သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၀/၂၀၂၀)

 
သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “မန္တလေးတိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်

အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေ၀င်ရောက်ခဲ့သော ကျေးရွာများသို့ စားသောက်ကုန်များ ပေးအပ်လှူဒါန်း

အမရပူရ သြဂုတ် ၎
အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေဝင်ရောက်ခဲ့သောကျေးရွာများဖြစ်သည့် ပန်းချီရွာ၊ ကုက္ကိုရွာတို့ရှိ ရေဝင်နေသောအိမ်ထောင်စု(၂၀၀)ခန့်အား တစ်အိမ်ထောင်လျင်ခေါက်ဆွဲထုပ်(၅)ထုပ်စီထောင်ပံ့ကူညီခဲ့ပါသည်။
အဆိုပါထောက်ပံ့ကူညီရာသို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ အမရပူရမြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမာခံအဖွဲ့များမှ ကူညီဆောင်ရွက်ခဲ့ကြပါသည်။
Zaw Aung Htet

တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မုခ်ဦးဆိုင်းဘုတ်တင်

 

တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မုခ်ဦးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ တက်ရောက်ခဲ့သည်။ ထိုဖွင့်ပွဲ အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အောင်ရမည်ဟု ကြွေးကြာ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ကျော်ကိုကိုလင်း(တောင်သာ)

မြင်းခြံ ဇူလိုင် ၂၉ ယမန်နေု့မင်းခြံပြည်ခိုင်ဖြိုးပါတီမှ မြို့ နယ်ပါတီဥက္ကဌ ဦးဝေမျိုးဟန်၏ စီစဉ်မှုဖြင့် အတွင်းရေးမှူး ဦးမန်းမြင့် ကော်မတီဝင် ဦးမင်းကိုကို တို့သည် COVID-19 ကာလ ကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေး အထောက် အကူအဖြစ် အနိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သို့ Mask (၂၀၀) ခု ဆပ်ပြာရည် (၃) ဘူးတလုပ်မြို့ ကျေးရွာအထက်တန်းကျောင်းသို့ Mask (၃၀၀) ခု ဆပ်ပြာရည် (၅) ဘူး လှူဒါန်းမှုပြု ပါသည်။

 

မြင်းခြံ ဇူလိုင် ၂၉

ယမန်နေ့ မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ မြို့ နယ်ပါတီဥက္ကဌ ဦးဝေမျိုးဟန်၏ စီစဉ်မှုဖြင့် အတွင်းရေးမှူး ဦးမန်းမြင့် ကော်မတီဝင် ဦးမင်းကိုကို တို့သည် COVID-19 ကာလ ကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေး အထောက် အကူအဖြစ် အနိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သို့ Mask (၂၀၀) ခု ဆပ်ပြာရည် (၃) ဘူးတလုပ်မြို့ ကျေးရွာအထက်တန်းကျောင်းသို့ Mask (၃၀၀) ခု ဆပ်ပြာရည် (၅) ဘူး လှူဒါန်းမှုပြု ပါသည်။

အမရပူရမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီ ပြောရေဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး မိသားစုမှ ညနေစာစတုဒီသာကျွေးမွေးလှူဒါန်း

 

အမရပူရမြို့နယ်​၊​ ရေလဲ​ကျောင်းတိုက်​တွင်​ မြို့နယ်​အတွင်းရှိ ​ရေ​ဘေးသင့်​ပြည်​သူများအား ယ​မန်နေ့မွန်းလွဲ (၂) နာရီမှ (၄) နာရီအထိ ပြည်​ခိုင်​ဖြိုးပါတီ​ ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦး၏ ညီမ ​ဒေါ်​ကျော်​​ကျော်​ဟိန်းမိသားစုမှ ​ရေ​ဘေးသင့်​ပြည်​သူ (၁၀၀၀) ဦးစာအတွက်​ ည​နေစာ စတုဒီသာ​ ကျွေး​မွေးလှူဒါန်း ခဲ့သည်​။

ရေဘေးသင့်ပြည်သူများအား အမရပူရပြည်ခိုင်ဖြိုးမှ ထောက်ပံ့ကူညီ

 

ဇူလိုင် (၂၂) ရက်

ယနေနံနက်ပိုင်းတွင် ရှင်ပင်ဆပ်သွားဘုရား၊ မိုးကောင်းဓမ္မာရုံ၊ ရန်အောင်မြင်ဘုရား၊ သက်တော်ရသက်တော်ရှည် ဘုရား၊ ဘုရားသုံးဆူ၊ ဦးလင်းဘုရားတို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင် လျက်ရှိကြသော ပြည်သူ(၂၀၀၀)ကျော်အား အသင့်စားခေါက်ဆွဲထုပ်များပေးအပ်လှူဒါန်းခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ပွဲတော်ရပ်၊ ကျန်တန်းရပ်၊ ဆားချက်ရပ်၊ ပေါက်ပါက်တန်းရပ်၊ ကျန်တန်းတိုးချဲ့ရပ်များရှိ ပြည်သူများအားဆက်လက်သွားရောက်ပေးအပ်လှူဒါန်းမည်ဖြစ်ပါသည်။ #ZawAungHtet

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ပဖွံ့ဖြိုးရေးပါတီမှ မြတ်စိတ်ထားတက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းကျောင်းသို့ စာသင်ခုံများလှူဒါန်း

 

မန္တလေး ဇွန် ၂၃

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ဣစ္ဆာသယ ရွှေမန်း ဆရာတော်ဘဒ္ဒန္တက ဝိဓဇဦးစီး တည်ထောင်ထားသော ‘မြတ်စိတ်ထား’တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်း ကျောင်းသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက စာသင်ခုံ ၂၅ ခုံအား သွားရောက်လှူဒါန်းခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် မယ်ဇလီအိုင်၊ ကျောက်ဆည်၊ ကုက္ကိုတန်းကျေးရွာများရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပျော်ဘွယ်မြို့နယ် မယ်ဇလီအိုင်၊ ကျောက်ဆည်၊ ကုက္ကိုတန်းကျေးရွာများရှိ ဒေသခံတောင်သူများအား ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်။

ဒေသခံကျေးရွာများမှ တောင်သူများက ကျေးရွာမီးလင်းရေး၊ ကျေးရွာစာသင်ကျောင်းများ အဆင့်မြှင့်တင်နိုင်ရန်၊ ဒေသစိုက်ပျိုးသီးနှံများ အခက်အခဲနှင့် ဆည်မြောင်းများ ပြန်လည်ပြုပြင်မွမ်းမံခြင်း ကိစ္စများအပါအဝင် ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယင်းကိစ္စများနှင့် ပက်သက်၍ စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်ထုံးရွာဦးကျောင်းဆရာတော်အား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်

 

မြစ်သား ဇွန် ၁၇