ပျော်ဘွယ်မြို့နယ်က ကျေးရွာနှစ်ဆယ်ဝန်းကျင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်သွားမယ်

 

ပျော်ဘွယ်၊ ဖေဖော်ဝါရီ ၂၃

ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ကျေးရွာနှစ်ဆယ်ဝန်းကျင်းကို လျှပ်စစ်မီးရရှိရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးတို့က လျှပ်စစ်မီးရရှိရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

ဖေ​ဖော်​ဝါရီ(၁၃)၊
မန္တ​လေးတို​င်း​ဒေသကြီး၊ မန္တ​လေးခရိုင်​၊ ပုသိမ်​ကြီးမြို့နယ်​နှင့်​​ အောင်​​မြေသာစံမြို့နယ်​တို့မှ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသို့ ဝင်​​ရောက်​လာ​သော ပါတီဝင်​အသစ်​များ၏ ပါတီဝင်​အဆိုပြုလွှာ​ ပေးအပ်​ပွဲ အခမ်းအနား ကို ယ​မန်နေ့ နံနက် ​၉ နာရီ ၃၀ မိနစ်​မှ ၁၁ နာရီ ၃၀ မိနစ်​အထိ ပုသိမ်​ကြီးမြို့နယ်​ ပါတီရုံးတွင်​ ကျင်းပခဲ့သည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ

 

မန္တလေး ဖေဖော်ဝါရီ ၁၃

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာပါတီတို့မှ ပါတီ တာဝန်ရှိသူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့် ပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့က နှုတ်ခွန်းဆက်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းဇော်မင်းက ဒေသဆိုင်ရာ အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာငြိမ်းချမ်းမူ့ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲတွင် ပျော်ဘွယ်နှင့် နေပြည်တော်တိုမှ ဆုရကျောင်းသားကျောင်းသူများ

 

ဖေဖော်ဝါရီ ၈၊ဘန်ကောက်

ကမ္ဘာငြိမ်းချမ်းမူ့ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် ပျော်ဘွယ်နှင့် နေပြည်တော်တို့မှ ဆုရ ကျောင်းသားကျောင်းသူများသည် ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုင်းနိုင်ငံတွင် ဆုတက်ရောက်ယူခဲ့ကြသည်။

ကမ္ဘာငြိမ်းချမ်းမူ့ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်း​၏ ဦးဆောင်မူဖြင့် ပျော်ဘွယ်နှင့် နေပြည်တော်တို့ တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုချီးမြင့်ပွဲအခမ်းအနားသို့  ပျော်ဘွယ်နှင့်နေပြည်တော်ရှိ ဆရာတော်ကြီးများ၊ ပြည့်သူ လွှတ်တော်ကိုယ်စားလှယ်များ ဦးသောင်းအေးနှင့်ဇနီး၊ ပျော်ဘွယ်နှင့်နေပြည်တော်တို့မှ ဆရာမများနှင့် ဆုရ ကျောင်းသားကျောင်းသူများ ပါဝင်တက်ရောက်ခဲ့သည်။

အမျိုးသမီးရေးရာ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး တက်ရောက်

 

စက်တင်ဘာ ၃၀၊ ပြင်ဦးလွင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်သော အဖွဲ့ သည် ၃၀-၉-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပါတီဝင် အမျိုးသမီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။အဆိုပါပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင် သော အဖွဲ့နှင့်အတူ အမျိုးသမီးပါတီဝင်အင်အား ၁၃၀ ခန့် တက်ရောက် ခဲ့ကြပါသည်။

ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဦးဆောင်ပြီး ဝတ်ရွတ်ပြိုင်ပွဲ ကျင်းပ

 

ပျော်ဘွယ်၊ စက်တင်ဘာ ၂၀

ပျော်ဘွယ်မြို့နယ်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဝတ်ရွတ်ပြိုင်ပွဲကို ၂၀-၉-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသမားပီသစွာ လုပ်ဆောင်ရန်လိုအပ်ဟု လူငယ်များကို တိုက်တွန်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၁၇

လူငယ်များ အနေဖြင့် ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးနှင့် ကိုယ့်အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသများ ပီသစွာ လုပ်ဆောင်ရန်လိုအပ်ပြီး အခွင့်ရေးကို မျှော်ကိုးသည့် အခွင့်ရေးနိုင်ငံရေးသမား မဖြစ်စေရန် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မိတ္ထီလာခရိုင်မှ လူငယ်များအား တိုက်တွန်းပြောဆို ခဲ့ပါသည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး ဟောပြောပွဲကျင်းပ

 

ကျောက်ဆည် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှုးကျင်းပသည့် မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ပျော်ဘွယ်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်မည်

 

ပျော်ဘွယ်၊ သြဂုတ် ၂၇

ပျော်ဘွယ်မြို့နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်း ပူပေါင်းပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ကျေးရွာအုပ်စု ၈၄ စုမှာ ရှိတဲ့ ကျေးရွာတွေ၊ ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုက ဝတ်ရွတ်အသင်းတွေနဲ့ ကျောင်းသူကျောင်းသားတွေက ဝတ်ရွက်ပြိုင်ကြမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားခဲ့ပါသည်။