အောက်တိုဘာ ၂၀၂၀ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုအဖြစ် ရပ်ကွက်အသီးသီးသို့ နေ့စဉ်ပိုးသတ်ဆေးများ ပက်ဖြန်း ပေးလျှက်ရှိရာ ယမန်နေ့တွင် အမှတ် (၂၂) ရပ်ကွက်မှ ရပ်ကွက်အပိုင်ရာအိမ်မှုးများ မိဘပြည်သူများ၏ တောင်းဆိုမှုအရ ကိုရိုနာဗိုင်းရပ် ကူးစက်လူနာများ နေထိုင်ခဲ့ရာလမ်းနှင့် အနီးပတ်ဝန်းကျင် လမ်းများဖြစ်သော မြတ်လေးလမ်းမ၊ မြတ်လေး(၃) (၄) (၅) (၆) (၇) (၈) လမ်းများ ၊ နွယ်နီပတ်လမ်း ၊ ရတနာပုံလမ်းမ တို့ကို ပိုးသတ်ဆေးများပက်ဖြန်းပေးခဲ့ရာ ပါတီဝင်များ အမောပန်းပြေစေရေး သောက်သုံးနိုင်ရန်အတွက် ရပ်ကွက်နေ ပြည်သူများမှ အချိုရည်ဗူးများ နှင့် ရေသန့်ဘူးများပြန်လည်လှုဒါန်းပေးခဲ့ပါသည်။