မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ ပါတီဆိုင်းဘုတ်စိုက်ထူ

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၈.၈.၂၀၁၈ ရက်နေ့ နံနက်တွင် မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ ပါတီဥက္ကဌ ဦးမြဝင်း ၏နေအိမ်တွင် ပါတီဆိုင်းဘုတ်စိုက်ထူခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူနှင့် ခရိုင်ပါတီဥက္ကဌ၊ မြို့နယ်ပါတီဥက္ကဌတို့မှ ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပတ်ဖြန်း၍ စိုက်ထူခဲ့ပြီး ၄င်းနောက်ဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်အားပေးကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြေားကြားပြီး ခရိုင်နယ်မြေတာဝန်ခံမှ ပါတီ၏ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြေားကြားခဲ့ပါသည်​။

မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲများကျင်းပ

 

မလှိုင် သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် သစ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ် ကံကြီးကျေးရွာ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တင်ပွဲအခမ်း အနားသို့ မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစိုးသိန်း ဦးဆောင် သော မြို့နယ်ပါတီကော်မတီဝင် များနှင့် ကံကြီးကျေးရွာ ရပ်/ ကျေးပါတီဝင်အင်အား ၅ဝကျော် တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ မင်္ဂလာအချိန်တွင် စိုက်ထူပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး မိုးကုတ်မြို့နယ် ပါတီလုပ်ငန်းအစည်းအဝေး တက်ရောက်ဆွေးနွေး

 

မိုးကုတ်၊ သြဂုတ် ၁၉

ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်အဖွဲ့သည် ယမနနေ့နံနက် ၉ နာရီတွင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မိုးက တိုင်းဒေသကြီးအတွင်း ပါတီ၏ ဆောင်ရွက်ချက်များ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆွေးနွေးခဲ့သည်။ တိုင်းဒေသကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦးနှင့် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်တို့က ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများအား အကျယ်တဝင့် ရှင်းပြခဲ့သည်။
အစည်းအဝေးသို့ စုစုပေါင်း ၅ဝ တက်ရောက်ပြီး တက်ရောက် လာကြသော နာယကများ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီ ဝင်များက ပြန်လည်ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကြောင်းသိရသည်။

ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနား ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်အားပေး

 

မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ် ခြေ ဆေးကျေးရွာတွင် ပါတီဆိုင်းဘုတ် စိုက်ထူပွဲ အခမ်းအနားကို ပြုလုပ် ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခြေ ဆေးကျေးရွာဒေသခံ ၂ဝဝခန့်တက် ရောက်၍ စုပေါင်းစိုက်ထူခဲ့ကြ ပြီး ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ယင်းနောက် တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဦးမြတ်သူ ကပါတီလုပ်ငန်းစဉ်များကို တက် ရောက်လာကြသူများအားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်

ချမ်းမြသာစည်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး

မန္တလေး၊ သြဂုတ်(၁၆)

မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​၊ ကျွန်းလုံးဥ​သျှောင်​ရပ်​ကွက်​ရှိ ဦးပွားဘုရားပုရိဝုဏ်​အတွင်းတွင်​ ချမ်းမြသာစည်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး​သော မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲအား ယ​နေ့ နံနက် ​၈ နာရီက ကျင်းပပြုခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး၍ ကိုယ်​တိုင်​ကိုယ်ကျ သစ်​ပင်​ ပါဝင်​စိုက်​ပျိုး​ပေးခဲ့သည်​။

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကျွဲဇိမ်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ကျေးရွာအုပ်စု၊ ကျွဲဇိမ်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဥက္ကဌ ဦးခင်မောင်သန်းနေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းနားကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်၊ငါန်းဇွန်မြို့နယ် ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျွဲဇိမ်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ဆိုင်းဘုတ်တင်အခမ်းနားကို နေလည် (3:30) နာရီတွင် ကျင်းပပြီး ငါန်းဇွန်မြို့နယ် ပါတီိဥက္ကဌ ဦးကိုကို မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အမှာစကားပြောကြားပြီး အခမ်းနားကို ညနေ (4:45) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

မြင်းခြံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

 

မြင်းခြံ သြဂုတ် ၁၂

မြင်းခြံမြို့နယ် ထနောင်းတိုင်အုပ်စု ထနောင်းတိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ကျင်းပခဲ့သည်။ ထို့နောက် ယင်း ကျေးရွာအုပ်စုရှိ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် ခရိုင် နယ်မြေတာဝန်ခံဦးမြတ်သူနှင့် မြင်းခြံခရိုင်ပါတီ ဥက္ကဋ္ဌဦးကျော်တင်တို့က ပါတီ၏ရှေ့ဆက်လက်လုပ်ဆောင် မည့်လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခဲ့ကြသည်။

ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့်လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေး

 

ညောင်ဦး သြဂုတ် ၉

ညောင်ဦးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက် ၉နာရီက ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင်မန္တလေးတိုင်းဒေသကြီး ကော် မတီဝင် ညောင်ဦးခရိုင်တာဝန်ခံ ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်အတွင်းရေး မှူးဦးအောင်ဆန်းဦး၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးများအားလုံး ၈၃ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မြစ်သား သြဂုတ် ၈

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်ကြည်က ပါတီလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ရန်နှင့် သဘာဝဘေးများကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီပေးရန် ဆွေးနွေးမှာကြားကာ မြို့နယ်ကော်မတီများက မိမိတို့နယ်မြေအလိုက် ဆွေးနွေးကြသည်။ အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ် ကော်မတီများ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့်ကော်မတီများ စုစုပေါင်း အင်အား ၉ဝ တက်ရောက်ကြောင်း သိရသည်။

ညောင်ဦးမြို့တွင် အမှတ် (၅) ရပ်ကွက်မှ ပါတီဝင်အသစ် လျှောက်လွှာပေးအပ်ပွဲပြုလုပ်

ညောင်ဦး၊ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက်တွင် ပါတီဝင်အသစ် ၅ဝ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ရန် ပါတီမိတ်ဆွေ ဒေါ်အုန်းကြည်နေအိမ်တွင် ယမန်နေ့ နံနက် ၁၁နာရီက စုပေါင်းလျှောက်လွှာပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။