နယ်လှည့်ဆေးကုသရေးအဖွဲ့ အခမဲ့ကွင်းဆင်းဆေးကု

ရန်ကုန်၊ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ (အခမဲ့) နယ်လှည့်အထွေထွေ ရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပါတီဘဏ္ဍာရေးမှူး ဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့သည် မှော်ဘီမြို့နယ် ဝါးပတောကျေးရွာတွင် ကျေးရွာနေမိဘပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ရန်ကုန်၊ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါနက်ချောင်းစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုး ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ခရိုင်ပါတီကော်မတီဝင်များနှင့် ပါတီဝင်အင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဗုဒ္ဓဓမ္မပရဟိတဖေါင်ဒေးရှင်း (ဗဟို) သြဝါဒခံယူပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှုပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသန်းဌေး တက်ရောက်လောင်းလှူ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားအနီးရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမ္ပာန် တော်ကြီးတွင် မေလ (၂၇) ရက်နေ့လည် (၂) နာရီက အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖေါင်ဒေးရှင်း (ဗဟို) က ကျင်းပသည့် နှစ်ပါတ်လည်စုံညီသြဝါဒခံယူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား သို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့်ဇနီး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဗဟို အလုပ်အမှုဆောင် ဦးခင်ရီ၊ တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ ဦးမြင့်စိုးနှင့် ဗဟိုပါတီ ကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး လူငယ်ညီလာခံကိုယ်စား လှယ်များနှင့် တွေ့ဆုံ

ရန်ကုန်၊ မေ ၂၄

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြည်ခိုင်ဖြိုးပါတီလူငယ် ညီလာခံသို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ညီလာခံကိုယ်စားလှယ်များကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီရုံးတွင် တွေ့ဆုံ၍ သြဝါဒစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူးဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ လူငယ်ညီလာခံသို့ တက်ရောက်ကြမည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။

” အမျိုးကို ဖျက်မည့်ပါတီ တိုင်းပြည်ကို တိုင်းတစ်ပါးလက်ထဲ ဝကွက်အပ်မည့်ပါတီသည် ပြည်ခိုင်ဖြိုးပါတီမဟုတ်” ဟု ပါတီဥက္ကဋ္ဌမှ ပြောကြား

* ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်၍ ကံကို ယုံကြည်ကြောင်း၊ ကံဆိုသည်မှာ အလုပ်ဖြစ်၍ မိမိတို့ ပြည်ခိုင်ဖြိုးပါတီ သည် အစိုးရလက်ထက် ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သည်များကို အနှစ်ချုပ်ပါက နိုင်ငံတော်နှင့် နိုင်ငံအကျိုး ဆောင်ရွက်ခဲ့။
* ဒီပါတီဟာ အမျိုးကိုဖျက်မယ့် ပါတီမဟုတ်ဘူး။ တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲ ၀ကွက်အပ်မယ့် ပါတီ မဟုတ်ဘူး။ ဘယ်နိုင်ငံခြားသားကိုမှ ဆရာတင်မယ့် ပါတီ မဟုတ်ဘူး။ ကျွန်တော်တို့ ပါတီ အတိတ်သမိုင်းကြောင်း ကို သံသယမရှိတဲ့ လူများ ယနေ့ ကျွန်တော်တို့ပါတီကို ၀င်ရောက်လာတယ်လို့ ဒီလိုပဲယုံကြည်ပါတယ်”

ကျောက်တန်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ထပ်မံဖွင့်လှစ်

 

ရန်ကုန်၊ မေ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ကွမ်းခြံကုန်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

ကွမ်းခြံကုန်း၊ မေ ၂၁

ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးတွင် ယမန်နေ့နံနက် ၈ နာရီက ယခုနှစ် ရန်ကုန်တောင်ပိုင်း ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုနှင့် ပထမဆုဖလားများ ရယူပေးခဲ့သော မြို့နယ်ဂုဏ်ဆောင်ပိုက်ကျော်ခြင်း (အမျိုးသား / အမျိုးသမီး) အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ အရည်အချင်းမရှိဘူးလို့ ရေးသားပြောကြားမှုများကို လုံးဝငြင်းပယ်ကြောင်းနှင့် လူထုအား လမ်းပေါ်စွဲတင်တဲ့ အလုပ်မျိုး မလုပ်ကြောင်းကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးက တုန့်ပြန်ပြောကြား လိုက်ပါတယ်…

(၂၁.၅.၂၀၁၈) ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ (ရန်ကုန်တောင်ပိုင်းခရိုင်) ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲမှာ ပါတီဥက္ကဋ္ဌကြီးက ယခုလို တုန့်ပြန်ပြောကြားလိုက်တာပါ..။ နိုင်ငံတော်မှာ အင်အားကြီးပါတီကြီး နှစ်ခု ရှိကြောင်း မှတ်ပုံတင်ထားတဲ့ပါတီပေါင်းက ၉၀ ကျော်ရှိကြောင်း ထိုအထဲမှာ မိမိတို့ပါတီ(ပြည်ခိုင်ဖြိုး) က အင်အားအများဆုံးလို့ ပြောလို့ရပါကြောင်း။ လွန်ခဲ့တဲ့ ၅ နှစ်ကလည်း နိုင်ငံတော်ကို အစိုးရအနေဖြင့် တာဝန်ယူခဲ့ တာ အားလုံးအသိဖြစ်ပါကြောင်း။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး ကွမ်းခြံကုန်းမြို့ နယ် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ကွမ်းခြံကုန်း၊ မေ ၂၁

မင်္ဂလာတောင်ညွန့်တွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနား

ရန်ကုန်၊ မေ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စက်ဆန်းရပ်ကွက် သိဒ္ဓိအောင်ဓမ္မာရုံ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။