တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရဘဲကျေးရွာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော အိမ်ထောင်းစု (၇) စုတို့အား ထောက်ပံငွေများ ပေးအပ်လှူဒါန်း

 

တောင်သာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီသည် တောင်သာမြို့နယ်၊ ရဘဲကျေးရွာ ဧပြီလ(၁၉) ရက်နေ့ ည (၁၁) နာရီချိန်တွင် မီးလောင်မှုကြောင့် လူနေအိမ် (၇) လုံး မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ပါသည်။ ထိုမီးလောင်မှုတွင် ပျက်ဆီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၇) စုတို့အား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထိုအိမ်ထောင်စု (၇) စုကို တစ်အိမ်ထောင်လျှင် ငွေ (၃၀၀၀၀ိ-) ကျပ် တောင်သာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇော်ဦး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါ ဥက္ကဌများမှပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။
တဆက်ထဲ မြင်းခြံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ မှ တစ်အိမ်ထောင်လျှင် (၁၀၀၀၀ိ-)ကျပ် ကို မြင်းခြံမြို့နယ်ပါတီ ဘဏ္ဍရေးမှူး ဦးကျော်ကျော်ဦးမှ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှလက်ခံ ရယူခဲ့ပါသည်။

ပြည်​ခိုင်​ဖြိုးပါတီဝင်​များမှ နှစ်​သစ်​အကြိုအထိမ်းအမှတ်​အဖြစ်​ ပြင်​ဦးလွင်​ပရဟိတမျက်​မမြင်​​ဘက်​စုံပညာသင်​ကျောင်းသို့အလှူ​ငွေ(၁၀)သိန်းလှူဒါန်း

 

မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်​​မောင်​၊ တိုင်း​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမြတ်​သူ၊ ဦး​​​ကျော်​စန်း၊ ပြင်​ဦးလွင်​ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်စံပယ်​ဝင်းနှင့်​​ခရိုင်​​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦးညွန့်​​သောင်​နှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီအဖွဲ့များသည်​ (၁၀.၄.၂၀၁၈)ရက်​​နေ့ (၁၃း၀၀)အချိန်​တွင်​ ပြင်​ဦးလွင်​မြို့နယ်​၊ ​ရေငယ်​ရွာရှိ ပရဟိတမျက်​မမြင်​ဘက်​စုံပညာသင်​​ကျောင်းသို့သွား​ရောက်​ပြီး နှစ်​သစ်​အကြိုအထိမ်းအမှတ်​အဖြစ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များမှ စု​ပေါင်းလှူဒါန်း​သော အလှူ​ငွေ(၁၀)သိန်းကျပ်​နှင့်​သင်္ကန်းခြင်းအား ဆရာ​တော်​ဦးမင်္ဂလထံဆက်​ကပ်​လှူဒါန်းခဲ့ပြီး ဆရာ​တော်​မှဂုဏ်​ပြုမှတ်​တမ်းလွှာပြန်​လည်​​ပေးအပ်​ခဲ့ပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး


စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲနှင့် ဆိုင်းဘုတ်တင်မင်္ဂလာပွဲ ကျင်းပပြုလုပ်

 

(၈.၄.၂၀၁၈) ရက်နေ့တွင်​ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကံဆွယ်အုပ်စု သက်ကြီးပူဇော်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားအား နံနက် (၀၉း၀၀) နာရီအချိန် စတင်ကျင်းပခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ် အတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များ တက်ရောက်ကာ သက်ကြီးအဖိုးအဖွား (၁၃) ဦးအား ဆန်၊ ဆီ၊ ငွေနှင့် ပုဆိုးလုံချည်များဖြင့် ကန်တော့ခဲ့ကြပါသည်။
ဆက်လက်ပြီး ၉း၃၀ အချိန်တွင် အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ရပ်ကျေးအဖွဲ့ များနှင့် စုပေါင်းမှတ်တမ်းတင်ကာ ရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ပါသည်။

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနှင့် ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်များတွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ တွင် လေ့လာရေးခရီးအဖြစ် လာ ရောက်ခဲ့သော ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များသည် ယနေ့ နံနက် ၉ နာရီမှ ၁ဝ နာရီ အထိ မန္တလေးခရိုင်လူငယ်များနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ကိုဆွေးနွေးခဲ့ကြသည်။

မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

မန္တလေး ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန်စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ အား ဝတ္ထုငွေများဆက်ကပ်လှူဒါန်း

ငါန်းဇွန် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၈ နာရီခွဲက ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန် စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ မြို့တွင်းသို့ အပူဇော်ခံလှည့်လည်ကြွေရာက်တော်မူရာ ငါန်းဇွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့၌ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များက အလှူဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စာဖြေသံဃာတော်များအား အချိုရည်ဘူးများ ဆက်ကပ်လှူဒါန်း


မိတ္ထီလာ ဧပြီ ၂

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

မန္တလေး ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​လှစ်

 

(၃၀.၃.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၉း၀၀) အချိန်​တွင်​ ​အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​​ကော်​မတီဝင် ​(မန္တ​လေးခရိုင်​နယ်​​မြေတာဝန်​ခံ) ဦးမျိုးမြင့်​၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ ​အမရပူရမြို့နယ်​ပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​ ​ကော်​မတီဝင်​များ၊ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပြီး အခမ်းအနားအား နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​မှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားကာ မြို့နယ်​​ကော်​မတီဝင် ဦးသက်​နိုင်​ဝင်းမှ သင်​တန်းစည်းကမ်းများ ဖတ်​ကြားရှင်းလင်းခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း (၂၈.၃.၂၀၁၈ မှ၂၉.၃.၂၀၁၈ထိ) ဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင် တိုင်းပါတီကော်မတီဝင်များ ပြင်ဦးလွင် ခရိုင်ဥက္ကဌနှင့် ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ပါကြပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းစည်းကမ်းများကို ဖတ်ကြားပြောကြာပြီးနောက် သင်တန်းဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။