးနှင့် သင်​တန်းအ​တွေ့အကြုံရှင်းလင်းပွဲအခမ်းအနားတွင်​ တိုက်​နယ်​အလိုက်​ ​ကျေးရွာအုပ်​စုအလိုက်​ စည်း​ရုံး​ရေးအား​ကောင်း​သော စည်းရုံး​ရေးစွမ်း​ဆောင်​ရည်​ဆုများ ချီးမြှင့်​​ပေးအပ်​ခဲ့ပါသည်​။
အခမ်းအနားတွင်​ တက်​​ရောက်​လာသည့် ရပ်​/​ကျေး​ကော်​မတီများကိုယ်​စား ဥက္ကဌတစ်​ဦးနှင့် လူငယ်​များကိုယ်​စား လူငယ်​ကျားတစ်​ဦး၊ မတစ်​ဦးတို့မှ ​ကျေးဇူးတင်​စကား​ပြောကြားပြီး မြို့နယ်​ပါတီဥက္ကဌမှ နိဂုံးချုပ်​​ပြောကြားပြီး အခမ်းအနားကို ​အောင်​မြင်​စွာပြီးဆုံးခဲ့ပါသည်​။

USDP KPW NEWS .

မအူပင်မြို့ အထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲသို့ တိုင်းပြည်ခိုင်ဖြိုးပါတီတက်ရောက်

 

 

မအူပင် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် အဂါး ကျေးရွာအုပ်စု စကားလွန်းကျေး ရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဆင့်တိုးမြှင့်ဖွင့်လှစ် ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ရာ တိုင်းပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီသင်တန်းဆင်းပွဲ လပတ်စည်းဝေးပွဲနှင့် လူငယ်အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

မအူပင် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ လပတ်ပုံမှန်အစည်း အဝေးနှင့် လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် မအူပင်ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာ (၂၀၁၄ – ၂၀၁၈) လေ့လာဆန်းစစ်သုံးသပ်ဆွေးနွေးခြင်း ဆွေးနွေးပွဲပြုလုပ်

 

မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ ဆိုင်ရာ မဟာဗျူ ဟာ (2014 – 2018) လေ့လာဆန်းစစ်သုံးသပ်ဆွေးနွေးခြင်း ဆွေးနွေးပွဲကို ၂၈.၆.၂၀၁၈ ရက်နေ့ ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းပါတီကော်မတီဝင် ဦးအောင်ဝင်းဆွေနှင့် မြန်အောင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဏာရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီများ တက်ရောက်ဆွေးနွေခဲ့ပါသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန်အစည်း အဝေးကို ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီခွဲအထိ ပန်းတနော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။