အုတ်တံတိုင်းကာရန်အတွက် နှစ်သိန်းလေးသောင်းကျပ် ပြည်ခိုင်ဖြိုး မိသားစု စုပေါင်းလှူဒါန်းကုသိုလ်ယူ

 

(၂၈.၃.၂၀၁၈) ရက်နေ့တွင်​ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုန်းတုန်ရွာ အောင်ဓမ္မသစ္စာကျောင်းသို့  အုတ်တံတိုင်းကာရန်အတွက် ပြည်ခိုင်ဖြိုးမိသားစုနှင့် အတွင်းရေးမှူး ဦးထွန်းနိုင် မိသားစုတို့ မှစုပေါင်း၍ ငွေကျပ် (၂၄၀၀၀၀ိ/)၊ အချိုရည်များလှူဒါန်းခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီကော်မတီဝင် ဒေါ်သီင်္ဂီအောင်၊ ​ကျောက်​ဆည်​ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ စဉ့်​ကိုင်​မြို့နယ်အတွင်းရေးမှူး ဦးထွန်းနိုင်မိသားစုနှင့်မြို့နယ်ကော်မတီဝင်များ ရပ်ကျေးအဖွဲ့ များတက်ရောက်၍ စုပေါင်းလှူဒါန်းခဲ့ပါသည်။


တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာမှ မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီး ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီများစုပေါင်း၍ ဆန်ဆီနှင့်အလှူငွေများ ထပ်မံထောက်ပံ့ကူညီအားပေး

 

တံတားဦး မတ် ၂၈

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့ နယ် ခေါင်းကွဲရွာရှိ မီးဘေးသင့် ပြည်သူများအား မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများမှ စုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရွာသို့ သွားရောက် ကာ ဆန်ဆီနှင့်အလှူငွေများ ထပ်မံ ထောက်ပံ့ကူညီအားပေးခဲ့သည်။

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စာဖြေသံဃာတော်များအား ဖျော်ရည်များဆက်ကပ်လှူဒါန်း

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် အမှတ်(၂)ရပ်ကွက် ရွှေပြည်စိုးသာသနာ့ဗိမာန်တော်တွင် မြတ်ဗုဒ္ဓ၏တရားတော်များဖြေဆိုလျက်ရှိသော ပါဠိပထမပြန် စာမေးပွဲ(ကြီး၊ ငယ်၊ လတ်၊ မူ)စာဖြေသံဃာတော် ၂၆၈ ပါးတို့အား မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် စတော်ဘယ်ရီဖျော်ရည်များဆက်ကပ်လှူဒါန်းခဲ့ကြရာ ယင်းလှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ပါတီဝင်လူငယ်အမျိုးသမီးများတက်ကြွစွာ ပါဝင်ကူညီလှူဒါန်းကြကြောင်းသိရသည်။

မဟာအောင်မြေပြည်ခိုင်ဖြိုးပါတီမှ အာဟာရဒါနတိုက်ကျွေး

 

မန္တလေး မတ် ၂၇

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် စိန်ပန်းရပ်ကွက်ရှိ ဝါဆို ကျောင်းတိုက်တွင် ဖွင့်လှစ်ထား သော ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မဟာအောင်မြေမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ အာဟာရ ဒါန တိုက်ကျွေးမှုအဖြစ် ရေခဲမုန့် နှင့် ကိတ်မုန့်များ ကျွေးမွေးလှူ ဒါန်းခဲ့သည်။

တံတားဦးမြို့နယ်မီးဘေးသင့်ပြည်သူများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့်စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့အားပေး

 

တံတားဦး မတ် ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ခေါင်းကွဲရွာရှိ မီးဘေးသင့်ပြည်သူ များအား တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယခုလ ၂၅ ရက် နံနက် ၁၁ နာရီ တွင် သွားရောက်၍ အလှူငွေနှင့်စားသောက်ဖွယ်ရာ များကို ကူညီထောက်ပံ့ကာ အားပေးနှစ်သိမ့်ခဲ့ကြ သည်။

ယဉ်ကျေးလိမ္မာသင်တန်းတက် ကလေးငယ်များအားနေ့လယ်စာလှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်- ဇနီးဒေါ်ရီနွဲ့မိသားစုသည် တောင်သာမြို့နယ် ဝဲလောင်ရွာရွှေဥမင်ကျောင်းတိုက်၌ ဖွင့်လှစ် ထားသော (စတုတ္ထ)အကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းသို့သွားရောက်၍ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသောကလေးငယ်များ နေ့လယ်တစ်နပ်စာအတွက် အလှူငွေကျပ်၇ဝဝဝဝအား မတ် ၂၇ ရက် နံနက် ၁၁နာရီခွဲက ဆရာတော်ထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သုတ


အသက် ​(၇၈) နှစ်​အရွယ်​ရှိ အဘိုးဦးရဲမြင့်​​ဆွေအား မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး ​ရေးပါတီမှ ဂုဏ်​ပြုချီးမြှင့်

တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ဖွင့်လှစ်

 

တံတားဦး မတ် ၂၂

မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက မြို့နယ်ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်

 

မန္တလေး မတ် ၂၂

မန္တလေးတိုင်းဒေသကြီးမန္တလေး ခရိုင် ချမ်းအေးသာစံမြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ တွင် ယနေ့နံနက် ၉နာရီကချမ်းအေး သာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံ ခန့်ခွဲမှု (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။